[Zawgyi]

လက္စတာအသင္းရဲ႕ဆံုးျဖတ္ခ်က္ကို ေလးစားတယ္လို႔ ေျပာလိုက္တဲ႔ မက္ဂိြဳင္းေယး Maguire

လက္စတာအသင္းရဲ႕ အဂၤလန္ေနာက္ခံလူ မက္ဂိြဳင္းေယး Maguire ဟာ မန္ယူအသင္းကိုမေျပာင္းဖို႔ တားဆီးပိတ္ပင္ခဲ႔တဲ႔ အသင္းရဲ႕ဆံုးျဖတ္ခ်က္အေပၚ ေလးစားတယ္လို႔ ေျပာဆိုခဲ႔ပါတယ္။ ျပီးခဲ႔တဲ႔ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာ မက္ဂိြဳင္းေယး Maguire ဟာ ေျခစြမ္းျပကစားခဲ႔တာေၾကာင္႔ မန္ယူအသင္းနည္းျပ ေမာ္ရင္ဟို Mourinho ဟာ ေခၚယူဖို႔ၾကိဳးစားခဲ႔တာပဲ ျဖစ္ပါတယ္။ ျပီးခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ ေဆာက္သမ္တန္( ၁ – ၂ ) လက္စတာပြဲစဥ္မွာ မက္ဂိြဳင္းေယး Maguire ဟာအသင္းအတြက္ အႏိုင္ဂိုးကိုသြင္းယူေပးခဲ႔ပါတယ္။

Maguire

Maguire

မက္ဂိြဳင္းေယး Maguire က ” ျပီးခဲ႔တဲ႔ ကမၻာ႔ဖလားျပိဳင္ပြဲမွာ ကစားပံုေကာင္းခဲ႔ေတာ႔ စိတ္၀င္စားတဲ႔အသင္းေတြကေတာ႔ရိွမွာပါ။ ဒါေပမဲ႔ အသင္းပိုင္ရွင္က က်ြန္ေတာ္ကိုေရာင္းခ်မွာမဟုတ္ဘူးလို႔ သိခဲ႔ရပါတယ္။ သူတို႔ရဲ႕ဆံုးျဖတ္ခ်က္အေပၚ က်ြန္ေတာ္ ေလးစားမႈရိွပါတယ္။ သူတို႔က က်ြန္ေတာ္႔ကို ဒီအသင္းမွာကစားဖို႔ အခြင္႔အေရးေပးခဲ႔ပါတယ္။အသင္းက ေကာင္းမြန္ျပီး တိုးတက္မႈေတြလည္းရိွပါတယ္။ လက္ရိွမွာေတာ႔ က်ြန္ေတာ္ လက္စတာစီးတီးအသင္းအတြက္ပဲ အာရံုစိုက္ထားပါတယ္။ က်ြန္ေတာ္က ရည္မွန္းခ်က္ၾကီးတဲ႔ ကစားသမားပါ။ အသင္းက ကစားသမားေတြကေကာင္းၾကျပီး အရည္အခ်င္းရိွတယ္လို႔ က်ြန္ေတာ္ထင္ပါတယ္။ က်ြန္ေတာ္တို႔ အေကာင္းဆံုးအတူတြဲဖက္ကစားႏိုင္ၾကရင္ အသင္းဟာ ဒီႏွစ္မွာအေကာင္းဆံုးမွာရိွေနမွာပါ ” လို႔ေျပာၾကားခဲ႔ပါတယ္။

Ref: Goal.com
Photo: LCFC.com , Motivational Speakers
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လက်စတာအသင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားတယ်လို့ ပြောလိုက်တဲ့ မက်ဂွိုင်းယေး Maguire

လက်စတာအသင်းရဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယေး Maguire ဟာ မန်ယူအသင်းကိုမပြောင်းဖို့ တားဆီးပိတ်ပင်ခဲ့တဲ့ အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် လေးစားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဂွိုင်းယေး Maguire ဟာ ခြေစွမ်းပြကစားခဲ့တာကြောင့် မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ ခေါ်ယူဖို့ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဆောက်သမ်တန်( ၁ – ၂ ) လက်စတာပွဲစဉ်မှာ မက်ဂွိုင်းယေး Maguire ဟာအသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

Maguire

Maguire

မက်ဂွိုင်းယေး Maguire က ” ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားပုံကောင်းခဲ့တော့ စိတ်ဝင်စားတဲ့အသင်းတွေကတော့ရှိမှာပါ။ ဒါပေမဲ့ အသင်းပိုင်ရှင်က ကျွန်တော်ကိုရောင်းချမှာမဟုတ်ဘူးလို့ သိခဲ့ရပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ် ကျွန်တော် လေးစားမှုရှိပါတယ်။ သူတို့က ကျွန်တော့်ကို ဒီအသင်းမှာကစားဖို့ အခွင့်အရေးပေးခဲ့ပါတယ်။အသင်းက ကောင်းမွန်ပြီး တိုးတက်မှုတွေလည်းရှိပါတယ်။ လက်ရှိမှာတော့ ကျွန်တော် လက်စတာစီးတီးအသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်က ရည်မှန်းချက်ကြီးတဲ့ ကစားသမားပါ။ အသင်းက ကစားသမားတွေကကောင်းကြပြီး အရည်အချင်းရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးအတူတွဲဖက်ကစားနိုင်ကြရင် အသင်းဟာ ဒီနှစ်မှာအကောင်းဆုံးမှာရှိနေမှာပါ ” လို့ပြောကြားခဲ့ပါတယ်။

Ref: Goal.com
Photo: LCFC.com , Motivational Speakers
Ko Kyue(Akhayar)
www.akhayar.com