Bad Things သီခ်င္းနဲ႔ Machine Gun Kelly

“Am I out of my head? Am I out of my mind? If you only knew the bad things I like

Don’t think that I can explain it …What can I say, it’s complicated “ဆိုတဲ့ သီခ်င္းေလးကိုေတာ့ ဒီေခတ္လူငယ္တုိင္း ၾကားဖူး၊ နားေထာင္ဖူး၊ လုိက္ညည္းဖူးၾကမွာပါ။ ဟုတ္ပါတယ္.. ဒီ Bad Things သီခ်င္းကို ေရးသားခဲ့တဲ့ အထဲမွာ Machine Gun Kelly (MGK) လည္း အပါအဝင္ပါပဲ။

Bad Things ဟာ Machine Gun Kelly (MGK )ရယ္ (ဒီေနရာက စျပီး MGK လို႔ ညႊန္းပါရေစ)၊ Camila Cabello တုိ႔ ပူးေပါင္းသီဆိုထားျပီး ၂၀၁၆ ခုႏွစ္ ေအာက္တုိဘာမွာ ထြက္ရွိခဲ့ကာ Billboard Hot 100 မွာ နံပါတ္ ၄ ေနရာထိ ေရာက္ရွိခဲ့ပါတယ္။ ဒီသီခ်င္းဟာ MGK ရဲ့ သီခ်င္းေကာငး္ေတြထဲက တစ္ပုဒ္လို႔ ေျပာလို႔ ရေပမယ့္ MGK သီခ်င္းစလုပ္ခဲ့တာေတာ့ ခုမွ မဟုတ္ပါဘူး။

သူ႔ကို လူသိမ်ားေစခဲ့တဲ့ တျခား Wildboy ၊ Invincible ၊ Stereo ၊ Hold on (Shut up) ၊ Til I die နဲ႔ A Little More လို သီခ်င္းေကာင္းေတြ အမ်ားၾကီး ထြက္ရွိထားျပီးသားပါ။၂၀၀၆ ခုႏွစ္တညး္က Mixtape တစ္ေခြ စတင္ထြက္ရွိထားခဲ့ျပီး သူ႔ရဲ့ Music Career ကို စတင္ခဲ့တာ ျဖစ္ပါတယ္။

အမည္ရင္း Colson Baker လို႔ ေခၚတဲ့ MGK ဟာ ဧျပီ ၂၂၊ ၁၉၉၀ မွာ ေမြးဖြားခဲ့ျပီး ျပီးခဲ့တဲ့ ဧျပီကမွ ၂၇ ခုႏွစ္ျပည့္ခဲ့သူပါ။ လက္ရွိေတာ့ Cleveland ၊ Ohio မွာ ေနထုိင္ေနပါတယ္။ သူ႔ရဲ့ ပထမဆံုး Mixtape ေခြကို ၂၀၁၆ ခုႏွစ္မွာ စထြက္အျပီးမွာ ေနာက္ထပ္ Mixtape ၄ ေခြ လည္း ထြက္ရွိခဲ့ပါေသးတယ္။

၂၀၁၁ခုနွစ္ မွာေတာ့ Bad Boy နဲ႔ Interscope Record ေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ျပီး “Lace Up”  Album ေအာက္တိုဘာ ၂၀၁၂ မွာ ထြက္ရွိလာတဲ့အခါမွာ ေဝဖန္သူေတြဆီက အေကာင္းျမင္ေဝဖန္မႈေတြ ရရွိခဲ့ပါတယ္။  ၂၀၁၅ ခုႏွစ္မွာေတာ့ Second Studio Album “General Admission” ထြက္ရွိခဲ့ပါတယ္။

 

Machine Gun Kelly

ကၽြန္ေတ္ာတို႔ရဲ႕ MGK ၾကီးဟာ ရုပ္ရွင္လည္း ရိုက္ေသးတယ္ဆို ယံုပါ၊ Beyond the Lights ဆိုတဲ့ ၂၀၁၄ ခုႏွစ္ထြက္ American Romantic Drama ကားမွာ Kid Culprit ဆိုတဲ့ ဇာတ္ေကာင္ေနရာက ပါဝင္သရုပ္ေဆာင္ခဲ့ပါေသးတယ္။

မိသားစုဘဝဆိုရင္ေတာ့ MGK မွာ Casie ဆိုတဲ့ ၉ႏွစ္အရြယ္သမီးေလးတစ္ေယာက္ရွိပါတယ္။ Casie ေလးရဲ့ အေမနဲ႔ MGK ဟာ အတူတူမေနေတာ့ေပမယ့္ ခုထိ သူတို႔ႏွစ္ေယာက္ၾကား ဆက္ဆံေရးေကာင္းမြန္ေနဆဲပါပဲ။ MGK ရဲ့ ဘဝဟာ တကယ္ေတာ့ ေခ်ာေမြ႔ခဲ့တာ မဟုတ္ဘဲ ျပီးခဲ့တဲ့ ၂ႏွစ္နီးပါး သူဘိန္းျဖဴစြဲခဲ့တဲ့ အေၾကာင္းနဲ႔ ပက္သက္ျပီး “Lead You On” ဆိုတဲ့ သီခ်င္းတစ္ပုဒ္လုပ္ခဲ့ပါတယ္။ ေဆးအလြန္အကၽြံသံုးစြဲခဲ့မႈေၾကာင့္လည္း သူ႔ကိုသူ ေသေၾကာင္းၾကံဖို႔ထိေတာင္ စဥ္းစားခဲ့ပါေသးတယ္တဲ့။

DMX နဲ႔ Eminem ဟာ သူ႔ရဲ့ ဂီတပံုစံအေပၚ လႊမ္းမိုးမႈရွိျပီး ငယ္ငယ္ကေတာ့ Guns N’ Roses နဲ႔ Blink-182 လို Rock Band ေတြကိုလည္း နားေထာင္ခဲ့သူပါ။ သူ႔ရဲ့ ႏိုင္ငံေရးအေတြးအေခၚအရေတာ့ သူ႔ကို “Anarchist” တစ္ေယာက္လို႔ သတ္မွတ္လို႔ ရျပီး သူ ေဆးေျခာက္သံုးစြဲတတ္တာကိုလည္း မျခြင္းမခ်န္ဝန္ခံထားတဲ့ သူျဖစ္ပါေသးတယ္။

သူ႔ရဲ့ လွုပ္လွုပ္ခတ္ခတ္ျဖစ္ခဲ့တဲ့ အခ်စ္ေရးကေတာ့ ၂၀၁၅ ခုႏွစ္ ေမလေလာက္မွာ Hip Hop သီခ်င္းေတြမွာ ပါဝင္တတ္တဲ့ Model တစ္ေယာက္လည္း ျဖစ္၊ Rapper နဲ႔ Fashion Designer တစ္ေယာက္လည္း ျဖစ္တဲ့ Amber Rose နဲ႔ တြဲခဲ့တာပါ ၊ ဒါေပမယ့္ သူတို႔ အခ်စ္ေရးဟာ ၾကာရွည္မခံခဲ့ဘဲ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလထဲမွာ ခြာျပဲခဲ့ၾကပါေတာ့တယ္။

Machine Gun Kelly

လက္ရွိမွာေတာ့ သူနဲ႔ Hailee Steinfeld တုိ႔ တြဲဆိုထားတဲ့ “At My Best” သီခ်င္းထြက္ရွိထားျပီး ဒီတစ္ခါလည္း ေပါက္သီခ်င္းျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ MGK ရဲ့ Facebook Account ကေတာ့ Machine Gun Kelly ျဖစ္ျပီး Twitter နဲ႔ Instagram ကိုေတာ့ Young Gunner ဆိုတဲ့ အမည္ နဲ႔ အသံုးျပဳေနပါတယ္လို႔ အခရာပရိသတ္ၾကီးကို ေမာင္းထု အသိေပးအပ္ပါတယ္ခင္ဗ်ာ။ ၾကိဳက္ရင္ေတာ့ အျမန္သြား Add ကုန္ၾကေလာ့။

 

Unicode Version

“Am I out of my head? Am I out of my mind? If you only knew the bad things I like

Don’t think that I can explain it …What can I say, it’s complicated “ဆိုတဲ့ သီချင်းလေးကိုတော့ ဒီခေတ်လူငယ်တိုင်း ကြားဖူး၊ နားထောင်ဖူး၊ လိုက်ညည်းဖူးကြမှာပါ။ ဟုတ်ပါတယ်.. ဒီ Bad Things သီချင်းကို ရေးသားခဲ့တဲ့ အထဲမှာ Machine Gun Kelly (MGK) လည်း အပါအဝင်ပါပဲ။

Bad Things ဟာ Machine Gun Kelly (MGK )ရယ် (ဒီနေရာက စပြီး MGK လို့ ညွှန်းပါရစေ)၊ Camila Cabello တို့ ပူးပေါင်းသီဆိုထားပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ ထွက်ရှိခဲ့ကာ Billboard Hot 100 မှာ နံပါတ် ၄ နေရာထိ ရောက်ရှိခဲ့ပါတယ်။ ဒီသီချင်းဟာ MGK ရဲ့ သီချင်းကောင်းတွေထဲက တစ်ပုဒ်လို့ ပြောလို့ ရပေမယ့် MGK သီချင်းစလုပ်ခဲ့တာ ခုမှ မဟုတ်ပါဘူး။

သူ့ကို လူသိများစေခဲ့တဲ့ တခြား Wildboy ၊ Invincible ၊ Stereo ၊ Hold on (Shut up) ၊ Til I die နဲ့ A Little More လို သီချင်းကောင်းတွေ အများကြီး ထွက်ရှိထားပြီးသားပါ။၂၀၀၆ ခုနှစ်တည်းက Mixtape တစ်ခွေ စတင်ထွက်ရှိထားခဲ့ပြီး သူ့ရဲ့ Music Career ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

အမည်ရင်း Colson Baker လို့ ခေါ်တဲ့ MGK ဟာ ဧပြီ ၂၂၊ ၁၉၉၀ မှာ မွေးဖွားခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီကမှ ၂၇ ခုနှစ်ပြည့်ခဲ့သူပါ။ လက်ရှိတော့ Cleveland ၊ Ohio မှာ နေထိုင်နေပါတယ်။ သူ့ရဲ့ ပထမဆုံး Mixtape ခွေကို ၂၀၁၆ ခုနှစ်မှာ စထွက်အပြီးမှာ နောက်ထပ် Mixtape ၄ ခွေ လည်း ထွက်ရှိခဲ့ပါသေးတယ်။

၂၀၁၁ခုနှစ် မှာတော့ Bad Boy နဲ့ Interscope Record တွေနဲ့ စာချုပ်ချုပ်ခဲ့ပြီး “Lace Up” Album အောက်တိုဘာ ၂၀၁၂ မှာ ထွက်ရှိလာတဲ့အခါမှာ ဝေဖန်သူတွေဆီက အကောင်းမြင်ဝေဖန်မှုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Second Studio Album “General Admission” ထွက်ရှိခဲ့ပါတယ်။

ကျွန်တေ်ာတို့ရဲ့ MGK ကြီးဟာ ရုပ်ရှင်လည်း ရိုက်သေးတယ်ဆို ယုံပါ၊ Beyond the Lights ဆိုတဲ့ ၂၀၁၄ ခုနှစ်ထွက် American Romantic Drama ကားမှာ Kid Culprit ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

မိသားစုဘဝဆိုရင်တော့ MGK မှာ Casie ဆိုတဲ့ ၉နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။ Casie လေးရဲ့ အမေနဲ့ MGK ဟာ အတူတူမနေတော့ပေမယ့် ခုထိ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကောင်းမွန်နေဆဲပါပဲ။ MGK ရဲ့ ဘဝဟာ တကယ်တော့ ချောမွေ့ခဲ့တာ မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂နှစ်နီးပါး သူဘိန်းဖြူစွဲခဲ့တဲ့ အကြောင်းနဲ့ ပက်သက်ပြီး “Lead You On” ဆိုတဲ့ သီချင်းတစ်ပုဒ်လုပ်ခဲ့ပါတယ်။ ဆေးအလွန်အကျွံသုံးစွဲခဲ့မှုကြောင့်လည်း သူ့ကိုသူ သေကြောင်းကြံဖို့ထိတောင် စဉ်းစားခဲ့ပါသေးတယ်တဲ့။

DMX နဲ့ Eminem ဟာ သူ့ရဲ့ ဂီတပုံစံအပေါ် လွှမ်းမိုးမှုရှိပြီး ငယ်ငယ်ကတော့ Guns N’ Roses နဲ့ Blink-182 လို Rock Band တွေကိုလည်း နားထောင်ခဲ့သူပါ။ သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ်အရတော့ သူ့ကို “Anarchist” တစ်ယောက်လို့ သတ်မှတ်လို့ ရပြီး သူ ဆေးခြောက်သုံးစွဲတတ်တာကိုလည်း မခြွင်းမချန်ဝန်ခံထားတဲ့ သူဖြစ်ပါသေးတယ်။

သူ့ရဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ အချစ်ရေးကတော့ ၂၀၁၅ ခုနှစ် မေလလောက်မှာ Hip Hop သီချင်းတွေမှာ ပါဝင်တတ်တဲ့ Model တစ်ယောက်လည်း ဖြစ်၊ Rapper နဲ့ Fashion Designer တစ်ယောက်လည်း ဖြစ်တဲ့ Amber Rose နဲ့ တွဲခဲ့တာပါ ၊ ဒါပေမယ့် သူတို့ အချစ်ရေးဟာ ကြာရှည်မခံခဲ့ဘဲ ၂၀၁၅ ခုနှစ် အောက်တိုဘာလထဲမှာ ခွာပြဲခဲ့ကြပါတော့တယ်။

လက်ရှိမှာတော့ သူနဲ့ Hailee Steinfeld တို့ တွဲဆိုထားတဲ့ “At My Best” သီချင်းထွက်ရှိထားပြီး ဒီတစ်ခါလည်း ပေါက်သီချင်းဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ MGK ရဲ့ Facebook Account ကတော့ Machine Gun Kelly ဖြစ်ပြီး Twitter နဲ့ Instagram ကိုတော့ Young Gunner ဆိုတဲ့ အမည် နဲ့ အသုံးပြုနေပါတယ်လို့ အခရာပရိသတ်ကြီးကို မောင်းထု အသိပေးအပ်ပါတယ်ခင်ဗျာ။ ကြိုက်ရင်တော့ အမြန်သွား Add ကုန်ကြလော့။

 

Yoe Lu (Akhayar)

www.akhayar.com