[Zawgyi]

ပရိသတ္ေတြကိုေတာင္းပန္လိုက္တဲ့ မိတ္ကပ္ပညာရွင္ခင္စန္းဝင္း

မႀကီးစန္းလုိ႔ လူသိမ်ားတဲ့မိတ္ကပ္ပညာရွင္ခင္စန္းဝင္းရဲ႕ ဒုတိယေျမာက္ဇာတ္ကားျဖစ္တဲ့ “တစ္ေန႔မွေမာင္ကို ဒီအေၾကာင္းေတြေျပာျပရဦးမယ္” ဗီဒီယိုဇာတ္ကားထဲက ဇာတ္ေကာင္ေတြကို အႏုပညာအျမင္နဲ႔သာၾကည့္ၾကဖို႔ ပရိသတ္ေတြကိုေတာင္းပန္ခဲ့ပါတယ္။ “မႀကီးတို႔က မင္းသား၊မင္းသမီးအသစ္ေတြ မ်က္ႏွာသစ္ေတြကိုလက္တြဲေခၚရတဲ့သေဘာပါ။ သူတို႔ကို ေဝဖန္တိုက္ခိုက္မႈကေတာ့ အနည္းနဲ႔အမ်ားေတာ့ရွိတယ္။ မႀကီးေတာင္းပန္ခ်င္တဲ့သေဘာက ဇာတ္ကားေတြကို ဇာတ္ကားလို၊ အႏုပညာလိုပဲၾကည့္ေပးဖုိ႔ပါ။ မႀကီးတို႔ အႏုပညာအလုပ္ကိုလုပ္တယ္။ အျပင္မွာျဖစ္ေနတဲ့အေၾကာင္းအရာေတြကို လုပ္ေနရတာျဖစ္တဲ့အတြက္ တခ်ိဳ႕အျမင္မွာမႀကိဳက္တာလည္းရွိမယ္။ သေဘာမက်တာလည္းရွိမယ္။ အဲ့ဒီအတြက္ အႏုပညာကို အႏုပညာလိုပဲၾကည့္ေပးပါလို႔ေျပာခ်င္ပါတယ္” လို႔ မ်က္ႏွာသစ္မင္းသား၊ မင္းသမီးေတြကိုေဝဖန္တဲ့အေပၚကို ခင္စန္းဝင္းကေျပာပါတယ္။

ခင္စန္းဝင္းရဲ႕ပထမဗီဒီယိုဇာတ္ကားျဖစ္တဲ့ “မႀကီးစန္းနဲ႔သူရဲ႕ခ်စ္သူမ်ား” ဇာတ္ကားကလည္း ပရိသတ္ေတြအားေပးမႈေၾကာင့္ ဗီဒီယိုေစ်းကြက္မွာ အေရာင္းရဆံုးစံခ်ိန္ကိုတင္ႏိုင္ခဲ့ပါတယ္။ ဒုတိယဇာတ္ကားကိုလက္ခံရိုက္ကူးရတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီးေတာ့လည္း “မႀကီးစန္းနဲ႔သူရဲ႕ခ်စ္သူမ်ား ရိုက္တုန္းက ဒါရိုက္တာဦးႏိုင္မ်ိဳးထြန္းက တြဲဘက္ဒါရိုက္တာအေနနဲ႔ရိုက္တာပါ။ မထင္မွတ္ဘဲ ပထမဇာတ္ကားေလးက ေအာင္ျမင္သြားတယ္လို႔ေျပာပါတယ္။ ဗီဒီယိုေစ်းကြက္ထဲမွာ အေရာင္းရဆံုးစံခ်ိန္ကိုတင္ခဲ့တယ္လို႔ေျပာပါတယ္။ ေနာက္တစ္ကားထပ္ရိုက္ဖို႔ ကမ္းလွမ္းလာတယ္။ မႀကီးက မလုပ္ခ်င္ဘူး။ မရိုက္ခ်င္ဘူးေပ့ါ။ ဘဝမွာ ဗီဒီယိုဇာတ္ကားတစ္ခါေလာက္ရိုက္ၿပီးရင္ ေတာ္ၿပီေပ့ါ။ အဲဒီလုိလည္းဆံုးျဖတ္ထားတယ္။ အားေပးတဲ့ပရိသတ္ေတြကိုေထာက္ထားၿပီး ရိုက္ပါေပ့ါ။ သူ႔ကိုလည္း လာေမးၾကတဲ့သူေတြရွိတယ္ေပ့ါ။ အားေပးတဲ့သူေတြရွိရင္ေတာ့ ရိုက္မယ္ေပ့ါ။ အႏုပညာရွင္တစ္ေယာက္က ကုိယ့္လုပ္တဲ့အႏုပညာကို ပရိသတ္ေတြအားမေပးရင္ ဘယ္လုိမွ ရပ္တည္လို႔မရႏုိင္ဘူး။ ကုိယ္လုပ္ရတာလည္းအရာမထင္ဘူး။ အဲဒါနဲ႔ပဲ ဒီဗီဒီယိုဇာတ္ကားေလးကို ရိုက္ကူးျဖစ္သြားတာပါ” လို႔ ခင္စန္းဝင္းကထပ္မံေျပာျပပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ မိတ်ကပ်ပညာရှင်ခင်စန်းဝင်း

မကြီးစန်းလို့ လူသိများတဲ့မိတ်ကပ်ပညာရှင်ခင်စန်းဝင်းရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ “တစ်နေ့မှမောင်ကို ဒီအကြောင်းတွေပြောပြရဦးမယ်” ဗီဒီယိုဇာတ်ကားထဲက ဇာတ်ကောင်တွေကို အနုပညာအမြင်နဲ့သာကြည့်ကြဖို့ ပရိသတ်တွေကိုတောင်းပန်ခဲ့ပါတယ်။ “မကြီးတို့က မင်းသား၊မင်းသမီးအသစ်တွေ မျက်နှာသစ်တွေကိုလက်တွဲခေါ်ရတဲ့သဘောပါ။ သူတို့ကို ဝေဖန်တိုက်ခိုက်မှုကတော့ အနည်းနဲ့အများတော့ရှိတယ်။ မကြီးတောင်းပန်ချင်တဲ့သဘောက ဇာတ်ကားတွေကို ဇာတ်ကားလို၊ အနုပညာလိုပဲကြည့်ပေးဖို့ပါ။ မကြီးတို့ အနုပညာအလုပ်ကိုလုပ်တယ်။ အပြင်မှာဖြစ်နေတဲ့အကြောင်းအရာတွေကို လုပ်နေရတာဖြစ်တဲ့အတွက် တချို့အမြင်မှာမကြိုက်တာလည်းရှိမယ်။ သဘောမကျတာလည်းရှိမယ်။ အဲ့ဒီအတွက် အနုပညာကို အနုပညာလိုပဲကြည့်ပေးပါလို့ပြောချင်ပါတယ်” လို့ မျက်နှာသစ်မင်းသား၊ မင်းသမီးတွေကိုဝေဖန်တဲ့အပေါ်ကို ခင်စန်းဝင်းကပြောပါတယ်။

ခင်စန်းဝင်းရဲ့ပထမဗီဒီယိုဇာတ်ကားဖြစ်တဲ့ “မကြီးစန်းနဲ့သူရဲ့ချစ်သူများ” ဇာတ်ကားကလည်း ပရိသတ်တွေအားပေးမှုကြောင့် ဗီဒီယိုဈေးကွက်မှာ အရောင်းရဆုံးစံချိန်ကိုတင်နိုင်ခဲ့ပါတယ်။ ဒုတိယဇာတ်ကားကိုလက်ခံရိုက်ကူးရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း “မကြီးစန်းနဲ့သူရဲ့ချစ်သူများ ရိုက်တုန်းက ဒါရိုက်တာဦးနိုင်မျိုးထွန်းက တွဲဘက်ဒါရိုက်တာအနေနဲ့ရိုက်တာပါ။ မထင်မှတ်ဘဲ ပထမဇာတ်ကားလေးက အောင်မြင်သွားတယ်လို့ပြောပါတယ်။ ဗီဒီယိုဈေးကွက်ထဲမှာ အရောင်းရဆုံးစံချိန်ကိုတင်ခဲ့တယ်လို့ပြောပါတယ်။ နောက်တစ်ကားထပ်ရိုက်ဖို့ ကမ်းလှမ်းလာတယ်။ မကြီးက မလုပ်ချင်ဘူး။ မရိုက်ချင်ဘူးပေ့ါ။ ဘဝမှာ ဗီဒီယိုဇာတ်ကားတစ်ခါလောက်ရိုက်ပြီးရင် တော်ပြီပေ့ါ။ အဲဒီလိုလည်းဆုံးဖြတ်ထားတယ်။ အားပေးတဲ့ပရိသတ်တွေကိုထောက်ထားပြီး ရိုက်ပါပေ့ါ။ သူ့ကိုလည်း လာမေးကြတဲ့သူတွေရှိတယ်ပေ့ါ။ အားပေးတဲ့သူတွေရှိရင်တော့ ရိုက်မယ်ပေ့ါ။ အနုပညာရှင်တစ်ယောက်က ကိုယ့်လုပ်တဲ့အနုပညာကို ပရိသတ်တွေအားမပေးရင် ဘယ်လိုမှ ရပ်တည်လို့မရနိုင်ဘူး။ ကိုယ်လုပ်ရတာလည်းအရာမထင်ဘူး။ အဲဒါနဲ့ပဲ ဒီဗီဒီယိုဇာတ်ကားလေးကို ရိုက်ကူးဖြစ်သွားတာပါ” လို့ ခင်စန်းဝင်းကထပ်မံပြောပြပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။