[Zawgyi]





www.akhayar.com


[Unicode]

ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ဇာတ်ကားကန်တော့ပွဲပေး

ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ရုပ်ရှင်ဇာတ်ကားကန်တော့ပေးပွဲကို ယနေ့နံနက် ၈ နာရီက ကန်တော်ကြီးထဲရှိ ခေမာဒီပါကျွန်း(ပန်းကန်လုံးကျွန်း)မှာရှိတဲ့ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး သီတင်းသုံးတဲ့နေရာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဝါဝါဝင်းရွှေရုပ်ရှင်ထုတ်လုပ်ရေးကစီစဉ်ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်းသံလျင်မင်းကြည်လှိုင်၊ ဇာတ်ညွှန်းမြင့်ဦးဦးမြင့်တို့ကရေးဖွဲ့ပေးထားပြီး၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးရဲ့ထေရုပတ္တိကို အနုပညာဖြင့် ပူဇော်ကန်တော့သွားမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးမယ့် ဒါရိုက်တွေကတော့ ဝါဝါဝင်းရွှေ၊ ဒါရိုက်တာဟိန်းစိုး၊ ဒါရိုက်မောင်အောင်(ဗန်းကြီး)၊ ဒါရိုက်တာဝင်းထွဋ်ဝင်းတို့က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး၊ သရုပ်ဆောင်များအဖြစ် ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊အကယ်ဒမီ ရဲအောင်၊ ဆုပန်ထွှာ၊ ဝါဇင်၊ လီလီကျော်ခိုင်၊ လူမုန်း၊ အောင်ကျော်ထွဋ်၊ ခိုင်ထူးသာ၊ ဒေါ်အိအိစိုး၊ သန်းသန်းဆင့်၊ အေးအေးခိုင်၊ မျိုးမျိုးခိုင်တို့က ပါဝင်သရုပ်ဆောင်ကြမှာဖြစ်တယ်လို့သိရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။