[Zawgyi]

သက္ေတာင့္သက္သာနဲ႔အလုပ္ေတြၿပီးေျမာက္ေအာင္ ဘယ္လုိလုပ္ရမလဲ

အလုပ္ထဲမွာ အၿမဲတမ္း တက္ၾကြၿပီး အလုပ္တိုင္းၿပီးေနဖို႔ကေတာ့ မလြယ္ပါဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၿငီးေငြ႕လာတာေတြ၊ စိတ္ညစ္လာတာေတြ၊ အာရံုစိုက္လို႔မရတာေတြက အခ်ိန္တိုင္း သင့္ကို အလုပ္ေတြၾကန္႔ၾကာေအာင္ တုိက္ခိုက္ေနဦးမွာပါပဲ။ ဒီေတာ့ သူတို႔တိုက္ခိုက္လို႔မရေအာင္ ကိုယ္က ဘယ္လိုႏိုးႏိုးၾကားၾကားနဲ႔ ကာကြယ္ရမလဲဆိုတာကေတာ့ ပညာသားပါလာပါၿပီ။ ကိုယ္ေတြဘက္က ပညာသားပါပါ ကိုင္တြယ္ႏိုင္မွသာလွ်င္ အလုပ္ထဲမွာ စိတ္ဖိစီးမႈမရွိ ေပ်ာ္ရႊင္စြာ အလုပ္ေတြၿပီးေျမာက္ႏိုင္မွာပါ။ ဟုတ္တယ္ဟုတ္။

လႈပ္လႈပ္ရွားရွားေနပါ

ေကာ္ဖီက ကၽြန္မတို႔ကို အခ်ိန္အၾကာႀကီး အာရံုစိုက္ႏိုင္ေအာင္ေတာ့ ကူညီႏိုင္မွာမဟုတ္ပါဘူး။ ဒီေတာ့ တျခားနည္းလမ္းေျပာင္းသံုးရပါလိမ့္မယ္။ ဒါကေတာ့ လႈပ္ရွားေပးဖို႔ပါပဲ။ တစ္ခ်ိန္လံုး စားပြဲမွာထိုင္ေနၿပီး အလုပ္ၿပီးေျမာက္ဖို႔ ေတြးေနတာလား။ မျဖစ္ႏိုင္ပါဘူး။ ထမင္းစားၿပီး ေန႔လည္ေနခင္း အေညာင္းမိလာတဲ့အခ်ိန္ေရာက္ရင္ ခဏေလာက္ လႈပ္လႈပ္ရွားရွား ထၿပီး လမ္းေလးဘာေလးေလွ်ာက္ေပးပါ။ စိမ္းစိမ္းစိုစိုပတ္၀န္းက်င္ေလးကို နည္းနည္းေလာက္ၾကည့္ေပးပါ။

သီခ်င္းနားေထာင္ပါ

အရမ္းကို ပ်င္းရီၿငီးေငြ႕ ၿပီး မူးေနာက္လာၿပီဆိုရင္ေတာ့ သီခ်င္းေလးဘာေလး ထဖြင့္ၿပီး နားေထာင္လိုက္ပါ။ ကိုယ့္ကိုယ္ စိတ္ရႊင္လန္းတက္ၾကြေစတဲ့သီခ်င္းေတြက ခဏတာစိတ္ပင္ပန္းမႈေတြကို ေျဖေဖ်ာက္ႏိုင္မွာပါ။ သီခ်င္းေလးနည္းနည္း နားေထာင္ၿပီး အားယူလိုက္ပါ။ ဒါေပမယ့္ စိတ္ရႊင္လန္းေစတဲ့သီခ်င္းျဖစ္ဖို႔ေတာ့ လိုတာေပါ့ေနာ္။ အေဆြးသီခ်င္းေတြေတာ့ သြားနားမေထာင္မိေစနဲ႔ေပါ့။

Software အကူအညီယူပါ

တစ္ခါတေလ လူေတြ လုပ္ရတာပင္ပန္းတဲ့ကိစၥေတြကို Software ေတြက သာသာယာယာလုပ္သြားေပးႏိုင္ပါတယ္။ ဥာဏ္ကိုလႊာသံုးၿပီး ကိုယ္တုိင္လုပ္ရင္ အခ်ိန္ကုန္လူပင္ပန္းျဖစ္ေစႏိုင္တာေတြကို Software ေတြနဲ႔ Application ေတြကို လႊဲေပးလိုက္ပါ။ ဥပမာ ေတာ္ရံုဖုန္းေတြ မကိုင္ခ်င္ရင္ Voice Message ထားခိုင္းၿပီးမွ ျပန္နားေထာင္လိုက္တာမ်ိဳးေတြ၊ ဂဏန္းသခ်ာၤေတြအတြက္ Excel အကူအညီယူတာမ်ိဳးေတြ လုပ္သင့္ပါတယ္။ အကုန္လိုက္လုပ္မေနပါနဲ႔။ ပင္ပန္းပါတယ္။

သက္ေတာင့္သက္သာေနပါ

သက္ေတာင့္သက္သာမျဖစ္တဲ့ ဘယ္လိုေနရာမွာမွ အလုပ္မလုပ္ပါနဲ႔။ ကိုယ္အလုပ္လုပ္မယ့္ စားပြဲနဲ႔ ထိုင္ခံုဟာ သက္ေတာင့္သက္သာရွိေနဖို႔ အေရးႀကီးပါတယ္။ သူမ်ားေတြ ဘယ္ေလာက္ပဲ သတိဆြဲၿပီး အလုပ္လုပ္ေနပါေစ ကိုယ္ကေတာ့ ေအးေအးေဆးေဆးပဲ ထိုင္ပါ။ အလုပ္ေတြ မွန္မွန္ကန္ကန္၊ ျမန္ျမန္ဆန္ဆန္ၿပီးဖို႔ အေရးႀကီးပါတယ္။ အရမ္းေညာင္းေနလို႔ သက္ေတာင့္သက္သာထိုင္လိုက္တာက ျပႆနာမဟုတ္ပါဘူး။

အခက္ဆံုးကိုအရင္လုပ္ပါ

မနက္မိုးလင္းလို႔ ရံုးေရာက္တာနဲ႔ လြယ္လြယ္ေလးေတြပဲ လိုက္လုပ္ေနရင္ေတာ့ ရံုးဆင္းခါနီးမွာ မၿပီးႏိုင္မစီးႏုိင္ ခက္ခက္ခဲခဲအလုပ္ေတြအမ်ားႀကီး လက္ထဲမွာ က်န္ေနပါလိမ့္မယ္။ ဒီလိုမွားယြင္းေနတဲ့စီစဥ္မႈေတြေၾကာင့္သာ မလုိလားအပ္တဲ့ အိုတီေတြမ်ားေနရတယ္ဆိုရင္ ယံုမွာလား။ အခက္ဆံုးအလုပ္ကို အရင္လုပ္ပါ။ ဒါဆိုရင္ေတာ့ ရံုးဆင္းခါနီး ေအးေအးသာသာ လက္စသတ္ၿပီး ရံုးဆင္းလို႔ရပါၿပီ။ ရံုးဆင္းခါနီး ပ်ာယာခတ္ေနရတာေတြက ကိုယ့္ကိုယ္ စိတ္ဖိစီးေစပါတယ္။

တစ္ေန႔တာလံုး ေပါ့ပါးလန္းဆန္းၿပီး အလုပ္ေတြလည္း ျမန္ျမန္ၿပီးေျမာက္ေစခ်င္တယ္ဆိုရင္ေတာ့ ဒီလိုမ်ိဳး ပညာသားပါပါ ကိုင္တြယ္မွပဲ ရပါလိမ့္မယ္ေနာ္။ ဟိုလိုလို ဒီလိုလိုလုပ္ေနရင္ေတာ့ တစ္ေန႔တစ္ေန႔ လုပ္ငန္းခြင္ႀကီးဟာ စိတ္ဖိစီးစရာေတြ၊ စိတ္ပ်က္စရာေတြနဲ႔အတိပဲ ျဖစ္ေနမွာေပါ့။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

သက်တောင့်သက်သာနဲ့အလုပ်တွေပြီးမြောက်အောင် ဘယ်လိုလုပ်ရမလဲ

အလုပ်ထဲမှာ အမြဲတမ်း တက်ကြွပြီး အလုပ်တိုင်းပြီးနေဖို့ကတော့ မလွယ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ငြီးငွေ့လာတာတွေ၊ စိတ်ညစ်လာတာတွေ၊ အာရုံစိုက်လို့မရတာတွေက အချိန်တိုင်း သင့်ကို အလုပ်တွေကြန့်ကြာအောင် တိုက်ခိုက်နေဦးမှာပါပဲ။ ဒီတော့ သူတို့တိုက်ခိုက်လို့မရအောင် ကိုယ်က ဘယ်လိုနိုးနိုးကြားကြားနဲ့ ကာကွယ်ရမလဲဆိုတာကတော့ ပညာသားပါလာပါပြီ။ ကိုယ်တွေဘက်က ပညာသားပါပါ ကိုင်တွယ်နိုင်မှသာလျှင် အလုပ်ထဲမှာ စိတ်ဖိစီးမှုမရှိ ပျော်ရွှင်စွာ အလုပ်တွေပြီးမြောက်နိုင်မှာပါ။ ဟုတ်တယ်ဟုတ်။

လှုပ်လှုပ်ရှားရှားနေပါ

ကော်ဖီက ကျွန်မတို့ကို အချိန်အကြာကြီး အာရုံစိုက်နိုင်အောင်တော့ ကူညီနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ တခြားနည်းလမ်းပြောင်းသုံးရပါလိမ့်မယ်။ ဒါကတော့ လှုပ်ရှားပေးဖို့ပါပဲ။ တစ်ချိန်လုံး စားပွဲမှာထိုင်နေပြီး အလုပ်ပြီးမြောက်ဖို့ တွေးနေတာလား။ မဖြစ်နိုင်ပါဘူး။ ထမင်းစားပြီး နေ့လည်နေခင်း အညောင်းမိလာတဲ့အချိန်ရောက်ရင် ခဏလောက် လှုပ်လှုပ်ရှားရှား ထပြီး လမ်းလေးဘာလေးလျှောက်ပေးပါ။ စိမ်းစိမ်းစိုစိုပတ်ဝန်းကျင်လေးကို နည်းနည်းလောက်ကြည့်ပေးပါ။

သီချင်းနားထောင်ပါ

အရမ်းကို ပျင်းရီငြီးငွေ့ ပြီး မူးနောက်လာပြီဆိုရင်တော့ သီချင်းလေးဘာလေး ထဖွင့်ပြီး နားထောင်လိုက်ပါ။ ကိုယ့်ကိုယ် စိတ်ရွှင်လန်းတက်ကြွစေတဲ့သီချင်းတွေက ခဏတာစိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်မှာပါ။ သီချင်းလေးနည်းနည်း နားထောင်ပြီး အားယူလိုက်ပါ။ ဒါပေမယ့် စိတ်ရွှင်လန်းစေတဲ့သီချင်းဖြစ်ဖို့တော့ လိုတာပေါ့နော်။ အဆွေးသီချင်းတွေတော့ သွားနားမထောင်မိစေနဲ့ပေါ့။

Software အကူအညီယူပါ

တစ်ခါတလေ လူတွေ လုပ်ရတာပင်ပန်းတဲ့ကိစ္စတွေကို Software တွေက သာသာယာယာလုပ်သွားပေးနိုင်ပါတယ်။ ဉာဏ်ကိုလွှာသုံးပြီး ကိုယ်တိုင်လုပ်ရင် အချိန်ကုန်လူပင်ပန်းဖြစ်စေနိုင်တာတွေကို Software တွေနဲ့ Application တွေကို လွှဲပေးလိုက်ပါ။ ဥပမာ တော်ရုံဖုန်းတွေ မကိုင်ချင်ရင် Voice Message ထားခိုင်းပြီးမှ ပြန်နားထောင်လိုက်တာမျိုးတွေ၊ ဂဏန်းသချာၤတွေအတွက် Excel အကူအညီယူတာမျိုးတွေ လုပ်သင့်ပါတယ်။ အကုန်လိုက်လုပ်မနေပါနဲ့။ ပင်ပန်းပါတယ်။

သက်တောင့်သက်သာနေပါ

သက်တောင့်သက်သာမဖြစ်တဲ့ ဘယ်လိုနေရာမှာမှ အလုပ်မလုပ်ပါနဲ့။ ကိုယ်အလုပ်လုပ်မယ့် စားပွဲနဲ့ ထိုင်ခုံဟာ သက်တောင့်သက်သာရှိနေဖို့ အရေးကြီးပါတယ်။ သူများတွေ ဘယ်လောက်ပဲ သတိဆွဲပြီး အလုပ်လုပ်နေပါစေ ကိုယ်ကတော့ အေးအေးဆေးဆေးပဲ ထိုင်ပါ။ အလုပ်တွေ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်ပြီးဖို့ အရေးကြီးပါတယ်။ အရမ်းညောင်းနေလို့ သက်တောင့်သက်သာထိုင်လိုက်တာက ပြဿနာမဟုတ်ပါဘူး။

အခက်ဆုံးကိုအရင်လုပ်ပါ

မနက်မိုးလင်းလို့ ရုံးရောက်တာနဲ့ လွယ်လွယ်လေးတွေပဲ လိုက်လုပ်နေရင်တော့ ရုံးဆင်းခါနီးမှာ မပြီးနိုင်မစီးနိုင် ခက်ခက်ခဲခဲအလုပ်တွေအများကြီး လက်ထဲမှာ ကျန်နေပါလိမ့်မယ်။ ဒီလိုမှားယွင်းနေတဲ့စီစဉ်မှုတွေကြောင့်သာ မလိုလားအပ်တဲ့ အိုတီတွေများနေရတယ်ဆိုရင် ယုံမှာလား။ အခက်ဆုံးအလုပ်ကို အရင်လုပ်ပါ။ ဒါဆိုရင်တော့ ရုံးဆင်းခါနီး အေးအေးသာသာ လက်စသတ်ပြီး ရုံးဆင်းလို့ရပါပြီ။ ရုံးဆင်းခါနီး ပျာယာခတ်နေရတာတွေက ကိုယ့်ကိုယ် စိတ်ဖိစီးစေပါတယ်။

တစ်နေ့တာလုံး ပေါ့ပါးလန်းဆန်းပြီး အလုပ်တွေလည်း မြန်မြန်ပြီးမြောက်စေချင်တယ်ဆိုရင်တော့ ဒီလိုမျိုး ပညာသားပါပါ ကိုင်တွယ်မှပဲ ရပါလိမ့်မယ်နော်။ ဟိုလိုလို ဒီလိုလိုလုပ်နေရင်တော့ တစ်နေ့တစ်နေ့ လုပ်ငန်းခွင်ကြီးဟာ စိတ်ဖိစီးစရာတွေ၊ စိတ်ပျက်စရာတွေနဲ့အတိပဲ ဖြစ်နေမှာပေါ့။

Moethaesay (Akhayar)

www.akhayar.com