[Zawgyi]

ေန႔တိုင္းမသံုးသင့္တဲ့ အလွကုန္ပစၥည္းမ်ား

လွခ်င္လြန္းျပီး ေန႔တိုင္းအလွျပင္တာကေရရွည္မွာကိုယ္႔ကိုပိုျပီး အလွပ်က္ေစတယ္ဆုိတာသိပါသလား။ ဘာေၾကာင့္ ရုပ္ဆိုးေစလဲလို႔ေမးခြန္းျပန္ထုတ္နိုင္ပါတယ္။ တခ်ိဳ႕ အလွကုန္ပစၥည္းေတြဟာ Chemical ပါဝင္မႈမာ်းတာေၾကာင္႔ တျဖည္းျဖည္းနဲ႔လူ႔အေရျပားကိုထိခိုက္လာေစတာေၾကာင္႔ျဖစ္ပါတယ္။ ဘယ္လိုအလွကုန္ပစၥည္းေတြက ေန႔တိုင္းမသံုးသင့္လဲဆုိတာကို သိထားသင္႔တာမို႔ ျပန္ျပီးမွ်ေဝေပးလိုက္ပါတယ္ေနာ္။

Dry Shampoo

dry-shampoodry-shampoo (Source : http://velvetsedge.com)

Dry Shampoo (Source : http://velvetsedge.com)

အလုပ္အရမ္းရႈပ္တဲ့မမတို႔ ေခါင္းေလ်ာ္ဖို႔က အခ်ိန္လည္းမရေတာ့ဘူး၊ အေရးတၾကီး ေတြ႔ဖို႔ကလည္း ရွိေနေသးတယ္။ အဲဒီေတာ့ Dry Shampoo ကို အသံုးျပဳၾကပါတယ္။ ဒီလိုအသံုးျပဳတဲ့အခါ အခ်ိန္ေပးျပီး ေခါင္းေလ်ာ္ေနစရာမလိုေတာ့ဘူးဆိုျပီး Dry Shampoo ပဲ ခဏခဏအသံုးျပဳလာၾကတယ္။ ေျပာရရင္ေတာ့ အပ်င္းၾကီးတာေပါ့။ အပ်င္းၾကီးရာကေနအက်င့္အျဖစ္ေျပာင္းလာတတ္ပါတယ္။ အဲဒီအခ်ိန္က်ေတာ့မွ သူ႕ရဲ႕ ဆိုးက်ိဳးေတြကို ခံစားရနုိင္ပါတယ္။ ဆံပင္က နဂိုထက္ပိုျပီး ေျခာက္လာနုိင္တယ္။ ေဗာက္ေတြလည္းျဖစ္လာႏုိင္ေစပါတယ္။ ဒါ့အျပင္ ဆံပင္ရွည္ႏႈန္းကိုလည္း ပံုမွန္ထက္ပိုျပီီးေႏွးေစပါတယ္။ အရမ္းၾကိဳက္ႏွစ္သက္မိလို႔ အသံုးျပဳခ်င္တယ္ဆိုရင္ေတာင္ ၂ပတ္တစ္ခါ (ဒါမွမဟုတ္) ေသေရးရွင္ေရးေလာက္ အေရးၾကီးတဲ့အခ်ိန္မ်ိဳးမွာမွသာ အသံုးျပဳသင့္ပါတယ္။

Deep Conditioner

Deep Hair Conditioner

Deep Hair Conditioner

ဆံပင္ေပ်ာ့ေဆးေတြကို မိန္းကေလးေတြ အရမ္းကို သေဘာက်ၾကပါတယ္။ Saloon ကို အခ်ိန္ေပးျပီး သြားစရာမလိုဘဲ အိမ္မွာတင္ ဆံပင္ကို ေပ်ာ့ေအာင္လုပ္လို႔ရနိုင္တဲ့အတြက္ေၾကာင့္ ဆံသားကို ပိုေပ်ာ့ေစတဲ့ Deep Conditioner ကို ေျပာင္းသံုးလာၾကပါတယ္။ ဒီလိုေျပာင္းသံုးလာတဲ့အတြက္ ဆံသားပိုေပ်ာ့လာတာ ဆံပင္ေလးေတြ ပိုလွတာေပါ့လို႔ ေျပာခ်င္ေျပာပါလိမ့္မယ္။ အျပစ္မဟုတ္ေပမယ္ ေကာင္းတဲ့လုပ္ရပ္လည္းမဟုတ္ခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ Deep Conditioner ေတြက သာမန္ဆံပင္ေပ်ာ့ေဆးေတြထက္ ပိုျပီး Moisturizer ပါတဲ့အတြက္ ခဏခဏအသံုးျပဳေနမယ္ဆုိရင္ ဦးေရျပားကို ေလဝင္ေလထြက္ပိတ္ေစႏုိင္ပါတယ္။ ဒီလိုျဖစ္လာတဲ့အခါမွာ ေခါင္းက မၾကာခန ယားယံတာမ်ိဳး၊ ေဗာက္ထတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အသံုးျပဳမယ္ဆိုရင္လည္း ၂ပတ္တစ္ခါ (ဒါမွမဟုတ္) သံုးပတ္တစ္ခါေလာက္ ေပါင္းေပးရင္ ဆံပင္ေလးက ေဘးဥပုဒ္မျဖစ္ဘဲ ေပ်ာ့ေပ်ာင္းလာမွာျဖစ္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

Medicated Lip Balm

Medicated Lip Balm

Medicated Lip Balm

ႏႈတ္ခမ္းေတြကြဲတဲ့အခါ ပိုျပီးသက္သာေအာင္ Medicated Lip Balm ေတြကို အသံုးျပဳၾကတဲ့သူေတြရွိပါတယ္။ သူက သာမန္ Lip Balm ေတြထက္ပိုျပီး ႏႈတ္ခမ္းကြဲအက္တာေတြကို သက္သာေစတယ္။ အခ်ိန္ခဏေလးနဲ႔ ကိုယ့္ရဲ႕ ႏႈတ္ခမ္းကို ႏူးညံ့ျပီး စိုေျပေစတယ္။ ဒါေပမယ့္ Medicated Lip Balm ကုိ ကိုယ့္ရဲ႕ ႏႈတ္ခမ္းေလးကို အျမန္သက္သာခ်င္လို စိတ္နဲ႔ အျမဲတမ္းထုတ္ဆိုးၾကပါတယ္။ ဒီလိုဆိုးၾကရင္းနဲ႔ ပိုမသက္သာဘဲ ပိုဆိုးဝါးလာနိုင္တဲ့အေျခအေနအထိ ျဖစ္လာတတ္ပါတယ္။ Medicated Lip Balm ျဖစ္တဲ့အတြက္ေၾကာင့္ပါ။ သာမန္ Lip Balm ကိုသာ အက်င့္လုပ္ျပီး ဆိုးရင္ ဒီလိုမ်ိဳးမျဖစ္ပါဘူးေနာ္။ ရုပ္ပ်က္ဆင္းပ်က္ႏႈတ္ခမ္းကြဲတဲ့အခါမ်ိဳးမွသာ အသံုးျပဳေပးၾကရံုပါပဲ။

Makeup Primer

Makeup Primer

Makeup Primer

Primer ဆိုတာ မိတ္ကပ္လိမ္းတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ ေခြ်းေပါက္ေတြကို မျမင္ရေအာင္ ေခြ်းေပါက္ေတြၾကားထဲ ျဖည့္ျပီး ဖံုးဖိေပးတာျဖစ္ပါတယ္။ တစ္ေန႔လံုးလည္း မိတ္ကပ္ခံေအာင္လည္း အသံုးျပဳၾကပါတယ္။ Primer ကို ေန႔တိုင္း Flawless Makeup ျဖစ္ခ်င္တဲ့စိတ္အလိုေၾကာင့္ အျမဲတမ္း အသံုးျပဳလာၾကပါတယ္။ ဒီလို အသံုးျပဳလာတဲ့အခါ မ်က္ႏွာမွာရွိေနတဲ့ ေခြ်းေပါက္ေတြကို ဖံုးဖိေပးလြန္ျပီး ေခြ်းေပါက္ေတြ ပိတ္လာတတ္ပါတယ္။ အဲဒါမေကာင္းဘူးလားဆိုတဲ့ ေမးခြန္းေမးလာခဲ့ရင္ မေကာင္းဘူးလို႔ပဲ ေျဖရပါလိမ့္မယ္။ အျမဲတမ္း Primer ကို လိမ္းတဲ့အခါမွာ Primer က ေခြ်းေပါက္ေတြထဲေရာက္လာနုိင္ပါတယ္။ အဲဒီအခါ ေခြ်းေပါက္က ေလဝင္ေလထြက္မရွိေတာ့တဲ့အထိ ပိတ္လာတတ္ပါတယ္။ ေနာက္ဆက္တြဲ ျပႆနာက အဆီက်ိတ္ေတြပိုျပီး ထြက္လာနုိင္တာပဲျဖစ္ပါတယ္။ ပြဲလမ္းသဘင္သြားစရွိတဲ့အခါမ်ိဳးမွာသာ Primer ကို အသံုးျပဳေစခ်င္ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

Waterproof Mascara

Waterproof Mascara

Waterproof Mascara

ေရစိုခံ Mascara က ကိုယ့္ရဲ႕မ်က္ေတာင္ေလးေတြကို တစ္ေနကုန္ ေကာ့ညႊတ္ေနေအာင္ ျပဳလုပ္ေပးနိုင္ပါတယ္။ တစ္ေနကုန္ကိုယ့္ရဲ႕ မ်က္လံုးေလးကို ၾကည့္မိတဲ့သူတိုင္း ၄စကၠန္႔ေလာက္ ေမ့သြားေအာင္အထိ လွေစပါတယ္။ ဒါေပမယ့္ အိမ္ျပန္ေရာက္လို႔ မိတ္ကပ္ျပန္ဖ်က္တဲ့အခါမွာ Waterproof Makeup Remover နဲ႔ ဖ်က္တယ္ဆိုရင္ေတာင္မွ အနည္းငယ္က်န္တာမ်ိဳးရွိေနတတ္ပါတယ္။ Mascara ဖ်က္ေနတဲ့အခ်ိန္မွာလည္း ကိုယ့္ရဲ႕ မ်က္ေတာင္ေမႊးေလးေတြ ကြ်တ္တတ္ပါတယ္။ အဆိုးဝါးဆံုးတစ္ခုက မ်က္တြင္းေတြ မည္းေစပါတယ္။ Mascara အစား Fake Eyelashes ကို အသံုးျပဳဖို႔အၾကံေပးလိုပါတယ္။

အားလံုးပဲ ဒီထက္ပိုျပီး ထာဝရလွပႏိုင္ၾကပါေစ။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နေ့တိုင်းမသုံးသင့်တဲ့ အလှကုန်ပစ္စည်းများ

လှချင်လွန်းပြီး နေ့တိုင်းအလှပြင်တာကရေရှည်မှာကိုယ့်ကိုပိုပြီး အလှပျက်စေတယ်ဆိုတာသိပါသလား။ ဘာကြောင့် ရုပ်ဆိုးစေလဲလို့မေးခွန်းပြန်ထုတ်နိုင်ပါတယ်။ တချို့ အလှကုန်ပစ္စည်းတွေဟာ Chemical ပါဝင်မှုမာျးတာကြောင့် တဖြည်းဖြည်းနဲ့လူ့အရေပြားကိုထိခိုက်လာစေတာကြောင့်ဖြစ်ပါတယ်။ ဘယ်လိုအလှကုန်ပစ္စည်းတွေက နေ့တိုင်းမသုံးသင့်လဲဆိုတာကို သိထားသင့်တာမို့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်။

Dry Shampoo

dry-shampoodry-shampoo (Source : http://velvetsedge.com)

Dry Shampoo (Source : http://velvetsedge.com)

အလုပ်အရမ်းရှုပ်တဲ့မမတို့ ခေါင်းလျော်ဖို့က အချိန်လည်းမရတော့ဘူး၊ အရေးတကြီး တွေ့ဖို့ကလည်း ရှိနေသေးတယ်။ အဲဒီတော့ Dry Shampoo ကို အသုံးပြုကြပါတယ်။ ဒီလိုအသုံးပြုတဲ့အခါ အချိန်ပေးပြီး ခေါင်းလျော်နေစရာမလိုတော့ဘူးဆိုပြီး Dry Shampoo ပဲ ခဏခဏအသုံးပြုလာကြတယ်။ ပြောရရင်တော့ အပျင်းကြီးတာပေါ့။ အပျင်းကြီးရာကနေအကျင့်အဖြစ်ပြောင်းလာတတ်ပါတယ်။ အဲဒီအချိန်ကျတော့မှ သူ့ရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဆံပင်က နဂိုထက်ပိုပြီး ခြောက်လာနိုင်တယ်။ ဗောက်တွေလည်းဖြစ်လာနိုင်စေပါတယ်။ ဒါ့အပြင် ဆံပင်ရှည်နှုန်းကိုလည်း ပုံမှန်ထက်ပိုပြီးနှေးစေပါတယ်။ အရမ်းကြိုက်နှစ်သက်မိလို့ အသုံးပြုချင်တယ်ဆိုရင်တောင် ၂ပတ်တစ်ခါ (ဒါမှမဟုတ်) သေရေးရှင်ရေးလောက် အရေးကြီးတဲ့အချိန်မျိုးမှာမှသာ အသုံးပြုသင့်ပါတယ်။

Deep Conditioner

Deep Hair Conditioner

Deep Hair Conditioner

ဆံပင်ပျော့ဆေးတွေကို မိန်းကလေးတွေ အရမ်းကို သဘောကျကြပါတယ်။ Saloon ကို အချိန်ပေးပြီး သွားစရာမလိုဘဲ အိမ်မှာတင် ဆံပင်ကို ပျော့အောင်လုပ်လို့ရနိုင်တဲ့အတွက်ကြောင့် ဆံသားကို ပိုပျော့စေတဲ့ Deep Conditioner ကို ပြောင်းသုံးလာကြပါတယ်။ ဒီလိုပြောင်းသုံးလာတဲ့အတွက် ဆံသားပိုပျော့လာတာ ဆံပင်လေးတွေ ပိုလှတာပေါ့လို့ ပြောချင်ပြောပါလိမ့်မယ်။ အပြစ်မဟုတ်ပေမယ် ကောင်းတဲ့လုပ်ရပ်လည်းမဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် Deep Conditioner တွေက သာမန်ဆံပင်ပျော့ဆေးတွေထက် ပိုပြီး Moisturizer ပါတဲ့အတွက် ခဏခဏအသုံးပြုနေမယ်ဆိုရင် ဦးရေပြားကို လေဝင်လေထွက်ပိတ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ခေါင်းက မကြာခန ယားယံတာမျိုး၊ ဗောက်ထတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသုံးပြုမယ်ဆိုရင်လည်း ၂ပတ်တစ်ခါ (ဒါမှမဟုတ်) သုံးပတ်တစ်ခါလောက် ပေါင်းပေးရင် ဆံပင်လေးက ဘေးဥပုဒ်မဖြစ်ဘဲ ပျော့ပျောင်းလာမှာဖြစ်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

Medicated Lip Balm

Medicated Lip Balm

Medicated Lip Balm

နှုတ်ခမ်းတွေကွဲတဲ့အခါ ပိုပြီးသက်သာအောင် Medicated Lip Balm တွေကို အသုံးပြုကြတဲ့သူတွေရှိပါတယ်။ သူက သာမန် Lip Balm တွေထက်ပိုပြီး နှုတ်ခမ်းကွဲအက်တာတွေကို သက်သာစေတယ်။ အချိန်ခဏလေးနဲ့ ကိုယ့်ရဲ့ နှုတ်ခမ်းကို နူးညံ့ပြီး စိုပြေစေတယ်။ ဒါပေမယ့် Medicated Lip Balm ကို ကိုယ့်ရဲ့ နှုတ်ခမ်းလေးကို အမြန်သက်သာချင်လို စိတ်နဲ့ အမြဲတမ်းထုတ်ဆိုးကြပါတယ်။ ဒီလိုဆိုးကြရင်းနဲ့ ပိုမသက်သာဘဲ ပိုဆိုးဝါးလာနိုင်တဲ့အခြေအနေအထိ ဖြစ်လာတတ်ပါတယ်။ Medicated Lip Balm ဖြစ်တဲ့အတွက်ကြောင့်ပါ။ သာမန် Lip Balm ကိုသာ အကျင့်လုပ်ပြီး ဆိုးရင် ဒီလိုမျိုးမဖြစ်ပါဘူးနော်။ ရုပ်ပျက်ဆင်းပျက်နှုတ်ခမ်းကွဲတဲ့အခါမျိုးမှသာ အသုံးပြုပေးကြရုံပါပဲ။

Makeup Primer

Makeup Primer

Makeup Primer

Primer ဆိုတာ မိတ်ကပ်လိမ်းတဲ့အချိန်မှာ ကိုယ့်ရဲ့ ချွေးပေါက်တွေကို မမြင်ရအောင် ချွေးပေါက်တွေကြားထဲ ဖြည့်ပြီး ဖုံးဖိပေးတာဖြစ်ပါတယ်။ တစ်နေ့လုံးလည်း မိတ်ကပ်ခံအောင်လည်း အသုံးပြုကြပါတယ်။ Primer ကို နေ့တိုင်း Flawless Makeup ဖြစ်ချင်တဲ့စိတ်အလိုကြောင့် အမြဲတမ်း အသုံးပြုလာကြပါတယ်။ ဒီလို အသုံးပြုလာတဲ့အခါ မျက်နှာမှာရှိနေတဲ့ ချွေးပေါက်တွေကို ဖုံးဖိပေးလွန်ပြီး ချွေးပေါက်တွေ ပိတ်လာတတ်ပါတယ်။ အဲဒါမကောင်းဘူးလားဆိုတဲ့ မေးခွန်းမေးလာခဲ့ရင် မကောင်းဘူးလို့ပဲ ဖြေရပါလိမ့်မယ်။ အမြဲတမ်း Primer ကို လိမ်းတဲ့အခါမှာ Primer က ချွေးပေါက်တွေထဲရောက်လာနိုင်ပါတယ်။ အဲဒီအခါ ချွေးပေါက်က လေဝင်လေထွက်မရှိတော့တဲ့အထိ ပိတ်လာတတ်ပါတယ်။ နောက်ဆက်တွဲ ပြဿနာက အဆီကျိတ်တွေပိုပြီး ထွက်လာနိုင်တာပဲဖြစ်ပါတယ်။ ပွဲလမ်းသဘင်သွားစရှိတဲ့အခါမျိုးမှာသာ Primer ကို အသုံးပြုစေချင်ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

Waterproof Mascara

Waterproof Mascara

Waterproof Mascara

ရေစိုခံ Mascara က ကိုယ့်ရဲ့မျက်တောင်လေးတွေကို တစ်နေကုန် ကော့ညွှတ်နေအောင် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်နေကုန်ကိုယ့်ရဲ့ မျက်လုံးလေးကို ကြည့်မိတဲ့သူတိုင်း ၄စက္ကန့်လောက် မေ့သွားအောင်အထိ လှစေပါတယ်။ ဒါပေမယ့် အိမ်ပြန်ရောက်လို့ မိတ်ကပ်ပြန်ဖျက်တဲ့အခါမှာ Waterproof Makeup Remover နဲ့ ဖျက်တယ်ဆိုရင်တောင်မှ အနည်းငယ်ကျန်တာမျိုးရှိနေတတ်ပါတယ်။ Mascara ဖျက်နေတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ မျက်တောင်မွှေးလေးတွေ ကျွတ်တတ်ပါတယ်။ အဆိုးဝါးဆုံးတစ်ခုက မျက်တွင်းတွေ မည်းစေပါတယ်။ Mascara အစား Fake Eyelashes ကို အသုံးပြုဖို့အကြံပေးလိုပါတယ်။

အားလုံးပဲ ဒီထက်ပိုပြီး ထာဝရလှပနိုင်ကြပါစေ။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။