သင်္ကြန်တွင်း ဖွင့်တဲ့ မာလာရှမ်းကောဆိုင်လေးများ

သင်္ကြန်တွင်း လေး၊ငါး ရက်ကြီးများတောင် ပိတ်မှာဆိုတော့ မာလာရှမ်းကောကြိုက်တဲ့ ကိုယ်တွေနဲ့တော့ တိုင်ပတ်ပြီ။

တစ်နေကုန် ရေကစား၊ပျော်ပါးပြီး ပြန်လာရင် ၊ ညဘက်ဗိုက်ဆာဆာနဲ့ မာလာရှမ်းကောစားချင်စိတ်လေးများဖြစ်ရင်၊ အိမ်တွင်းပုန်းပြီး ရုပ်ရှင်တွေကြည့်ရင်း မာလာရှမ်းကော စားချင်လာရင် သင်္ကြန်တွင်းလည်း ဖွင့်တဲ့ မာလာရှမ်းကောဆိုင်လေးတွေကို အခရာက ညွှန်ပေးပါရစေ။ ကဲ…ဒီဆိုင်လေးတွေတော့ သင်္ကြန်တွင်း ဖွင့်ပါမယ်တဲ့ဗျို့…

(၁) Shwe Spicy

စမ်းချောင်းထဲက Shwe Spicy Mala Xiang Guo ဆိုင်လေးက မာလာရှမ်းကောတွေ တခြားမာလာနဲ့ပတ်သက်တဲ့အစားအစာတွေအစုံရပါတယ်။ ၁၂ ရက်နေ့ တစ်ရက်ပဲပိတ်ပြီး ကျန်ရက်တွေတော့ စမ်းချောင်းဆိုင်က ဖွင့်ပါတယ်တဲ့။

လိပ်စာ- စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်။

(၂) Mala Kitchen

မာလာရှမ်းကောကို Set နဲ့အရသာရှိရှိစားလို့ရတဲ့ တောင်ဥက္ကလာက ဒီဆိုင်လေးလည်း ဖွင့်မယ်တဲ့နော်။

လိပ်စာကတော့- ဘဝမြင့်မှတ်တိုင်၊ ရတနာလမ်း မလိခအိမ်ရာရှေ့၊ တောင်ဥက္ကလာမှာပါ။

(၃) Mala Spice

မာလာရှမ်းကော၊ Cheesy ပြောင်းဖူးနဲ့ Dynamite ကြက်ကြော်စတာတွေနဲ့ နာမည်ကီးတဲ့ ဒီဆိုင်လေးကလည်း သင်္ကြန်မှာ ပိတ်ရက်မရှိ ဖွင့်ပါဦးမယ်တဲ့။

လိပ်စာ-အမှတ် ၃၉၊ A/B သင်္ကန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမှာပါ။

(၄) Woker Woker

Woker Woker ဆိုင်ကလည်း သင်္ကြန်တွင်းပိတ်ရက်မရှိ မာလာရှမ်းကောရောင်းပေးသွားမှာပါတဲ့။

လိပ်စာကတော့- အမှတ် ၉ D ၊ ဝေဇယန္တာလမ်းမကြီး CB Bank နားမှာပါ။

(၅) Spicy Mala

ဒီဆိုင်လေးက မာလာရှမ်းကောကို သင်္ကြန် အကြိုနေ့ မှ အတက်နေ့ အထိ ညနေ ၄နာရီမှ ည ၉:၃၀ အတွင်း ဆိုင်ဖွင့်ပြီး Parcel နဲ့လည်း Delivery ပို့ပေးမှာပါတဲ့။

လိပ်စာက- အမှတ် ၁၀၀၇၊ မေတ္တာလမ်း၊ ဝေဇယန္တာလမ်းနဲ့ သုမင်္ဂလာလမ်းကြား၊ တောင်ဥက္ကလာပါ။

ဒီလောက်ဆို သင်္ကြန်တွင်းကြီးလည်း စားချင်တာမစားရတဲ့ ဒုက္ခက ကင်းဝေးအောင် မာလာရှမ်းကောသရဲတွေအတွက် သီးသန့် သင်္ကြန်မှာ ဖွင့်တဲ့ မာလာရှမ်းကောဆိုင်လေးတွေကို စာရင်းပြုစုပေးလိုက်ရပါတယ်နော်။

နောက်တစ် Post မှာတော့ သင်္ကြန်မှာ ဖွင့်တဲ့ Hot Pot ဆိုင်လေးတွေကို စာရင်းလေးလုပ်ပေးသွားမှာမို့ Akhayar Food ကို Like and See First လေး လုပ်ပြီး စောင့်ကြည့်ပေးထားဦးနော်။

ချစ်လှစွာသော
FoodieEi (Akhayar)