[Zawgyi]

ေဒးဗစ္မိြဳက္စ္ရဲ႕ ျဖစ္ရပ္နဲ႔ ပံုစံတူကိုၾကံဳေတြ႕ေနရတဲ႔ ရီးယဲလ္နည္းျပ လိုပယ္တက္ဂီ

လက္ရိွ ရီးယဲလ္အသင္းရဲ႕ အေျခအေနကေတာ႔ အားလံုးသိတဲ႔အတိုင္းပါပဲ။ အခက္အခဲေတြ ၊ ဆိုးရြားမႈေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ နည္းျပ လိုပယ္တက္ဂီ Lopetegui ဟာ ရီးယဲလ္အသင္း ဥကၠဌ ပီရက္ဇ္ Perez လက္ထက္အဆိုးရြားဆံုး တာထြက္ရလဒ္ကို ပိုင္ဆိုင္ခဲ႔တဲ႔ နည္းျပျဖစ္ခဲ႔သလို အသင္းဟာလည္း ျပိဳင္ပြဲစံုေနာက္ဆံုး(၄)ပြဲဆက္ ဂုိးေပါက္ေပ်ာက္ဆံုးထားျပီး အခုလိုဂိုးေပါက္ေပ်ာက္ေနတာဟာ ၁၉၈၅ ခုႏွစ္ေနာက္ပိုင္း အသင္းသမိုင္းမွာ အၾကာဆံုးလည္းျဖစ္ေနပါတယ္။ ရီးယဲလ္အသင္းရဲ႕ လက္ရိွမွားယြင္းမႈေတြဟာ နည္းျပ လိုပယ္တက္ဂီမွာပဲ တာ၀န္ရိွေနတာလားဆိုတာ စဥ္းစားခ်င္စရာျဖစ္ေပမယ္႔ တကယ္တမ္းမွာေတာ႔ ဥကၠဌ ပီရက္ဇ္ ရဲ႕ အျပစ္လည္းမကင္းသလို တခ်ိဳ႕အရာေတြမွာေတာ႔ ကံတရားကိုပဲ အျပစ္တင္ရပါလိမ္႔မယ္။

 Perez

Perez

တကယ္တမ္းေျပာရရင္ ရီးယဲလ္အသင္းဟာ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီထဲက ကုန္ေနခဲ႔ပါျပီ။ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီ ေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးယဲလ္အသင္းဟာ ပြဲထြက္ကစားသမားအဆင္႔ရိွတဲ႔ ကစားသမားေတြကို လက္လႊတ္ခံခဲ႔သလို သူတို႔ရဲ႕ေနရာမွာ လူငယ္ေတြနဲ႔အစားထိုးခဲ႔ပါတယ္။ အဲဒီအခ်ိန္က အသင္းရဲ႕ နည္းျပဟာ ဇီဒန္း Zidane ျဖစ္သလို စီေရာ္နယ္လ္ဒို Cristiano Ronaldo လည္းရိွေနတာေၾကာင္႔ ဒီအရာဟာ ထင္သေလာက္မသိသာခဲ႔တာပါ။ ဒါေပမဲ႔ ရီးယဲလ္အသင္းဟာ လာလီဂါမွာေတာ႔ ႐ုန္းကန္ခဲ႔ရျပီး ခ်န္ပီယံလိဂ္ေအာင္ျမင္မႈေၾကာင္႔သာ ဒီအခ်က္ဟာ ထင္သာျမင္သာ မရိွခဲ႔တာဘဲျဖစ္ပါတယ္။

Cristiano-Ronaldo-And-Zidane

Cristiano-Ronaldo-And-Zidane

ဒီႏွစ္ေဘာလံုးရာသီမွာေတာ႔ ရီးယဲလ္အသင္း ဥကၠဌ ပီရက္ဇ္ ဟာဇီဒန္းနဲ႔ စီေရာ္နယ္လ္ဒို တို႔ကိုအသင္းကေန ထြက္ခြင္႔ေပးခဲ႔သလို နည္းျပသစ္အျဖစ္ လိုပယ္တက္ဂီ ကို ခန္႔ခဲ႔ျပီး လူငယ္ေတြကိုေနရာေပးခဲ႔ပါတယ္။ ပီရက္ဇ္ယံုၾကည္ခဲ႔တဲ႔ လူငယ္ေတြဟာ ရီးယဲလ္အသင္းရဲ႕ တန္းတစ္ခုမွာရိွမေနသလို စီေရာ္နယ္လ္ဒိုထြက္သြားတဲ႔ တိုက္စစ္ပိုင္းကိုလည္း လူျပန္မျဖည္႔ခဲ႔တာေၾကာင္႔ ဒီအခ်က္ေတြဟာ ပီရက္ဇ္ရဲ႕လိုအပ္ခ်က္ေတြလို႔ ေထာက္ျပရမွာျဖစ္ပါတယ္။ နည္းျပလိုပယ္တက္ဂီ ဟာလည္း ရာသီအစ ပြဲေတြမွာရလဒ္ေကာင္းေတြ ရယူႏိုင္ခဲ႔ေပမယ္႔ ပြဲဆက္ေတြမ်ားလာတဲ႔ အမွ်က်ဆင္းလာတဲ႔ အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ထိန္းညိွေပးတဲ႔ေနရာမွာ လိုအပ္ခ်က္ေတြမ်ားလြန္းခဲ႔ပါတယ္။ အခုလိုမ်ိဳးရလဒ္ေတြဆိုးေနခ်ိန္မွာ အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္ၾကတဲ႔ ဘန္ဇီမာ Benzema ၊ ေဘးလ္ Bale ၊ အစၥကို Isco နဲ႔ မာဆယ္လို Marcelo တို႔ဟာလည္း ဒဏ္ရာျပႆနာေတြနဲ႔ ၾကံဳေတြ႕ေနရတာကေတာ႔ လိုပယ္တက္ဂီရဲ႕ ကံတရားလို႔ပဲေျပာရပါလိမ္႔မယ္။

David-Moyes

David-Moyes

လက္ရိွ လိုပယ္တက္ဂီရင္ဆိုင္ေနရတဲ႔ ျဖစ္ရပ္ဟာ မန္ယူအသင္းမွာ ေဒးဗစ္မိြဳက္စ္ David Moyes ၾကံဳေတြ႕ခဲ႔ရတဲ႔ ျဖစ္ရပ္နဲ႔ပံုစံဆင္တူေနပါတယ္။ ဖာဂူဆန္ Ferguson ထြက္သြားတဲ႔ မန္ယူအသင္းဟာ အဲဒီအခ်ိန္ထဲကကုန္ေနခဲ႔ျပီ ျဖစ္ျပီး ေဒးဗစ္မိြဳက္စ္ဟာလည္း အသင္းကိုျပန္ျပင္ဆင္ခြင္႔ ထင္သေလာက္မရခဲ႔ပါဘူး။ ဒီေနရာမွာ တူညီေနတာတစ္ခုက မန္ယူေရာ ရီးယဲလ္အသင္းတို႔ဟာ အသင္းအတြက္တကယ္လိုအပ္တဲ႔ ကစားသမားေတြကို ေခၚယူဖို႔ပ်က္ကြက္ခဲ႔တာ ၊ သူတို႔အသင္းရဲ႕ နည္းျပေတြ အလိုရိွေနတဲ႔ ကစားသမားေတြကို မေခၚခဲ႔တာပါပဲ။ ဒီဇာတ္လမ္းရဲ႕အဆံုးသတ္ကေတာ႔ ေဒးဗစ္မိြဳက္စ္ကို အသင္းကေနထုတ္ပယ္ခဲ႔တာပါပဲ။  လက္ရိွမွာ ရီးယဲလ္အသင္းနည္းျပရာထူးအတြက္ ေမာ္ရင္ဟို Mourinho နဲ႔ ကြန္တီ Conte တို႔အသံေတြထြက္ေနၾကေပမယ္႔ လိုပယ္တက္ဂီရဲ႕ လက္ထဲမွာေတာ႔ အခြင္႔အေရးအနည္းငယ္က်န္ပါေသးတယ္။ ရီးယဲလ္အသင္း ဥကၠဌ ပီရက္ဇ္ဟာ နည္းျပအေျပာင္းအလဲလုပ္တဲ႔ေနရာမွာ လက္မရြံ႕သူတစ္ေယာက္ျဖစ္တာေၾကာင္႔ လိုပယ္တက္ဂီအေနနဲ႔ ေနာက္ဆံုးအခြင္႔အေရးကို အမိအရဆုပ္ကိုင္ျပီး ကိုယ္႔ကံၾကမၼာကိုယ္ဖန္တီးရေတာ႔မွာပဲ ျဖစ္ပါတယ္။

Photo: Goal.com , Diski 365 , SportsJOE.ie , Pinterest
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒေးဗစ်မွိုက်စ်ရဲ့ ဖြစ်ရပ်နဲ့ ပုံစံတူကိုကြုံတွေ့နေရတဲ့ ရီးယဲလ်နည်းပြ လိုပယ်တက်ဂီ

လက်ရှိ ရီးယဲလ်အသင်းရဲ့ အခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ အခက်အခဲတွေ ၊ ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ နည်းပြ လိုပယ်တက်ဂီ Lopetegui ဟာ ရီးယဲလ်အသင်း ဥက္ကဌ ပီရက်ဇ် Perez လက်ထက်အဆိုးရွားဆုံး တာထွက်ရလဒ်ကို ပိုင်ဆိုင်ခဲ့တဲ့ နည်းပြဖြစ်ခဲ့သလို အသင်းဟာလည်း ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးထားပြီး အခုလိုဂိုးပေါက်ပျောက်နေတာဟာ ၁၉၈၅ ခုနှစ်နောက်ပိုင်း အသင်းသမိုင်းမှာ အကြာဆုံးလည်းဖြစ်နေပါတယ်။ ရီးယဲလ်အသင်းရဲ့ လက်ရှိမှားယွင်းမှုတွေဟာ နည်းပြ လိုပယ်တက်ဂီမှာပဲ တာဝန်ရှိနေတာလားဆိုတာ စဉ်းစားချင်စရာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ဥက္ကဌ ပီရက်ဇ် ရဲ့ အပြစ်လည်းမကင်းသလို တချို့အရာတွေမှာတော့ ကံတရားကိုပဲ အပြစ်တင်ရပါလိမ့်မယ်။

 Perez

Perez

တကယ်တမ်းပြောရရင် ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက ကုန်နေခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ နွေရာသီအပြောင်းအရွှေ့မှာ ရီးယဲလ်အသင်းဟာ ပွဲထွက်ကစားသမားအဆင့်ရှိတဲ့ ကစားသမားတွေကို လက်လွှတ်ခံခဲ့သလို သူတို့ရဲ့နေရာမှာ လူငယ်တွေနဲ့အစားထိုးခဲ့ပါတယ်။ အဲဒီအချိန်က အသင်းရဲ့ နည်းပြဟာ ဇီဒန်း Zidane ဖြစ်သလို စီရော်နယ်လ်ဒို Cristiano Ronaldo လည်းရှိနေတာကြောင့် ဒီအရာဟာ ထင်သလောက်မသိသာခဲ့တာပါ။ ဒါပေမဲ့ ရီးယဲလ်အသင်းဟာ လာလီဂါမှာတော့ ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်အောင်မြင်မှုကြောင့်သာ ဒီအချက်ဟာ ထင်သာမြင်သာ မရှိခဲ့တာဘဲဖြစ်ပါတယ်။

Cristiano-Ronaldo-And-Zidane

Cristiano-Ronaldo-And-Zidane

ဒီနှစ်ဘောလုံးရာသီမှာတော့ ရီးယဲလ်အသင်း ဥက္ကဌ ပီရက်ဇ် ဟာဇီဒန်းနဲ့ စီရော်နယ်လ်ဒို တို့ကိုအသင်းကနေ ထွက်ခွင့်ပေးခဲ့သလို နည်းပြသစ်အဖြစ် လိုပယ်တက်ဂီ ကို ခန့်ခဲ့ပြီး လူငယ်တွေကိုနေရာပေးခဲ့ပါတယ်။ ပီရက်ဇ်ယုံကြည်ခဲ့တဲ့ လူငယ်တွေဟာ ရီးယဲလ်အသင်းရဲ့ တန်းတစ်ခုမှာရှိမနေသလို စီရော်နယ်လ်ဒိုထွက်သွားတဲ့ တိုက်စစ်ပိုင်းကိုလည်း လူပြန်မဖြည့်ခဲ့တာကြောင့် ဒီအချက်တွေဟာ ပီရက်ဇ်ရဲ့လိုအပ်ချက်တွေလို့ ထောက်ပြရမှာဖြစ်ပါတယ်။ နည်းပြလိုပယ်တက်ဂီ ဟာလည်း ရာသီအစ ပွဲတွေမှာရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပေမယ့် ပွဲဆက်တွေများလာတဲ့ အမျှကျဆင်းလာတဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိန်းညှိပေးတဲ့နေရာမှာ လိုအပ်ချက်တွေများလွန်းခဲ့ပါတယ်။ အခုလိုမျိုးရလဒ်တွေဆိုးနေချိန်မှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဘန်ဇီမာ Benzema ၊ ဘေးလ် Bale ၊ အစ္စကို Isco နဲ့ မာဆယ်လို Marcelo တို့ဟာလည်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကတော့ လိုပယ်တက်ဂီရဲ့ ကံတရားလို့ပဲပြောရပါလိမ့်မယ်။

David-Moyes

David-Moyes

လက်ရှိ လိုပယ်တက်ဂီရင်ဆိုင်နေရတဲ့ ဖြစ်ရပ်ဟာ မန်ယူအသင်းမှာ ဒေးဗစ်မွိုက်စ် David Moyes ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပုံစံဆင်တူနေပါတယ်။ ဖာဂူဆန် Ferguson ထွက်သွားတဲ့ မန်ယူအသင်းဟာ အဲဒီအချိန်ထဲကကုန်နေခဲ့ပြီ ဖြစ်ပြီး ဒေးဗစ်မွိုက်စ်ဟာလည်း အသင်းကိုပြန်ပြင်ဆင်ခွင့် ထင်သလောက်မရခဲ့ပါဘူး။ ဒီနေရာမှာ တူညီနေတာတစ်ခုက မန်ယူရော ရီးယဲလ်အသင်းတို့ဟာ အသင်းအတွက်တကယ်လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ပျက်ကွက်ခဲ့တာ ၊ သူတို့အသင်းရဲ့ နည်းပြတွေ အလိုရှိနေတဲ့ ကစားသမားတွေကို မခေါ်ခဲ့တာပါပဲ။ဒီဇာတ်လမ်းရဲ့အဆုံးသတ်ကတော့ ဒေးဗစ်မွိုက်စ်ကို အသင်းကနေထုတ်ပယ်ခဲ့တာပါပဲ။ လက်ရှိမှာ ရီးယဲလ်အသင်းနည်းပြရာထူးအတွက် မော်ရင်ဟို Mourinho နဲ့ ကွန်တီ Conte တို့အသံတွေထွက်နေကြပေမယ့် လိုပယ်တက်ဂီရဲ့ လက်ထဲမှာတော့ အခွင့်အရေးအနည်းငယ်ကျန်ပါသေးတယ်။ ရီးယဲလ်အသင်း ဥက္ကဌ ပီရက်ဇ်ဟာ နည်းပြအပြောင်းအလဲလုပ်တဲ့နေရာမှာ လက်မရွံ့သူတစ်ယောက်ဖြစ်တာကြောင့် လိုပယ်တက်ဂီအနေနဲ့ နောက်ဆုံးအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရတော့မှာပဲ ဖြစ်ပါတယ်။

Photo: Goal.com , Diski 365 , SportsJOE.ie , Pinterest
Ko Kyue(Akhayar)
www.akhayar.com