[Zawgyi]
Ref: Business Insider
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
Retina Display နဲ့လာမယ့် MacBook Air
Apple ရဲ့ MacBook တွေဖြစ်တဲ့ MacBook Pro ၊ MacBook Air နှင့် MacBook ဆိုပြီးသုံးမျိုးရှိပါတယ်။ MacBook Pro ကတော့ Pro ဆိုတဲ့အတိုင်းပဲ အကောင်းဆုံး MacBook ဖြစ်တာကြောင့် Apple ရဲ့ Software အတွက်လုံလောက်တဲ့ အကောင်းဆုံး Hardware တွေကိုသုံးပေးထားပါတယ်။ MacBook Air ကတော့ Apple ကထုတ်တဲ့ဈေးအသက်သာဆုံး MacBook အဖြစ် ကျောင်းသားတွေကြားမှာနာမည်ကြီးပါတယ်။ MacBook ကတော့စွမ်းဆောင်ရည်လေ ျှာ့ထားတဲ့ ခရီးဆောင် Notebook အဖြစ်နဲ့လူကြိုက်များပါတယ်။
Non-Retina Vs Retina Display
MacBook တွေအားလုံးထဲမှာတော့ MacBook Pro နဲ့ MacBook ကဈေးများတယ်လို့ပြောလို့ရပါတယ်။ MacBook Pro ကအထူဆုံး၊ Powerful အဖြစ်ဆုံးဖြစ်သလို MacBook ကအပါးဆုံး MacBook ဖြစ်ပြီးတော့ Powerful မဖြစ်ဆုံးပါ။ အစွနန်းနှစ်ဖက်မှာရှိနေတဲ့ MacBook နှစ်လုံးမှာထူးဆန်းစွာတူညီနေတာကတော့ Retina Display တွေကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ MacBook Air ကိုတော့ Display မှာလေ ျှာ့ထားတာကြောင့် ဈေးကလည်းသိသိသာသာသက်သာပါတယ်။ ဒါပေမယ့် အခုလက်ရှိသတင်းပေါက်ကြားချက်တွေအရ Apple က MacBook Air မှာပါ Retina Display ထည့်ပေးမယ်လို့သိရပါတယ်။
MacBook Air ရဲ့အခုလက်ရှိ Display Resolution ကတော့ 1440×900 ဖြစ်ပါတယ်။ Retina Display ဖြစ်သွားရင်တော့ Resolution က 2560×1600 အထိတိုးလာမှာပဲဖြစ်ပါတယ်။ MacBook Air ကိုလာမယ့် June လပိုင်းလောက်မှာကျင်းပမယ့် Apple World Wide Developer Conference (WWDC) မှာထုတ်ပြသွားနိုင်တယ်လို့သိရပါတယ်။ MacBook Air အသစ်အတွက် ခန့်မှန်းဈေးကိုတော့ $900 ဝန်းကျင်ကစမယ်လို့သိရပြီး Storage Configuration အပေါ်မူတည်ပြီးဈေးပိုများနိုင်ပါတယ်။
Ref: Business Insider
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။