This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ All European Final ပြဲမ်ားအေၾကာင္း အပိုင္း (၁)

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲကေတာ့ ေနာက္ဆံုးဗိုလ္လုပြဲအဆင့္ကို ေရာက္ရွိလာခဲ့ပါၿပီ။ လာမယ့္ တနဂၤေႏြေန႔မွာေတာ့ ရုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ နာမည္ေက်ာ္ လုဇ္နီကီကြင္းႀကီးမွာ ေနာက္ဆံုးဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားၾကေတာ့မွာျဖစ္ပါတယ္။ ေနာက္ဆံုးဗိုလ္လုပြဲကို ဥေရာပတိုက္ကိုယ္စားျပဳအသင္းေတြျဖစ္တဲ့ ျပင္သစ္အသင္းနဲ႔ ခရိုေအးရွားအသင္းတို႔ တက္ေရာက္လာခဲ့ၿပီး All European Final အျဖစ္ ယွဥ္ၿပိဳင္ကစားသြားၾကမွာျဖစ္ပါတယ္။ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ဥေရာပအသင္းအခ်င္းခ်င္း ဗိုလ္လုပြဲအဆင့္မွာ ထိပ္တိုက္ေတြ႔ဆံုခဲ့တာက (၁၀)ႀကိမ္အထိ ရွိခဲ့ၿပီး ျပင္သစ္အသင္းနဲ႔ ခရိုေအးရွားအသင္းတို႔က (၁၁)ႀကိမ္ေျမာက္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားေတာ့မွာျဖစ္ပါတယ္။ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ All European Final ပြဲစဥ္ေတြနဲ႔ All European Final ပြဲေတြရဲ႕ အမွတ္တရျဖစ္ေစခဲ့တဲ့ ျဖစ္ရပ္တခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

1934-FIFA-World-Cup-Champions-Italy

1934-FIFA-World-Cup-Champions-Italy

အီတလီ ၂-၁ ခ်က္ကိုဆလိုဗက္ကီးယား (၁၉၃၄ ကမၻာ႔ဖလား)
ဒုတိယအႀကိမ္ေျမာက္အျဖစ္ က်င္းပခဲ့တဲ့ ၿပိဳင္ပြဲမွာပဲ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ပထမဆံုး All European Final ျဖစ္ခဲ့တယ္။ အီတလီအသင္းနဲ႔ ခ်က္ကိုဆလိုဗက္ကီးယားအသင္းတို႔ ထိပ္တိုက္ေတြ႔ဆံုခဲ့တာျဖစ္ၿပီး မိနစ္ (၉၀)အတြင္း သေရက်ေနခဲ့လို႔ အခ်ိန္ပိုအထိ ကစားခဲ့ရတယ္။ ခ်က္ကိုဆလိုဗက္ကီးယားအသင္းက ပြဲကစားခ်ိန္ (၇၁)မိနစ္မွာ ေတာင္ပံတိုက္စစ္ကစားသမား Antonin Puc ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲကစားခ်ိန္ (၈၁)မိနစ္မွာ အီတလီေတာင္ပံတိုက္စစ္ကစားသမား Orsi ရဲ႕ သြင္းဂိုးကို ျပန္လည္ခြင့္ျပဳခဲ့ရတယ္။ သာမန္ပြဲကစားခ်ိန္အတြင္း (၁-၁)ဂိုးစီ သေရက်ေနခဲ့လို႔ အခ်ိန္ပိုဆက္ကစားခဲ့ရၿပီး အီတလီတိုက္စစ္မွဴး Schiavio ရဲ႕ သြင္းဂိုးေၾကာင့္ အိမ္ရွင္အီတလီတို႔ ကမၻာ႔ဖလားခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏုိင္ခဲ့တယ္။
အမွတ္တရျဖစ္ရပ္
ႏွစ္သင္းစလံုးရဲ႕ အသင္းေခါင္းေဆာင္ေတြအျဖစ္ ဂိုးသမားေတြက တာဝန္ယူခဲ့တာျဖစ္ပါတယ္။ အီတလီဂိုးသမား Giampiero Combi နဲ႔ ခ်က္ကိုဆလိုဗက္ကီးယားဂိုးသမား Frantisek Planicka တို႔က အသင္းေခါင္းေဆာင္ေတြအျဖစ္ အသီးသီး တာဝန္ယူခဲ့တာျဖစ္ပါတယ္။

1938-World-Cup-Final-Match

1938-World-Cup-Final-Match

အီတလီ ၄-၂ ဟန္ေဂရီ (၁၉၃၈ ကမၻာ႔ဖလား)
အီတလီအသင္းဟာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ Gino Colaussi နဲ႔ Silvio Piola တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ဟန္ေဂရီအသင္းကို အႏိုင္ယူၿပီး ကမၻာ႔ဖလားသမိုင္းမွာ လက္ရွိခ်န္ပီယံဘြဲ႔ကို ကာကြယ္ႏိုင္တဲ့ ပထမဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ အီတလီအသင္းကို နည္းျပအျဖစ္ တာဝန္ယူခဲ့တဲ့ Vittorio Pozzo ဟာလည္း ကမၻာ႔ဖလားခ်န္ပီယံဆုကို (၂)ႀကိမ္ ရယူႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။
အမွတ္တရျဖစ္ရပ္
ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ပြဲတိုင္းဂိုးေပးခဲ့ရၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ တစ္သင္းထဲေသာအသင္းအျဖစ္ အီတလီအသင္း မွတ္တမ္းဝင္ခဲ့တယ္။ အီတလီအသင္းဟာ ေနာ္ေဝအသင္းကို (၂-၁)ဂိုး၊ ျပင္သစ္အသင္းကို (၃-၁)ဂိုး၊ ဘရာဇီးလ္အသင္းကို (၂-၁)ဂိုး၊ ဟန္ေဂရီအသင္းကို (၄-၂)ဂိုးေတြနဲ႔ ရလဒ္ေတြနဲ႔ ၿပိဳင္ဘက္အသင္းေတြကို အႏိုင္ရခဲ့တာျဖစ္ေပမယ့္ ပြဲတိုင္းဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

1954-FIFA-World-Cup-Champion-West-Germany

1954-FIFA-World-Cup-Champion-West-Germany

အေနာက္ဂ်ာမနီ ၃-၂ ဟန္ေဂရီ (၁၉၅၄ ကမၻာ႔ဖလား)
‘The Miracle of Bern’ လို႔ အမည္ရခဲ့တဲ့ ဗိုလ္လုပြဲျဖစ္ၿပီး အနိမ့္၊ အျမင့္၊ အတက္၊ အက်ေတြေၾကာင့္ ကမၻာ႔ဖလားသမိုင္းမွာ တစ္သသျဖစ္က်န္ေနမယ့္ ဗိုလ္လုပြဲတစ္ပြဲျဖစ္ခဲ့တယ္။ အုပ္စုပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဟန္ေဂရီအသင္းက (၈-၃)ဂိုးဆိုတဲ့ ျပတ္သားတဲ့ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ေနာက္ဆံုးဗိုလ္လုပြဲအျဖစ္ ထိပ္တိုက္ေတြ႔ဆံုခဲ့တဲ့ ပြဲမွာလည္း ပြဲအစ (၈)မိနစ္အတြင္း သြင္းယူခဲ့တဲ့ ဟန္ေဂရီအသင္းရဲ႕ သြင္းဂိုး (၂)ဂိုးေၾကာင့္ အေနာက္ဂ်ာမနီအသင္း ျပန္လာဖို႔ မရွိေတာ့ဘူးလို႔ ထင္မွတ္ထားခဲ့ၾကတယ္။ မထင္မွတ္တဲ့ အေနအထားမွာ Max Morlock နဲ႔ Helmut Rahn တို႔ရဲ႕ သြငး္ဂိုးေတြေၾကာင့္ (၃-၂)ဂိုးဆိုတဲ့ ရလဒ္နဲ႔ အေနာက္ဂ်ာမနီအသင္း အံ့အားသင့္ဖြယ္ အႏိုင္ရရွိခဲ့တယ္။
အမွတ္တရျဖစ္ရပ္
ဗိုလ္လုပြဲအရံႈးရလဒ္ေၾကာင့္ (၄)ႏွစ္အတြင္း ကစားခဲ့တဲ့ ပြဲေပါင္း (၃၀)ကို ရံႈးပြဲမရွိ ကစားႏိုင္ခဲ့တဲ့ ဟန္ေဂရီအသင္းရဲ႕ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုလည္း က်ိဳးပ်က္ခဲ့တယ္။ ဟန္ေဂရီအသင္းရဲ႕ စံခ်ိန္ဟာ ႏွစ္ေပါင္းအေတာ္ၾကာတဲ့အထိ အေကာင္းဆံုး စံခ်ိန္တစ္ခုအျဖစ္ တည္ရွိခဲ့ၿပီး ၁၉၉၃ ခုႏွစ္မွ အာဂ်င္တီးနားအသင္းက ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္။

1966-FIFA-World-Cup-Winner-England

1966-FIFA-World-Cup-Winner-England

အဂၤလန္ ၄-၂ အေနာက္ဂ်ာမနီ (၁၉၆၆ ကမၻာ႔ဖလား)
အဂၤလန္အသင္းရဲ႕ ပထမဆံုးနဲ႔ ေနာက္ဆံုးေရာက္ခဲ့တဲ့ အမွတ္ရဖြယ္ဗိုလ္လုပြဲ၊ အဓိကၿပိဳင္ပြဲႀကီးတစ္ရပ္မွာ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာ ဆုဖလား၊ ဂႏၳဝင္တိုက္စစ္မွဴး Geoff Hurst ရဲ႕ ဂႏၳဝင္တစ္ဦးျဖစ္ေစခဲ့တဲ့ အခ်ိန္ပို Hat-Trick သြင္းဂိုးေတြနဲ႔ အေနာက္ဂ်ာမနီကို အႏိုင္ခဲ့ရတာျဖစ္ပါတယ္။
အမွတ္တရျဖစ္ရပ္
၁၉၅၄ ၿပိဳင္ပြဲမွာ အေနာက္ဂ်ာမနီအသင္းအတြက္ ကစားေပးခဲ့တဲ့ Fritz Walter နဲ႔ Ottmar Walter တို႔ ညီအစ္ကို (၂)ဦးေနာက္ပိုင္း အဂၤလန္အသင္းရဲ႕ Bobby Charlton နဲ႔ Jack Charlton တို႔ (၂)ဦးက ခ်န္ပီယံဆုကို ရရွိခဲ့တဲ့ ညီအစ္ကို (၂)ဦးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

1974-FIFA-World-Cup-Winner-West-Germany

1974-FIFA-World-Cup-Winner-West-Germany

နယ္သာလန္ ၁-၂ အေနာက္ဂ်ာမနီ (၁၉၇၄ ကမၻာ႔ဖလား)
နယ္သာလန္အသင္းက ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ Paul Breitner ရဲ႕ ပယ္နယ္တီဂိုးနဲ႔ ေခ်ပႏိုင္ခဲ့ၿပီး ဂႏၳဝင္တိုက္စစ္မွဴး Gerd Muller ေၾကာင့္ အေနာက္ဂ်ာမနီတို႔ ဒုတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့တယ္။
အမွတ္တရျဖစ္ရပ္
ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲတစ္ခုအတြင္း ဂိုးအမ်ားဆံုး သြင္းယူခဲ့တဲ့ ကစားသမားအျဖစ္ လက္ရွိအခ်ိန္အထိ မွတ္တမ္းဝင္ေနတဲ့ Gerd Muller က သြင္းဂိုး (၁၄)ဂိုးအထိ စံခ်ိန္တင္ရယူခဲ့တာျဖစ္ပါတယ္။ ထူးျခားခ်က္အေနနဲ႔ သူ႔ရဲ႕ သြင္းဂိုး (၁၄)ဂိုးမွာ ဧရိယာျပင္ပက သြင္းယူခဲ့တဲ့ သြင္းဂိုး တစ္ဂိုးမွမပါဝင္ခဲ့ဘဲ (၇)ဂိုးကို (၆)ကိုက္စည္းအတြင္းကေန သြင္းယူခဲ့တာျဖစ္ပါတယ္။

– ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ All European Final ပြဲစဥ္ေတြနဲ႔ All European Final ပြဲေတြရဲ႕ အမွတ္တရျဖစ္ရပ္တခ်ိဳ႕ကို အပိုင္း (၂)ပိုင္းနဲ႔ ေဖာ္ျပေပးသြားမွာျဖစ္ၿပီး ေနာက္ရက္မွာ ဒုတိယပိုင္းကို ဆက္လက္ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

REF:FIFA.com
Photo:FIFA.com, Goal.com, SI.com
Aung Kyaw Wai (Akhayar)
www.akhayar,com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ All European Final ပွဲများအကြောင်း အပိုင်း (၁)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ နာမည်ကျော် လုဇ်နီကီကွင်းကြီးမှာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကို ဥရောပတိုက်ကိုယ်စားပြုအသင်းတွေဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ တက်ရောက်လာခဲ့ပြီး All European Final အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဥရောပအသင်းအချင်းချင်း ဗိုလ်လုပွဲအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့တာက (၁၀)ကြိမ်အထိ ရှိခဲ့ပြီး ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့က (၁၁)ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် All European Final ပွဲစဉ်တွေနဲ့ All European Final ပွဲတွေရဲ့ အမှတ်တရဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1934-FIFA-World-Cup-Champions-Italy

1934-FIFA-World-Cup-Champions-Italy

အီတလီ ၂-၁ ချက်ကိုဆလိုဗက်ကီးယား (၁၉၃၄ ကမ္ဘာ့ဖလား)
ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာပဲ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံး All European Final ဖြစ်ခဲ့တယ်။ အီတလီအသင်းနဲ့ ချက်ကိုဆလိုဗက်ကီးယားအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး မိနစ် (၉၀)အတွင်း သရေကျနေခဲ့လို့ အချိန်ပိုအထိ ကစားခဲ့ရတယ်။ ချက်ကိုဆလိုဗက်ကီးယားအသင်းက ပွဲကစားချိန် (၇၁)မိနစ်မှာ တောင်ပံတိုက်စစ်ကစားသမား Antonin Puc ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် (၈၁)မိနစ်မှာ အီတလီတောင်ပံတိုက်စစ်ကစားသမား Orsi ရဲ့ သွင်းဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရတယ်။ သာမန်ပွဲကစားချိန်အတွင်း (၁-၁)ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရပြီး အီတလီတိုက်စစ်မှူး Schiavio ရဲ့ သွင်းဂိုးကြောင့် အိမ်ရှင်အီတလီတို့ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တယ်။
အမှတ်တရဖြစ်ရပ်
နှစ်သင်းစလုံးရဲ့ အသင်းခေါင်းဆောင်တွေအဖြစ် ဂိုးသမားတွေက တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အီတလီဂိုးသမား Giampiero Combi နဲ့ ချက်ကိုဆလိုဗက်ကီးယားဂိုးသမား Frantisek Planicka တို့က အသင်းခေါင်းဆောင်တွေအဖြစ် အသီးသီး တာဝန်ယူခဲ့တာဖြစ်ပါတယ်။

1938-World-Cup-Final-Match

1938-World-Cup-Final-Match

အီတလီ ၄-၂ ဟန်ဂေရီ (၁၉၃၈ ကမ္ဘာ့ဖလား)
အီတလီအသင်းဟာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Gino Colaussi နဲ့ Silvio Piola တို့ရဲ့ သွင်းဂိုးတွေကြောင့် ဟန်ဂေရီအသင်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလားသမိုင်းမှာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အီတလီအသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ Vittorio Pozzo ဟာလည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို (၂)ကြိမ် ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
အမှတ်တရဖြစ်ရပ်
ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပွဲတိုင်းဂိုးပေးခဲ့ရပြီး ချန်ပီယံဖြစ်ခဲ့တဲ့ တစ်သင်းထဲသောအသင်းအဖြစ် အီတလီအသင်း မှတ်တမ်းဝင်ခဲ့တယ်။ အီတလီအသင်းဟာ နော်ဝေအသင်းကို (၂-၁)ဂိုး၊ ပြင်သစ်အသင်းကို (၃-၁)ဂိုး၊ ဘရာဇီးလ်အသင်းကို (၂-၁)ဂိုး၊ ဟန်ဂေရီအသင်းကို (၄-၂)ဂိုးတွေနဲ့ ရလဒ်တွေနဲ့ ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့တာဖြစ်ပေမယ့် ပွဲတိုင်းဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

1954-FIFA-World-Cup-Champion-West-Germany

1954-FIFA-World-Cup-Champion-West-Germany

အနောက်ဂျာမနီ ၃-၂ ဟန်ဂေရီ (၁၉၅၄ ကမ္ဘာ့ဖလား)
‘The Miracle of Bern’ လို့ အမည်ရခဲ့တဲ့ ဗိုလ်လုပွဲဖြစ်ပြီး အနိမ့်၊ အမြင့်၊ အတက်၊ အကျတွေကြောင့် ကမ္ဘာ့ဖလားသမိုင်းမှာ တစ်သသဖြစ်ကျန်နေမယ့် ဗိုလ်လုပွဲတစ်ပွဲဖြစ်ခဲ့တယ်။ အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟန်ဂေရီအသင်းက (၈-၃)ဂိုးဆိုတဲ့ ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲမှာလည်း ပွဲအစ (၈)မိနစ်အတွင်း သွင်းယူခဲ့တဲ့ ဟန်ဂေရီအသင်းရဲ့ သွင်းဂိုး (၂)ဂိုးကြောင့် အနောက်ဂျာမနီအသင်း ပြန်လာဖို့ မရှိတော့ဘူးလို့ ထင်မှတ်ထားခဲ့ကြတယ်။ မထင်မှတ်တဲ့ အနေအထားမှာ Max Morlock နဲ့ Helmut Rahn တို့ရဲ့ သွင်းဂိုးတွေကြောင့် (၃-၂)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနောက်ဂျာမနီအသင်း အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တယ်။
အမှတ်တရဖြစ်ရပ်
ဗိုလ်လုပွဲအရှုံးရလဒ်ကြောင့် (၄)နှစ်အတွင်း ကစားခဲ့တဲ့ ပွဲပေါင်း (၃၀)ကို ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့ ဟန်ဂေရီအသင်းရဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုလည်း ကျိုးပျက်ခဲ့တယ်။ ဟန်ဂေရီအသင်းရဲ့ စံချိန်ဟာ နှစ်ပေါင်းအတော်ကြာတဲ့အထိ အကောင်းဆုံး စံချိန်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှ အာဂျင်တီးနားအသင်းက ချိုးဖျက်နိုင်ခဲ့တယ်။

1966-FIFA-World-Cup-Winner-England

1966-FIFA-World-Cup-Winner-England

အင်္ဂလန် ၄-၂ အနောက်ဂျာမနီ (၁၉၆၆ ကမ္ဘာ့ဖလား)
အင်္ဂလန်အသင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံးရောက်ခဲ့တဲ့ အမှတ်ရဖွယ်ဗိုလ်လုပွဲ၊ အဓိကပြိုင်ပွဲကြီးတစ်ရပ်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော ဆုဖလား၊ ဂန္ထဝင်တိုက်စစ်မှူး Geoff Hurst ရဲ့ ဂန္ထဝင်တစ်ဦးဖြစ်စေခဲ့တဲ့ အချိန်ပို Hat-Trick သွင်းဂိုးတွေနဲ့ အနောက်ဂျာမနီကို အနိုင်ခဲ့ရတာဖြစ်ပါတယ်။
အမှတ်တရဖြစ်ရပ်
၁၉၅၄ ပြိုင်ပွဲမှာ အနောက်ဂျာမနီအသင်းအတွက် ကစားပေးခဲ့တဲ့ Fritz Walter နဲ့ Ottmar Walter တို့ ညီအစ်ကို (၂)ဦးနောက်ပိုင်း အင်္ဂလန်အသင်းရဲ့ Bobby Charlton နဲ့ Jack Charlton တို့ (၂)ဦးက ချန်ပီယံဆုကို ရရှိခဲ့တဲ့ ညီအစ်ကို (၂)ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

1974-FIFA-World-Cup-Winner-West-Germany

1974-FIFA-World-Cup-Winner-West-Germany

နယ်သာလန် ၁-၂ အနောက်ဂျာမနီ (၁၉၇၄ ကမ္ဘာ့ဖလား)
နယ်သာလန်အသင်းက ဦးဆောင်နိုင်ခဲ့ပေမယ့် Paul Breitner ရဲ့ ပယ်နယ်တီဂိုးနဲ့ ချေပနိုင်ခဲ့ပြီး ဂန္ထဝင်တိုက်စစ်မှူး Gerd Muller ကြောင့် အနောက်ဂျာမနီတို့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။
အမှတ်တရဖြစ်ရပ်
ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုအတွင်း ဂိုးအများဆုံး သွင်းယူခဲ့တဲ့ ကစားသမားအဖြစ် လက်ရှိအချိန်အထိ မှတ်တမ်းဝင်နေတဲ့ Gerd Muller က သွင်းဂိုး (၁၄)ဂိုးအထိ စံချိန်တင်ရယူခဲ့တာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ သူ့ရဲ့ သွင်းဂိုး (၁၄)ဂိုးမှာ ဧရိယာပြင်ပက သွင်းယူခဲ့တဲ့ သွင်းဂိုး တစ်ဂိုးမှမပါဝင်ခဲ့ဘဲ (၇)ဂိုးကို (၆)ကိုက်စည်းအတွင်းကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

– ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် All European Final ပွဲစဉ်တွေနဲ့ All European Final ပွဲတွေရဲ့ အမှတ်တရဖြစ်ရပ်တချို့ကို အပိုင်း (၂)ပိုင်းနဲ့ ဖော်ပြပေးသွားမှာဖြစ်ပြီး နောက်ရက်မှာ ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

REF:FIFA.com
Photo:FIFA.com, Goal.com, SI.com
Aung Kyaw Wai (Akhayar)
www.akhayar,com