တချို့တွေကပြောကြပါတယ်  “ဒီကောင်မလေးက အေးတိအေးစက် တုံဏှိဘာဝေ စကားပြောရင် မပွင့်တပွင့်နဲ့ ဘာအလုပ်သွားလုပ်မလဲ” ဆိုတာမျိုးပေါ့။ ဒီခေတ်ကြီးမှာ သွက်လက်သူတွေကသာ နေရာယူနိုင်သလို ခေါင်းဆောင်မှုရှိသလို ထင်နေတတ်ကြပါတယ်။ တကယ်တော့ အေးတိအေးစက်နေတတ်တဲ့ ကောင်မလေးဆီမှာလည်း သူ မတူတဲ့အားသာချက်တွေ အများကြီးရှိနေပါတယ်။

ဒါကြောင့် တည်ငြိမ်သူခေးလေးတွေအပေါ် အများရဲ့အမြင်နဲ့ အမှန်တရားက ဘယ်လိုရှိနေမလဲ ကြည့်ကြမယ်ဆိုရင်…

အများအထင်  –  Idea မထွက်ဘူး

အမှန်က     –   အပြောထက် လက်တွေ့အလုပ်လုပ်တယ်

အေးဆေးတဲ့ကောင်မလေးတွေကိုကြည့်ရင် တစ်ခုခုဆိုသူများလို သွက်သွက်လက်လက် ပြောမထွက်ကြဘူး။ ပြောတော့မလို မပြောတော့မလို ရယ်တော့မလို ပြုံးတော့မလိုနဲ့လေ။ ဒါပေမဲ့ သူတို့ပေးတဲ့ အကြံဥာဏ်တွေက ထူးခြားလေးနက်ပြီးတော့ အလုပ်ဖြစ်တာများပါတယ်။

အများအထင် – လူတောမတိုးဘူး

အမှန်က – စစ်မှန်သောအရာအတွက် အချိန်ပေးတယ်

အေးတဲ့သူတွေမှာ သူငယ်ချင်းများများစားစား ရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမဲ့ သူနဲ့ခင်မင်သွားပြီ ဆိုရင် ထာဝရအတွက်လို့ သတ်မှတ်နိုင်ပါပြီ။ ပေါင်းကြည့်မှ ပေါမှန်းသိ ဆိုတာမျိုးလေးပေါ့။ သူတို့တွေဟာ Social ပိုင်းမှာ ညံ့ဖျင်းတာမျိုး မဟုတ်ဘဲ စစ်မှန်သောအရာအတွက် အချိန်ယူတတ်တဲ့ သဘောသာ ဖြစ်ပါတယ်။

You May Also Like:ဘဏ်ဝန်ထမ်းမလေးနဲ့ လက်ထပ်တော့မယ်ဆိုရင်

Huawei

Huawei

HUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်

အများအထင် – ခေါင်းဆောင်ကောင်းမဖြစ်နိုင်ဘူး

အမှန်က – ဆုံးဖြတ်ချက်မှန်ကန်တယ်

ပြဿနာတစ်ရပ်အပေါ် သွေးပူပူနဲ့တုံ့ပြန်လေ့မရှိတဲ့အတွက် ဆုံးဖြတ်မှုအပိုင်းမှာ အားသာချက်အများကြီး ရှိပါတယ်။ “ ဒီကြက်ဥကွဲတဲ့ကိစ္စအတွက်စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်ဦးမယ်’’ဆိုတာမျိုး 😛  ကိစ္စရပ်တစ်ခုအပေါ် အချိန်တစ်ခုယူ လေ့လာပြီးမှ ဆုံးဖြတ်တတ်တဲ့အတွက် အမှားနည်းတာ တွေ့ရပါတယ်။

အများအထင် – ပေါင်းသင်းရတာပျင်းစရာကြီး

အမှန်က – ရင်ဖွင့်ဖို့ စိတ်ချရတဲ့သူ

အေးတဲ့သူတွေနဲ့ ခင်မင်ရတာ တက်တက်ကြွကြွမရှိ ပျော်စရာမကောင်းဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သူတို့ဆီမှာ ဘယ်သူနဲ့မှမတူတဲ့ စိတ်ကူးဆန်းတွေ ပေးဆပ်အနစ်နာခံမှုတွေရှိကြပါတယ်။ ဘယ်လိုပြဿနာမျိုးပဲရှိပါစေ ယုံယုံကြည်ကြည် ရင်ဖွင့်နိုင်သူတွေဖြစ်ပါတယ်။ စိတ်ထဲက နှစ်နှစ်ကာကာခံစားပြီးမှ အကြံဥာဏ်ကောင်းတွေ ပေးတတ်ကြတာမို့ စိတ်ချရတဲ့ရင်ဖွင့်ဖော်လေးပါပဲနော်။

ကဲ…ချစ်လေးတို့ဆီမှာလည်း ဒီလိုသူငယ်ချင်းမျိုးလေးတွေရှိရင် Mention ခေါ်ပြီး အသိအမှတ်ပြုလိုက်ကြစို့လား။

ဂျူဂျူး (အခရာ)

www.akhayar.com