[Zawgyi]

ငယ္ငယ္က ေရပံုးထဲမွာ စတီးျပြတ္ေလးေတြထည့္ၿပီး ေရေဆာ့ခဲ့တဲ့ သုသု

မိတ္ကပ္ညီညီေမာင္(စမ္းေခ်ာင္း)သုသု ရဲ႕ သႀကၤန္ရင္ခုန္သံ နဲ႕ သႀကၤန္တြင္းမွာ လည္ပတ္မယ့္ သူေတြအတြက္ အသားအရည္ ဘယ္လိုထိန္းသိမ္းသင့္တယ္ဆိုတာကို  သုသုက ေျပာျပခဲ့ပါတယ္။

“သႀကၤန္ဆိုရင္ ငယ္ငယ္တုန္းကေတာ့ အိပ္မေပ်ာ္ေတာ့ဘူးေပါ့ရင္ခုန္လို႕ေလ။ သုသုတို႕ငယ္ငယ္တုန္းကဆိုရင္ မ႑ပ္ေတြသြားတာလည္း သိပ္မရွိဘူးေလ။ သႀကၤန္ကားလည္မယ္ ၿပီးရင္ ေရပံုးေတြထဲမွာ စတီးျပြတ္ေလးေတြကိုထည့္ၿပီးေတာ့ တစ္လမ္းဝင္ တစ္လမ္းထြက္ ေရလိုက္ပတ္တယ္ အဲ့လိုဆိုေတာ့ေလ ကေလးတုန္းကေတာ့ အိပ္လို႕ကိုမေပ်ာ္ေတာ့ဘူး မနက္ျဖန္သႀကၤန္ဆိုရင္ ရင္ေတြကိုခုန္ေနပါၿပီ။

မိတ္ကပ္ညီညီေမာင္(စမ္းေခ်ာင္း)

မိတ္ကပ္ညီညီေမာင္(စမ္းေခ်ာင္း)

အသက္ ၂၆ ေလာက္အထိကိုရင္ခုန္ေနတယ္ သႀကၤန္ဆိုရင္ေလ အဲ့တုန္းက အင္းယားလမ္းမွာ ဆိုရင္လည္း အရမ္းစည္တယ္။ အခုက်ေတာ့ေလ စည္မ်ဥ္းေတြကလည္း အမ်ိဳးမ်ိဳးေျပာင္း မ႑ပ္ေတြကလည္း ေဆာက္လိုက္မေဆာက္လိုက္နဲ႕ဆိုေတာ့ေလ ဒီနွစ္လည္းစည္မယ္သာေျပာတာ တစ္ၿမိဳ႕လံုးေပါင္းလို႕မွ မ႑ပ္က ၁၅ခုေလာက္ေတာင္ ရွိပါ့မလားမသိဘူးဆိုေတာ့ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ လူဦးေရနဲ႕ဆိုရင္ မ႑ပ္အင္အားကနည္းမယ္လို႕ထင္ပါတယ္။

ဒါေပမယ့္လည္းသႀကၤန္ေရာက္ေတာ့မယ္ဆိုရင္ကို ျမန္မာလူမ်ိဳးတစ္ေယာက္အေနနဲ႕ေပ်ာ္ပါတယ္။သႀကၤန္ဆိုရင္ ေဟာ့ေရွာ့ေတြဝတ္ၿပီးေတာ့ ေလွ်ာက္သြားခ်င္တယ္ ကိုယ့္အရြယ္နဲ႕မသင့္ေတာ္လို႕သာ မဝတ္ေတာ့တာပါ။ဒီနွစ္သႀကၤန္မွာေတာ့သုသု ရန္ကုန္မွာလည္းရွိမယ္ ၊ ဘန္ေကာက္မွာလည္း ခဏေစ်းသြားဝယ္မယ္ ၁ ရက္ ၂ ရက္ေလာက္သြားပါမယ္။

မိတ္ကပ္ညီညီေမာင္(စမ္းေခ်ာင္း)

မိတ္ကပ္ညီညီေမာင္(စမ္းေခ်ာင္း)

သုသုစိတ္ပူတာကေလ အရမ္းကို အပူခ်ိန္ကျမင့္တက္ေနတယ္။ဒီရက္ပိုင္းဆိုပိုေတာင္ဆိုးေသးတယ္ အရမ္းပူေနတယ္ဒါေၾကာင့္ အေရျပားကင္ဆာ ျဖစ္မွာကို စုိးတယ္ရွင့္။ဒါေၾကာင့္ သႀကၤန္လည္မယ့္သူေတြ အေနနဲ႕ Sunblock လိမ္းတာမ်ိဳးေတြ ၿပီးရင္ လက္ရွည္အက်ႌဝတ္တာမ်ိဳးေတြကို လုပ္ေစခ်င္တယ္။ ဘာမွမျဖစ္ခင္ႀကိဳတင္ကာကြယ္ေစခ်င္တယ္။ အသားအရည္ကနုေတာ့ေလအသားေတြေလွာင္ၿပီး အေရျပားကြာတာမ်ိဳးေတြေတာင္ျဖစ္ၾကတာေတြရွိတယ္။ ရာသီဥတု ကတအားပူေတာ့ ေရကစားရင္းနဲ႕လည္းေရေသာက္ၾကပါ ၊ ဓါတ္ဆားေဖ်ာ္ရည္မ်ိဳးေလးေတြလည္းေသာက္ေပးပါ။ သႀကၤန္ၿပီးသြားရင္ က်န္းမာေရးကလည္း အဓိကအေရးပါတာမို႕ေနမေကာင္းမွာကိုလည္း စိုးတယ္ဒါေၾကာင့္ဂရုစိုက္ၾကပါ။ နွစ္သစ္မွာလည္း စိတ္၏က်န္းမာျခင္း ကိုယ္၏က်န္းမာျခင္းနဲ႕ျပည့္စံုၿပီးေတာ့ စီးပြားေတြလည္း ဒီေရအလား တိုးပါေစလို႕ သုသု ကဆုေတာင္းေပးလိုက္ပါတယ္” ဆိုၿပီး အခရာပရိသတ္ႀကီးကို ေျပာျပခဲ့ပါတယ္။

Photo Credit:NyiNyiMaung Facebook

www.akhayar.com
[Unicode]

ငယ်ငယ်က ရေပံုးထဲမှာ စတီးပြွတ်လေးတွေထည့်ပြီး ရေဆော့ခဲ့တဲ့ သုသု

မိတ်ကပ်ညီညီမောင်(စမ်းချောင်း)သုသု ရဲ့ သင်္ကြန်ရင်ခုန်သံ နဲ့ သင်္ကြန်တွင်းမှာ လည်ပတ်မယ့် သူတွေအတွက် အသားအရည် ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာကို သုသုက ပြောပြခဲ့ပါတယ်။

“သင်္ကြန်ဆိုရင် ငယ်ငယ်တုန်းကတော့ အိပ်မပျော်တော့ဘူးပေါ့ရင်ခုန်လို့လေ။ သုသုတို့ငယ်ငယ်တုန်းကဆိုရင် မဏ္ဍပ်တွေသွားတာလည်း သိပ်မရှိဘူးလေ။ သင်္ကြန်ကားလည်မယ် ပြီးရင် ရေပံုးတွေထဲမှာ စတီးပြွတ်လေးတွေကိုထည့်ပြီးတော့ တစ်လမ်းဝင် တစ်လမ်းထွက် ရေလိုက်ပတ်တယ် အဲ့လိုဆိုတော့လေ ကလေးတုန်းကတော့ အိပ်လို့ကိုမပျော်တော့ဘူး မနက်ဖြန်သင်္ကြန်ဆိုရင် ရင်တွေကိုခုန်နေပါပြီ။

မိတ်ကပ်ညီညီမောင်(စမ်းချောင်း)

မိတ်ကပ်ညီညီမောင်(စမ်းချောင်း)

အသက် ၂၆ လောက်အထိကိုရင်ခုန်နေတယ် သင်္ကြန်ဆိုရင်လေ အဲ့တုန်းက အင်းယားလမ်းမှာ ဆိုရင်လည်း အရမ်းစည်တယ်။ အခုကျတော့လေ စည်မျဉ်းတွေကလည်း အမျိုးမျိုးပြောင်း မဏ္ဍပ်တွေကလည်း ဆောက်လိုက်မဆောက်လိုက်နဲ့ဆိုတော့လေ ဒီနှစ်လည်းစည်မယ်သာပြောတာ တစ်မြို့လုံးပေါင်းလို့မှ မဏ္ဍပ်က ၁၅ခုလောက်တောင် ရှိပါ့မလားမသိဘူးဆိုတော့ ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေနဲ့ဆိုရင် မဏ္ဍပ်အင်အားကနည်းမယ်လို့ထင်ပါတယ်။

ဒါပေမယ့်လည်းသင်္ကြန်ရောက်တော့မယ်ဆိုရင်ကို မြန်မာလူမျိုးတစ်ယောက်အနေနဲ့ပျော်ပါတယ်။သင်္ကြန်ဆိုရင် ဟော့ရှော့တွေဝတ်ပြီးတော့ လျှောက်သွားချင်တယ် ကိုယ့်အရွယ်နဲ့မသင့်တော်လို့သာ မဝတ်တော့တာပါ။ဒီနှစ်သင်္ကြန်မှာတော့သုသု ရန်ကုန်မှာလည်းရှိမယ် ၊ ဘန်ကောက်မှာလည်း ခဏဈေးသွားဝယ်မယ် ၁ ရက် ၂ ရက်လောက်သွားပါမယ်။

မိတ်ကပ်ညီညီမောင်(စမ်းချောင်း)

မိတ်ကပ်ညီညီမောင်(စမ်းချောင်း)

သုသုစိတ်ပူတာကလေ အရမ်းကို အပူချိန်ကမြင့်တက်နေတယ်။ဒီရက်ပိုင်းဆိုပိုတောင်ဆိုးသေးတယ် အရမ်းပူနေတယ်ဒါကြောင့် အရေပြားကင်ဆာ ဖြစ်မှာကို စိုးတယ်ရှင့်။ဒါကြောင့် သင်္ကြန်လည်မယ့်သူတွေ အနေနဲ့ Sunblock လိမ်းတာမျိုးတွေ ပြီးရင် လက်ရှည်အကျႌဝတ်တာမျိုးတွေကို လုပ်စေချင်တယ်။ ဘာမှမဖြစ်ခင်ကြိုတင်ကာကွယ်စေချင်တယ်။ အသားအရည်ကနုတော့လေအသားတွေလှောင်ပြီး အရေပြားကွာတာမျိုးတွေတောင်ဖြစ်ကြတာတွေရှိတယ်။ ရာသီဥတု ကတအားပူတော့ ရေကစားရင်းနဲ့လည်းရေသောက်ကြပါ ၊ ဓါတ်ဆားဖျော်ရည်မျိုးလေးတွေလည်းသောက်ပေးပါ။ သင်္ကြန်ပြီးသွားရင် ကျန်းမာရေးကလည်း အဓိကအရေးပါတာမို့နေမကောင်းမှာကိုလည်း စိုးတယ်ဒါကြောင့်ဂရုစိုက်ကြပါ။ နှစ်သစ်မှာလည်း စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ စီးပွားတွေလည်း ဒီရေအလား တိုးပါစေလို့ သုသု ကဆုတောင်းပေးလိုက်ပါတယ်” ဆိုပြီး အခရာပရိသတ်ကြီးကို ပြောပြခဲ့ပါတယ်။

Photo Credit:NyiNyiMaung Facebook

www.akhayar.com