This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ All European Final ပြဲမ်ားအေၾကာင္း အပိုင္း (၂)

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲကေတာ့ ေနာက္ဆံုးဗိုလ္လုပြဲအဆင့္ကို ေရာက္ရွိလာခဲ့ပါၿပီ။ လာမယ့္ တနဂၤေႏြေန႔မွာေတာ့ ရုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ နာမည္ေက်ာ္ လုဇ္နီကီကြင္းႀကီးမွာ ေနာက္ဆံုးဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားၾကေတာ့မွာျဖစ္ပါတယ္။ ေနာက္ဆံုးဗိုလ္လုပြဲကို ဥေရာပတိုက္ကိုယ္စားျပဳအသင္းေတြျဖစ္တဲ့ ျပင္သစ္အသင္းနဲ႔ ခရိုေအးရွားအသင္းတို႔ တက္ေရာက္လာခဲ့ၿပီး All European Final အျဖစ္ ယွဥ္ၿပိဳင္ကစားသြားၾကမွာျဖစ္ပါတယ္။ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ဥေရာပအသင္းအခ်င္းခ်င္း ဗိုလ္လုပြဲအဆင့္မွာ ထိပ္တိုက္ေတြ႔ဆံုခဲ့တာက (၈)ႀကိမ္အထိ ရွိခဲ့ၿပီး ျပင္သစ္အသင္းနဲ႔ ခရိုေအးရွားအသင္းတို႔က (၉)ႀကိမ္ေျမာက္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားေတာ့မွာျဖစ္ပါတယ္။ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ All European Final ပြဲစဥ္ေတြနဲ႔ All European Final ပြဲေတြရဲ႕ အမွတ္တရျဖစ္ေစခဲ့တဲ့ ျဖစ္ရပ္တခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

1982-FIFA-World-Cup-Winner-Italy

အီတလီ ၃-၁ ဂ်ာမနီ (၁၉၈၂ ကမၻာ႔ဖလား)
ေပၚလိုေရာ႔စီ Paolo Rossi ဦးေဆာင္တဲ့ အီတလီတိုက္စစ္ကို ဂ်ာမနီအသင္း မထိန္းခ်ဳပ္ႏိုင္ခဲ့ဘဲ ဂိုးျပတ္အရံႈးေပးခဲ့ရတယ္။ အီတလီအတြက္ တတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကို ရရွိခဲ့တာလည္းျဖစ္တယ္။
အမွတ္တရျဖစ္ရပ္
အီတလီအသင္းက အသက္ (၄၀)အရြယ္ရွိ ဒိုင္ႏိုေဇာ့ဖ္ Dino Zoff နဲ႔ အသက္ (၁၈)ႏွစ္ အရြယ္ရွိ ဘာဂိုမီ Bergomi တို႔ အီတလီအသင္းမွာ ပါဝင္ခဲ့ၿပီး ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ အသက္အႀကီးဆံုးကစားသမားနဲ႔ အသက္အငယ္ဆံုးကစားသမားတို႔ကို ပြဲထုတ္ခဲ့တဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။

2006-FIFA-World-Cup-winner-Italy

2006-FIFA-World-Cup-winner-Italy

အီတလီ ၁-၁ ျပင္သစ္ (၂၀၀၆ ကမၻာ႔ဖလား)
အီတလီအသင္းက ပယ္နယ္တီအဆံုးအျဖတ္နဲ႔ အႏိုင္ရဗိုလ္စြဲခဲ့ၿပီး မာတာရာဇီ Materazzi ကို ေခါင္းနဲ႔ တိုက္ခဲ့တဲ့ ဇီဒန္း Zidane ရဲ႕ ျဖစ္ရပ္ေၾကာင့္ နာမည္ေက်ာ္ခဲ့တဲ့ ဗိုလ္လုပြဲတစ္ပြဲျဖစ္ခဲ့တယ္။
အမွတ္တရျဖစ္ရပ္
အီတလီအသင္းအတြက္ တိုက္စစ္မွဴး လူကာတိုနီ Luca Toni က သြင္းဂိုး (၂)ဂိုးနဲ႔ ဂိုးအမ်ားဆံုး သြင္းယူေပးခဲ့ၿပီး သြင္းဂိုး (၃)ဂိုးနဲ႔ အထက္ သြင္းယူေပးခဲ့တဲ့ ကစားသမားမရွိဘဲ ခ်န္ပီယံျဖစ္ခဲ့တဲ့ အသင္းအျဖစ္ အီတလီအသင္း မွတ္တမ္းဝင္ခဲ့တယ္။

2010-FIFA-World-Cup-winner-Spain

2010-FIFA-World-Cup-winner-Spain

စပိန္ ၁-၀ နယ္သာလန္ (၂၀၁၀ ကမၻာ႔ဖလား)
အင္နီေယစတာ Iniesta ရဲ႕ အခ်ိန္ပို သြင္းဂိုးနဲ႔ နယ္သာလန္အသင္းကို အႏိုင္ယူၿပီး စပိန္တို႔ ပထမဆံုးအႀကိမ္ ကမၻာ႔ဖလားကို ရယူႏိုင္ခဲ့တယ္။ အဝါကတ္ (၁၄)ကတ္အထိ အသံုးျပဳခဲ့ရၿပီး အဝါကတ္အမ်ားဆံုး အသံုးျပဳခဲ့ရတဲ့ ဗိုလ္လုပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။
အမွတ္တရျဖစ္ရပ္
ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ အဖြင့္ပြဲမွာ ရံႈးနိမ့္ခဲ့ေပမယ့္ ခ်န္ပီယံဆုကို ဆြြတ္ခူးႏိုင္ခဲ့တဲ့ အသင္းအျဖစ္ စပိန္အသင္းမွတ္တမ္းဝင္ခဲ့တယ္။

ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ All European Final ပြဲေတြရဲ႕ ျဖစ္ရပ္တခ်ိဳ႕နဲ႔ အမွတ္တရျဖစ္ရပ္ေတြကို အပိုင္း (၂)ပိုင္းခဲြၿပီး ေဖာ္ျပေပးခဲ့တာျဖစ္ပါတယ္။ [ အပိုင္း (၁) ] ဖတ္ရႈလိုပါက ႏွိပ္ရန္

REF:FIFA.com
Photo:FIFA.com, Goal.com, SI.com
Aung Kyaw Wai (Akhayar)
www.akhayar,com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ All European Final ပွဲများအကြောင်း အပိုင်း (၂)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ နာမည်ကျော် လုဇ်နီကီကွင်းကြီးမှာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကို ဥရောပတိုက်ကိုယ်စားပြုအသင်းတွေဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ တက်ရောက်လာခဲ့ပြီး All European Final အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဥရောပအသင်းအချင်းချင်း ဗိုလ်လုပွဲအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့တာက (၈)ကြိမ်အထိ ရှိခဲ့ပြီး ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့က (၉)ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် All European Final ပွဲစဉ်တွေနဲ့ All European Final ပွဲတွေရဲ့ အမှတ်တရဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1982-FIFA-World-Cup-Winner-Italy

အီတလီ ၃-၁ ဂျာမနီ (၁၉၈၂ ကမ္ဘာ့ဖလား)
ပေါ်လိုရော့စီ Paolo Rossi ဦးဆောင်တဲ့ အီတလီတိုက်စစ်ကို ဂျာမနီအသင်း မထိန်းချုပ်နိုင်ခဲ့ဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရတယ်။ အီတလီအတွက် တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့တာလည်းဖြစ်တယ်။
အမှတ်တရဖြစ်ရပ်
အီတလီအသင်းက အသက် (၄၀)အရွယ်ရှိ ဒိုင်နိုဇော့ဖ် Dino Zoff နဲ့ အသက် (၁၈)နှစ် အရွယ်ရှိ ဘာဂိုမီ Bergomi တို့ အီတလီအသင်းမှာ ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာ အသက်အကြီးဆုံးကစားသမားနဲ့ အသက်အငယ်ဆုံးကစားသမားတို့ကို ပွဲထုတ်ခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

2006-FIFA-World-Cup-winner-Italy

2006-FIFA-World-Cup-winner-Italy

အီတလီ ၁-၁ ပြင်သစ် (၂၀၀၆ ကမ္ဘာ့ဖလား)
အီတလီအသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပြီး မာတာရာဇီ Materazzi ကို ခေါင်းနဲ့ တိုက်ခဲ့တဲ့ ဇီဒန်း Zidane ရဲ့ ဖြစ်ရပ်ကြောင့် နာမည်ကျော်ခဲ့တဲ့ ဗိုလ်လုပွဲတစ်ပွဲဖြစ်ခဲ့တယ်။
အမှတ်တရဖြစ်ရပ်
အီတလီအသင်းအတွက် တိုက်စစ်မှူး လူကာတိုနီ Luca Toni က သွင်းဂိုး (၂)ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူပေးခဲ့ပြီး သွင်းဂိုး (၃)ဂိုးနဲ့ အထက် သွင်းယူပေးခဲ့တဲ့ ကစားသမားမရှိဘဲ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းအဖြစ် အီတလီအသင်း မှတ်တမ်းဝင်ခဲ့တယ်။

2010-FIFA-World-Cup-winner-Spain

2010-FIFA-World-Cup-winner-Spain

စပိန် ၁-၀ နယ်သာလန် (၂၀၁၀ ကမ္ဘာ့ဖလား)
အင်နီယေစတာ Iniesta ရဲ့ အချိန်ပို သွင်းဂိုးနဲ့ နယ်သာလန်အသင်းကို အနိုင်ယူပြီး စပိန်တို့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တယ်။ အဝါကတ် (၁၄)ကတ်အထိ အသုံးပြုခဲ့ရပြီး အဝါကတ်အများဆုံး အသုံးပြုခဲ့ရတဲ့ ဗိုလ်လုပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
အမှတ်တရဖြစ်ရပ်
ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းအဖြစ် စပိန်အသင်းမှတ်တမ်းဝင်ခဲ့တယ်။

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် All European Final ပွဲတွေရဲ့ ဖြစ်ရပ်တချို့နဲ့ အမှတ်တရဖြစ်ရပ်တွေကို အပိုင်း (၂)ပိုင်းခွဲပြီး ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ [ အပိုင်း (၁) ] ဖတ်ရှုလိုပါက နှိပ်ရန်

REF:FIFA.com
Photo:FIFA.com, Goal.com, SI.com
Aung Kyaw Wai (Akhayar)
www.akhayar,com