[Zawgyi] 





Ref: 9to5Mac

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

External GPU တွေနဲ့တွဲဖက်အလုပ်လုပ်လာနိုင်တဲ့ macOS 10.13.4

Apple ကနောက်ဆုံးထုတ်ပေးလိုက်တဲ့ macOS 10.13.4 မှာ External GPU တွေနဲ့တွဲဖက်အလုပ်လုပ်ပေးမယ့် Feature ပါလာပါပြီ။ ဒါပေမယ့် eGPU တွေကိုတော့ သတ်မှတ်ထားတဲ့ Mac Model တွေမှာပဲ အသုံးပြုလို့ရနိုင်မှာပါ။ 

External Graphic Card တွေကို Mac တွေနဲ့ချိတ်ဆက်အသုံးပြုလာနိုင်တာကြောင့် Graphic ကောင်းကောင်းလိုအပ်တဲ့နေရာတွေမှာအရင်ကထက်ပိုအဆင်ပြေပြေသုံးလို့ရလာနိုင်မှာဖြစ်ပါတယ်။ Gaming ဖက်ကိုတော့ ပိုစိတ်ဝင်စားမှုများနေပါတယ်။ Mac တွေက ဟိုးအရင်ကတည်းက GPU အတွက်ဦးစားပေးထားတာမျိုးမရှိခဲ့တာကြောင့် Gaming ပိုင်းမှာအားနည်းခဲ့ပါတယ်။ အခုတော့ eGPU တွေရောက်လာပြီဖြစ်တာကြောင့် Mac Gaming ဆိုတာဖြစ်လာနိုင်တော့မှာပါ။ ဒါပေမယ့် Apple ရဲ့ရည်ရွယ်ချက်ကတော့ Game တွေကစားဖို့ဆိုတာထက် Game တွေ၊ ရုပ်ရှင်တွေဖန်တီးသူတွေအတွက် လိုအပ်တဲ့ Graphic စွမ်းဆောင်ရည်ကိုပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ 

Apple ရဲ့ macOS တွေမှာပါတဲ့ Metal ၊ OpenGL နဲ့ OpenCL စတာတွေကိုသုံးပြီး ဖန်တီးထားတဲ့ App တွေ၊ Game တွေကို eGPU တွေနဲ့တွဲဖက်ပြီးအသုံးပြုနိုင်လာမှာပဲဖြစ်ပါတယ်။ eGPU တွေရဲ့အဓိကအားသာချက်ကတော့ MacBook Pro တွေလို Notebook တွေမှာ VR အသုံးပြုလို့ရလာအောင်အထိ စွမ်းဆောင်ရည်မြှင့်ပေးလာနိုင်တာပဲဖြစ်ပါတယ်။ HTC Vive လိုမျိုး VR Headset ကို Final Cut Pro X လို Video Editing Software နဲ့တွဲဖက်အသုံးပြုလာနိုင်မှာဖြစ်တာကြောင့် Creator တွေအတွက်ကြီးမားတဲ့ တိုးတက်မှုကြီးပဲဖြစ်ပါတတယ်။ eGPU တွေနဲ့ချိတ်ဆက်အသုံးပြုလို့ရမယ့် Mac တွေကတော့ 2016 နဲ့နောက်ပိုင်းထွက်တဲ့ MacBook Pro တွေ၊ 2017 မှာထွက်ထားတဲ့ iMac 4K/5K နဲ့ iMac Pro တွေပဲဖြစ်ပါတယ်။ Thunderbolt 3 ကိုပဲအသုံးပြုတာကြောင့် Thunderbolt 3 ကိုအထောက်အပံမပေးတဲ့ eGPU တွေကိုတော့ ချိတ်ဆက်အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ Apple ရဲ့ MacBook တွေက Gaming အတွက်စဉ်းစားလို့ရလာနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလာပါပြီ။ 

Ref: 9to5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။