[Zawgyi]

ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ ရာသီအစပဲြေတြကုိ လဲြေခ်ာ္ဖုိ႔ရွိေနတဲ့ မာရက္ဇ္ Mahrez

မန္စီးတီးအသင္းရဲ႕ အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမား မာရက္ဇ္ Mahrez ဟာ ဒဏ္ရာေၾကာင့္ မန္စီးတီးအသင္းရဲ႕ေျခစမ္းပဲြေတြမွာ ပါ၀င္ကစားႏုိင္ဖုိ႔မရွိေတာ့ဘဲ ဒီေန႔(တနဂၤေႏြ)မွာ အဂၤလန္ႏုိင္ငံကုိ ျပန္ေရာက္လာၿပီျဖစ္ပါတယ္။ မန္စီးတီးအသင္းကုိ ေပါင္သန္း(၆၀)နဲ႔ ေရာက္ရွိခဲ့တဲ့ မာရက္ဇ္ဟာ ဘုိင္ယန္ျမဴးနစ္နဲ႔ကစားခဲ့တဲ့ပဲြမွာ ေျခခ်င္း၀တ္ဒဏ္ရာရရွိခဲ့ၿပီး အသင္းလူစာရင္းကေန ႏုတ္ထြက္ခဲ့တာပါ။ မာရက္ဇ္ဟာ မန္ခ်က္စတာေလဆိပ္ကုိ ေရာက္ရွိခဲ့တဲ့အခ်ိန္မွာ ေျခေထာက္ကာဖိနပ္၀တ္ဆင္ထားတာေၾကာင့္ သူ႔ရဲ႕ဒဏ္ရာက ျပင္းထန္မယ့္အေနအထားရွိေနတယ္။

Mahrez-Injury

Mahrez-Injury

ဂြါဒီယုိလာ Guardiola က “မာရက္ဇ္ရဲ႕ဒဏ္ရာအေနအထားက ဘယ္ေလာက္အထိ ဆုိးရြားသလဲဆုိတာ ကၽြန္ေတာ္ မသိေသးပါဘူး။ သူဟာ ေျခခ်င္း၀တ္ဒဏ္ရာရရွိခဲ့တာပါ။ မာရက္ဇ္ရဲ႕ဒဏ္ရာကုိ ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္သြားရမွာျဖစ္ၿပီး ျပႆနာမရွိေလာက္ဘူးလုိ႔ ကၽြန္ေတာ္ထင္ပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ မန္စီးတီးအသင္းဟာ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္အဖြင့္ပဲြအျဖစ္ လာမယ့္ၾသဂုတ္(၁၂)ရက္မွာ အာဆင္နယ္နဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပဲြကုိ မာရက္ဇ္ လဲြေခ်ာ္မယ့္အေနအထားရွိေနပါၿပီ။

REF:The Sun
Photo:The Sun,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီအစပွဲတွေကို လွဲချော်ဖို့ရှိနေတဲ့ မာရက်ဇ် Mahrez

မန်စီးတီးအသင်းရဲ့ အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ် Mahrez ဟာ ဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ခြေစမ်းပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့မရှိတော့ဘဲ ဒီနေ့(တနင်္ဂနွေ)မှာ အင်္ဂလန်နိုင်ငံကို ပြန်ရောက်လာပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းကို ပေါင်သန်း(၆၀)နဲ့ ရောက်ရှိခဲ့တဲ့ မာရက်ဇ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ကစားခဲ့တဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။ မာရက်ဇ်ဟာ မန်ချက်စတာလေဆိပ်ကို ရောက်ရှိခဲ့တဲ့အချိန်မှာ ခြေထောက်ကာဖိနပ်ဝတ်ဆင်ထားတာကြောင့် သူ့ရဲ့ဒဏ်ရာက ပြင်းထန်မယ့်အနေအထားရှိနေတယ်။

Mahrez-Injury

Mahrez-Injury

ဂွါဒီယိုလာ Guardiola က “မာရက်ဇ်ရဲ့ဒဏ်ရာအနေအထားက ဘယ်လောက်အထိ ဆိုးရွားသလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ သူဟာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာပါ။ မာရက်ဇ်ရဲ့ဒဏ်ရာကို ကျွန်တော်တို့ စောင့်ကြည့်သွားရမှာဖြစ်ပြီး ပြဿနာမရှိလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောကြားခဲ့တယ်။ မန်စီးတီးအသင်းဟာ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် လာမယ့်သြဂုတ်(၁၂)ရက်မှာ အာဆင်နယ်နဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲကို မာရက်ဇ် လွဲချော်မယ့်အနေအထားရှိနေပါပြီ။

REF:The Sun
Photo:The Sun,Evening Standard
Naing Linn(Akhayar)
www.akhayar.com