[Zawgyi]

ပရိသတ္ေတြကုိ မ်က္လုံးျပဴးသြားေစမယ့္ ညီညီေမာင္စမ္းေခ်ာင္း(သုသု) ရဲ႕အမုိက္စားဖက္ရွင္

သုသုလုိ႕ ပရိသတ္ေတြခ်စ္စႏုိးေခၚၾကတဲ့ ညီညီေမာင္(စမ္းေခ်ာင္း) ကေတာ့ မိတ္ကပ္ျပင္ဆင္မႈအပုိင္းမွာ နာမည္ေက်ာ္တဲ့ Make up Artist တစ္ဦးျဖစ္ျပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူ႕ရဲ႕ပုံစံေၾကာင့္ပဲ ေန႕ခ်င္းညခ်င္း လူမႈကြန္ရက္မွာ ပုိနာမည္ၾကီးလာတာျဖစ္ပါတယ္။ မ်က္ႏွာခြဲစိတ္ျပဳျပင္လုိက္ျပီးေနာက္ မိန္းမအစစ္တစ္ေယာက္နီးပါး ပုိပုိျပီးလွလာတဲ့ သုသုကေတာ့ လတ္တေလာမွာလည္း CLINIQUE ရႈတင္မွာ အမုိက္စားဖက္ရွင္နဲ႕ျပင္ဆင္ျခယ္သထားျပီး စတုိင္ေတြအရမ္းမုိက္ေနတာေတြ႕ရပါတယ္။

လက္ရွိဘ၀ကုိ ပြင့္ပြင့္လင္းလင္းနဲ႕ ဟန္မေဆာင္တတ္ဘဲ ပရိသတ္ေတြအတြက္ ရယ္ေမာေပ်ာ္ရႊင္ဖြယ္ရာ ဗီဒီယုိုဖုိင္အတုိေလးေတြ မွ်ေ၀ေပးေလ့ရွိတာမုိ႕ သူမကုိ ေစာင့္ၾကည့္အားေပးၾကတဲ့ပရိသတ္ေတြကေတာ့ အေပ်ာ္ေတြကူးစက္ရပါတယ္။

လက္ရွိမွာ ခ်စ္သူသစ္ေလးရရွိထားတဲ့ သုသုကေတာ့ ပရိသတ္ကုိအခ်စ္ေရးနဲ႕ပတ္သက္ျပီး တရား၀င္ခ်ျပျခင္းမရွိေသးေပမယ့္ စိတ္ခ်မ္းသာလုိ႕မ်ား ပုိျပီးလွလာသလားထင္ရပါတယ္။ သုသုကုိအားေပးတဲ့ပရိသတ္ေတြရွိလား။

Photos Credit –  Nyi Nyi Maung

Stella(Akhayar)

www.akhayar.com

[Unicode]

ပရိသတ်တွေကို မျက်လုံးပြူးသွားစေမယ့် ညီညီမောင်စမ်းချောင်း(သုသု) ရဲ့အမိုက်စားဖက်ရှင်

သုသုလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း) ကတော့ မိတ်ကပ်ပြင်ဆင်မှုအပိုင်းမှာ နာမည်ကျော်တဲ့ Make up Artist တစ်ဦးဖြစ်ပြီး ပျော်ပျော်နေတတ်တဲ့ သူ့ရဲ့ပုံစံကြောင့်ပဲ နေ့ချင်းညချင်း လူမှုကွန်ရက်မှာ ပိုနာမည်ကြီးလာတာဖြစ်ပါတယ်။ မျက်နှာခွဲစိတ်ပြုပြင်လိုက်ပြီးနောက် မိန်းမအစစ်တစ်ယောက်နီးပါး ပိုပိုပြီးလှလာတဲ့ သုသုကတော့ လတ်တလောမှာလည်း CLINIQUE ရှုတင်မှာ အမိုက်စားဖက်ရှင်နဲ့ပြင်ဆင်ခြယ်သထားပြီး စတိုင်တွေအရမ်းမိုက်နေတာတွေ့ရပါတယ်။

လက်ရှိဘဝကို ပွင့်ပွင့်လင်းလင်းနဲ့ ဟန်မဆောင်တတ်ဘဲ ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်ဖွယ်ရာ ဗီဒီယိုဖိုင်အတိုလေးတွေ မျှဝေပေးလေ့ရှိတာမို့ သူမကို စောင့်ကြည့်အားပေးကြတဲ့ပရိသတ်တွေကတော့ အပျော်တွေကူးစက်ရပါတယ်။

လက်ရှိမှာ ချစ်သူသစ်လေးရရှိထားတဲ့ သုသုကတော့ ပရိသတ်ကိုအချစ်ရေးနဲ့ပတ်သက်ပြီး တရားဝင်ချပြခြင်းမရှိသေးပေမယ့် စိတ်ချမ်းသာလို့များ ပိုပြီးလှလာသလားထင်ရပါတယ်။ သုသုကိုအားပေးတဲ့ပရိသတ်တွေရှိလား။

Photos Credit –  Nyi Nyi Maung

Stella(Akhayar)

www.akhayar.com