ဝက်နဲ့ ပတ်သက်ရင် အကုန်ရတယ်။ ဘာစားချင်လည်း အကုန်ရှိတဲ့ဆိုင်။ အိမ်ဆိုင်လေး။ ဖွင့်လာတာ ကြာပြီ။ ခဏ ခဏ သွားစားလို့ လူလည်း ဝက်ဖြစ်တော့မယ်။

ဆိုင်ဖွင့်ချိန်က မနက် ၁၀ ကနေ ညနေ ၅ နာရီထိ
(တနင်္လာနေ့တိုင်း ဆိုင်ပိတ်တယ်)

 လိပ်စာက မြတ်လေးရုံကျောင်းလမ်း၊ ဘုရင့်နောင်လမ်းက ကွေ့ရတာ (ဆင်မလိုက်) မြို့ထဲက လာရင် ရေကျောင်းသိပ္ပံမရောက်ခင်၊ ဘုရင့်နောင်ဘက်က လာရင်တော့ လှည်းတန်းဘက် ကွေ့မယ့် လမ်းဆုံမရောက်ခင်(လမ်းထိပ်မှာ စကိတ်ကွင်းရှိတယ်)

ဆိုင်အတွက် Review


စားတာ ကြာလှပြီ။ ကြိုက်လည်း ကြိုက်တယ်။ ကိုယ်က ဝက်ခရေဇီလေ။ ဈေးက ပိုက်ဆံ မရှိရင် တန်ဖိုးနည်း ဈေးသက်သာ စားလို့ရသလို။ ပိုက်ဆံထောနေရင်လည်း အစုံပလုံစားလို့ ရတယ်လေ။

ဆိုင်အပြင်အဆင်
ဆိုင်ကို စဝင်တာနဲ့ ဝက်ရုပ်တွေ မိုးပေါ်က ကြိုးလေးတွေနဲ့ ချထားတယ်။ သွားမညှစ်လေနဲ့။ ဝက်သံထွက်တယ်။ ကျယ်ဝန်းပြီး ၄ ယောက်ထိုင် စားပွဲတွေနဲ့ ပလပ်စတစ်ထိုင်ခုံတွေ ရှိတယ်။ ကောင်တာမှာ ရွှေဝက်လေး နှစ်ကောင် မှန်ဘောင်သွပ်လို့ ထားတယ်။ စားပွဲတိုင်းကို ကြက်သွန်ဖြူ ဥတစ်လုံးနဲ့ ငရုပ်သီး ရေစိပ်ချပေးထားတယ်။ အချဉ်ရောပဲ။ ဆိုင်အပြင်အဆင်အကြောင်း ပြောရရင် ဆိုင်ရှင်တွေ မပါမဖြစ်။ ဝက်ကို ကြိုက်လွန်းလို့ တက်တူးတောင် ဝက်ရုပ်လေးတွေ ထိုးထားတယ်။

ဘယ်တွေ ကောင်း! ဘာတွေ ရ!
ဝက်ကလွဲ ကျန်တာ မရဘူးနော်။ လုံးဝပဲ။ ဒီတော့ ဝက်ကြိုက်မှ သွားစားပါ။ ကျနော် အကြိုက်ဆုံးတွေကို အစဉ်လိုက် ပုံတွေအောက်မှာ Detail အကုန် ရေးပေးသွားမယ်။ ဈေးနှုန်းတွေလည်း ရေးပေးသွားမယ်။ Bill မှာ ပါတယ်ဗျ။

ဝက်ဦးနှောက်ချဉ်စပ်
အကြော်ကော အပြုတ်ကောရတယ်။ ဒါက အကြော် မကျည်းနှစ်နဲ့ ငရုပ်သီးစိမ်းထောင်း။ တရုတ်နံနံ တင်ထားတယ်။ ရှမ်းနံနံစိပ်ပြီး ဆီသပ်ထားတယ်။ မွှေးတယ်။ ဦးနှောက်က အီတာကို အချဉ်အစပ်လေးနဲ့။ စားလိုက်ရင် ထပ်စားချင်တယ်။ လုစားရတယ်။
 

ဝက်လက်ချဉ်စပ်ဟင်းချို
ချဉ်စပ်အရသာက မပြောတော့ဘူး။ ဝက်လက်က အဆီပါ ပျော်ကျတယ်။ အခေါက်က နူးတယ်။စတူးလိုပေါ့။ ဒါပေမယ့် စတူးတော့ မဟုတ်၊ စွပ်ပြုတ်။

အချင်းတိုင်သုပ်
နီနေလို့ ငရုပ်ဆီသုံးထားတယ်ထင်တာ။ ခုနက စနစ်တကျ ဖျော်ထားတဲ့ အချဉ်နဲ့ ဆီချက်နဲ့သုပ်ထားတာ၊ ရှောက်ရွက်ပါးပါးလေး အုပ်ထားတယ်။

အူစုံကြော်
ကြွပ်တယ် ယွတယ်။ ကျွန်တော် အကြွပ်မကြိုက်တော့ သိပ်မစားဘူး။ ဘေးက မကျည်းချဉ်။ သူများတွေ တော်တော်ကြိုက်ကြတယ်။ စုံလို့ များလို့။
 

ကောက်ညှင်းထုပ်
အထဲမှာ ကြွက်နားရွက်ရယ် ကြက်ဥရယ် ပေါင်သားရယ် ပုဇွန်ခြောက်ရယ် ပါတယ်။ ကောင်ညှင်းသား အိတယ် စေတယ်။ ဆီမများ မနည်း အနေတော်၊ စားလို့သိပ်ကောင်း။ မအီ

အခေါက်ကင်
ကင်ထားတာကို စားခါနီး ပြန်ကြော်ပေးတယ်။ အဆီက အိ့နေတယ်။ တော်တော်ကောင်းကောင်းဆိုတဲ့ ထဲ ပါတယ်။ ပဲကော်ရည် အရောင် နက်တယ်။ ချိုတယ်။
 

အူစုံအငန်ပြုတ် ပွဲသေး
ကျွန်တော်ညွှန်းတဲ့ ငွေပျက်ရင် စားတာလေး။ စုံတယ်။ ထည့်ချင်တာ စားချင်တာ ပြောလိုက်။ ရှာဖွေ ထည့်ပေးတယ်။ ထမင်းနဲ့အမြဲတွဲစားဖြစ်တယ်။ အရင်က အတော်ငန်တယ်။ ခု အငံလျော့ထားတယ်။ စားလို့ အဆင်ပြေသွားပြီ။ နူးလို့ အိလို့။
 

လက်ဆောင်ပေးတာ။ ဝက်အူချောင်းကြော်
ယမ်းစိမ်းအနည်းငယ် ပါတယ်။ အဆီအနည်းငယ်ပါတယ်။ ချိုတယ်။ သိပ်မကောင်း။ ဒါပေမယ့် ကြော်ပြီး ဆီစစ်တာ နည်းကျတော့။ ကြွပ်ယွတယ်။ လှီးထားတာ အထာကျတယ်။

အော်ဒါမှာတဲ့ဟင်းပွဲ ချကျွေးတာ
ဝက်လက်ကြံမဆိုင်ကို ဝက်ကြောနှပ်နဲ့။ စားရင်း ရူးသွားတယ်။ ကောင်းလွန်းလို့။ အရမ်းမချဉ်ဘူး။ ကြံမဆိုင် နူးအိနေတယ်။ အကြောက နူးချက်။

ဝက်သားဒုတ်ထိုး။
အော်ဒါထဲက လက်ဆောင်ကျွေးတာ။ အချိုမှုန့်မသုံးလို့ သကြားသုံးတယ်။ အချိုဘက် သန်းသွားတယ်။ အကြံပေးခဲ့တယ်။ သကြားလျော့ပြီး ဆားနည်းနည်းထည့်ဖို့။ နူးတယ်။ အိတယ်။ စားကောင်းတယ်။ ခဏနဲ့ ကုန်ရော
 

ပိုက်ဆံချွေတာ စားနည်း
မွဲတဲ့ ရက်တွေဆို အငန်အူစုံပြုတ် ပွဲသေး တစ်ပွဲ နဲ့ ထမင်းတစ်ပွဲဆို ဗိုက်ဝပြီ။ တော်တော်များများပါတယ်။

ဘောစိလိုစားမလား?ဘူဖေးလိုအဝကြိတ်မလား
ဒီနေ့ Review ရေးဖို့ သုံးယောက်စားတာ (၇) ပွဲကို ၁၄,၈၀၀ ပဲ ကျတယ်။ တစ်ယောက် ၅ ထောင် လောက်နဲ့ အဝကြိတ်။ လက်ဆောင်က မထင်ရင် မထင်သလို ကျွေးသေးတယ်။

တစ်ခါတလေ အလှူနဲ့ တိုးရင်တို့ အိမ်ချက်ဟင်းကောင်းရင်တို့ ချချ ကျွေးတယ်

အချိုမှုန့် မသုံးဘူး။ ငရုပ်ဆီအနီတွေ မသုံးဘူး။

အချဉ်အကြောင်း
ငရုပ်ဆီမသုံးပဲ ဘာလို့ ငရုပ်ဆီလို ကောင်းအောင် လုပ်သလဲ စပ်စုရတာပေါ့။ မကျည်းရည်နဲ့ ထန်းလျက်ကို အချဉ်ရအောင် ကျိုချက်သတဲ့။

Today Special
အင်္ဂါနေ့ – သုံးထပ်သား ပဲငပိ
ဗုဒ္ဓဟူးနေ့ – ဝက်အာဂလောင်နဲ့ ဂွေးထောက်ချဉ်စပ်ဟင်းချို
စနေ – ဝက်နံရိုးပဲဟင်း
တနင်္ဂနွေ – ဝက်သားရှိုးသားနှပ်
(လခွမ်း ဒါတွေ ရောက်တိုင်းဖတ်တယ်။ တခါမှ မစားရဘူး။ စောစောကုန်သွားတယ်။အဲ့ရက်တွေ မရောက်တာလည်း ပါတယ်)

မကောင်းတဲ့အရာတွေ
အကောင်းပဲ မညွှန်းဘူး။ မရောင်းတာ ရေးမယ်။
ထမင်း သိပ်နည်းတယ်။ တစ်ပွဲ – ၅၀၀
ဒီရောက်ရင် ထမင်းစားရတာ ဗိုက်မဝသလို မကျေနပ်ဘူး။ မွဲနေချိန် ပိုဆိုးတယ်။

အရသာပိုင်း အမြဲအဆင်ပြေတယ်။
သန့်ရှင်းမှုအပိုင်း အမြဲအဆင်ပြေတယ်။
တည်ခင်းတာနဲ့ Service လည်း ကြိုက်တယ်။

Rating ပေးရရင်
Food – 4 Out of 5
Hygiene – 4 Out of 5
Service – 3 Out of 5
Location – 3 Out of 5
Price – 4 Out of 5
ရကောက် – Akhayar
Akhayar – Food Facebook Page တွင်လည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။