[Zawgyi]

မနက္တိုင္း ကားနဲ႔အျပည့္လာစားၾကတဲ့ မျဖဴမုန္႔ဟင္းခါး ဘယ္ေလာက္ေကာင္း

ဗမာမွန္ရင္ မုန္႔ဟင္းခါးလို႔ဆိုလိုက္တာနဲ႔ မ်က္လံုးထဲထိပါ မုန္႔ဖတ္၊ဟင္းရည္၊ ငွက္ေပ်ာအူေလးေတြပံုေဖာ္ၿပီး သြားေရတျမားျမားက်ေအာင္ စြဲလမ္းရတဲ့အမ်ိဳးမို႔လား?

မုန္႔ဟင္းခါးဆို ေနရာေဒသအလိုက္ ခ်က္နည္းအမ်ိဳးမ်ိဳးရွိသလို ေစ်းႏႈန္း၊ အရသာကလည္း ကြဲသြားတတ္တာမ်ိဳးေလ။

ဒါေပမယ့္ မုန္႔ဟင္းခါးကို ေရႊလို တန္ဖိုးထားၿပီးစားရတဲ့ ဆိုင္ဆိုတာ ရန္ကုန္မွာ နာမည္ႀကီး အင္းလ်ားလမ္းက မျဖဴမုန္႔ဟင္းခါးပဲ ျဖစ္မွာအေသခ်ာပဲေနာ္။

 

မင္းဟာက မုန္႔ဟင္းခါးတစ္ပြဲကို ေရႊလိုေတာင္ အမႊန္းတင္ရေလာက္ေအာင္ ဘာေတြမ်ား ထူးျခားေနလို႔လဲဆို-

ရန္ကုန္မွာ မနက္အေစာ ၅နာရီခြဲဆိုတာနဲ႔ ဖြင့္ၿပီး မနက္ ၈နာရီခြဲဆိုတာနဲ႔ အကုန္ကုန္လို႔ ဆိုင္ပိတ္တဲ့ထိ နာမည္ႀကီးတဲ့ မုန္႔ဟင္းခါးပါ။မနက္ ၈နာရီခြဲဆိုတာ သူမ်ားေတြအိပ္ရာထတုန္း အခ်ိန္ေလ။ အဲ့အခ်ိန္တြင္းေတာင္ အေျပာင္အစင္ေရာင္းရေလာက္ေအာင္ ဘာေတြမ်ား ဒီေလာက္ နာမည္ႀကီးပါလိမ့္ ဆိုရင္ေတာ့ အခရာက စပ္လည္းစုခဲ့တယ္။ စားလည္း စားခဲ့တယ္။

မျဖဴမုန္႔ဟင္းခါးက ဟိုးအရင္ မျဖဴေရာင္းခဲ့တာကို ခု မျဖဴရဲ႕သမီး မႏွင္းဆီက ဆက္ေရာင္းတာလို႔သိရတယ္။ မႏွင္းဆီဆိုတဲ့အတိုင္း ျဖဴျဖဴေခ်ာေခ်ာနဲ႔ အန္တီႀကီးက ထင္သလိုမေခ်ပါဘူး။ အေနတည္တဲ့ပံုပါပဲ။ မုန္႔ဟင္းခါးကေတာ့ ေစာေစာကုန္တတ္လြန္းလို႔ ဟင္းရည္ကို နည္းနည္းပဲလုပ္လားၾကည့္လိုက္ေတာ့လည္း အိုးႀကီးက အႀကီးႀကီး။

MotehninGar

အခရာကသြားတဲ့ ၈နာရီဝန္းက်င္ေတာင္ အရည္က အိုးကိုေစာင္းထားရၿပီ။ ေဘးမွာေတာ့ ဆီပူပူၾကည္ေတာက္ေနတဲ့ အိုးႀကီးထဲ အေၾကာ္ေတြကို ပစ္ေၾကာ္ေနတာ ေတြ႕ရတယ္။ အေၾကာ္ေတြကလည္း ခပ္ႀကီးႀကီးကိုမွ ဘုရားစူး မြထေနတာပဲရယ္။ အီစိမ့္ၿပီး အေၾကာ္တစ္ခုက မုန္႔ဟင္းခါးတစ္ပြဲစာအျပည့္ပဲ။ ဆီကသန္႔ေတာ့ လည္ေခ်ာင္းလံုးဝမကပ္ဘူးရယ္။

MotehninGar

အေၾကာ္လည္းစံုတဲ့အျပင္ နာမည္ႀကီး ငါးသေလာက္ဥရတယ္။ ဘဲဥ၊ ငါးဖယ္ရတယ္။ ၾကက္သည္းျမစ္လည္းရတယ္ဆိုပဲ။ပုစြန္ေၾကာ္မြမြေလးေတြလည္း ပါတယ္။

ကိုယ္တစ္ပြဲမွာလိုက္တာက မုန္႔ဖတ္၊ ပဲေၾကာ္နဲ႔ ငါးဖယ္တစ္ပြဲ။ ဟင္းရည္ကေတာ့ သိသိသာသာပဲ။ အရည္က်ဲေလးကိုမွ ပဲမပါဘူး။ အခ်ိဳမႈန္႔လံုးဝမသံုးထားဘူး။ ငါးခူ၊ငါးက်ီးဓါတ္နဲ႔ပဲ ဟင္းရည္အခ်ိဳယူထားတယ္။ သူ႔မုန္႔ဟင္းခါးအရသာနဲ႔ သူ႔ပဲေၾကာ္နဲ႔ကေတာ့ အစပ္ဟပ္တည့္ၿပီး င႐ုတ္သီးမႈန္႔၊နံနံပင္၊ပဲသီးေလးမ်ားထည့္လိုက္ရင္ ဘာေျပာေကာင္းမလဲ စားေကာင္းတာရွယ္ပဲ။

Motehningar

ငါးဖယ္ကလည္း “ထုပ္ထုပ္ ထုပ္ထုပ္” နဲ႔ စားေကာင္းတယ္။ ငါးဖယ္စစ္တယ္။

ေစ်းႏႈန္းကေတာ့ ကိုယ္ထင္တာ ၄,၅ ေထာင္ေအးေဆးသြားၿပီေပါ့။ မျဖဴ မုန္႔ဟင္းခါးဆိုတာ အရသာကို ရွယ္လုပ္ထားသေလာက္ တစ္ပြဲ ဘယ္ေလာက္လဲ ေစ်းေမးရင္လည္း ေခ်ေနတာပဲလို႔ ၾကားဖူးေတာ့ တစ္ပြဲကို တစ္ေသာင္းနီးပါးထိက်တယ္ၾကားထားေတာ့ မေမးရဲဘူးေလ။ တကယ့္တကယ္မွ ၂၅၀၀ ပါတဲ့ ဗ်ာတို႔ေရ။

၂၅၀၀ ဆိုတာ ငါးစစ္စစ္နဲ႔ခ်က္တဲ့ မုန္႔ဟင္းခါး တစ္ပြဲ ၁၅၀၀။ အေၾကာ္ႂကြပ္မြမြေလးေတြက တစ္ခု ၅၀၀။ ငါးဖယ္က ၅၀၀ ဆိုတာ ေစ်းသိသြားေတာ့လည္း တန္သားပဲေပါ့။

ဒီေလာက္နာမည္ႀကီးတဲ့ မုန္႔ဟင္းခါးကို ၂၅၀၀ ေလာက္နဲ႔စားရတာ နည္းနည္းေနာေနာ ဝမ္းသာစရာလား..ေနာ့။ ငါးသေလာက္ဥ၊ ပုစြန္ေၾကာ္၊ ၾကက္သည္းျမစ္ေတြကေတာ့ ေစ်းႀကီးတာမို႔ အဲ့ဒါေတြခ်ည္းစုျပံဳစားရင္ေတာ့ တစ္ပြဲတစ္ေသာင္းဆိုတာလည္း မလြန္ပါဘူးလို႔။

ကဲ…ဒါဆိုရင္ေတာ့ အင္းလ်ားလမ္းထဲက ဥယ်ာဥ္လမ္းထဲ အ.ထ.က.(၆) ကမာရြတ္ေက်ာင္းဝင္းေလးထဲက ဆိုင္ေမွာင္ေမွာင္ေလးထဲမွာ ေရာင္းတဲ့ မျဖဴမုန္႔ဟင္းခါးကို တခါေလာက္ မနက္ခင္းေစာေစာထၿပီး သြားစားၾကည့္ပါဦးလို႔။

ဆ္ုင္အေနအထားသန္႔ရွင္းမႈကေတာ့ ထင္သေလာက္မဟုတ္ပါဘူး။ အစားအစာေတြကေတာ့ သန္႔တယ္။အေၾကာ္ကေတာ့ အေကာင္းဆံုးပဲ။

မနက္တိုင္းကားအျပည့္နဲ႔ သူေဌးေတြကအစ တကူးတကလာစားရတဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ နာမည္ႀကီး မျဖဴမုန္႔ဟင္းခါးစားၿပီး ခံစားရတဲ့ ေျမာက္ႂကြႂကြဖီလင္ေလးကို လာခံစားၾကည့္လိုက္ပါဦးေနာ္။

www.akhayar.com

[Unicode]

မနက်တိုင်း ကားနဲ့အပြည့်လာစားကြတဲ့ မဖြူမုန့်ဟင်းခါး ဘယ်လောက်ကောင်း

ဗမာမှန်ရင် မုန့်ဟင်းခါးလို့ဆိုလိုက်တာနဲ့ မျက်လုံးထဲထိပါ မုန့်ဖတ်၊ဟင်းရည်၊ ငှက်ပျောအူလေးတွေပုံဖော်ပြီး သွားရေတမြားမြားကျအောင် စွဲလမ်းရတဲ့အမျိုးမို့လား?

မုန့်ဟင်းခါးဆို နေရာဒေသအလိုက် ချက်နည်းအမျိုးမျိုးရှိသလို ဈေးနှုန်း၊ အရသာကလည်း ကွဲသွားတတ်တာမျိုးလေ။

ဒါပေမယ့် မုန့်ဟင်းခါးကို ရွှေလို တန်ဖိုးထားပြီးစားရတဲ့ ဆိုင်ဆိုတာ ရန်ကုန်မှာ နာမည်ကြီး အင်းလျားလမ်းက မဖြူမုန့်ဟင်းခါးပဲ ဖြစ်မှာအသေချာပဲနော်။

 

မင်းဟာက မုန့်ဟင်းခါးတစ်ပွဲကို ရွှေလိုတောင် အမွှန်းတင်ရလောက်အောင် ဘာတွေများ ထူးခြားနေလို့လဲဆို-

ရန်ကုန်မှာ မနက်အစော ၅နာရီခွဲဆိုတာနဲ့ ဖွင့်ပြီး မနက် ၈နာရီခွဲဆိုတာနဲ့ အကုန်ကုန်လို့ ဆိုင်ပိတ်တဲ့ထိ နာမည်ကြီးတဲ့ မုန့်ဟင်းခါးပါ။မနက် ၈နာရီခွဲဆိုတာ သူများတွေအိပ်ရာထတုန်း အချိန်လေ။ အဲ့အချိန်တွင်းတောင် အပြောင်အစင်ရောင်းရလောက်အောင် ဘာတွေများ ဒီလောက် နာမည်ကြီးပါလိမ့် ဆိုရင်တော့ အခရာက စပ်လည်းစုခဲ့တယ်။ စားလည်း စားခဲ့တယ်။

မဖြူမုန့်ဟင်းခါးက ဟိုးအရင် မဖြူရောင်းခဲ့တာကို ခု မဖြူရဲ့သမီး မနှင်းဆီက ဆက်ရောင်းတာလို့သိရတယ်။ မနှင်းဆီဆိုတဲ့အတိုင်း ဖြူဖြူချောချောနဲ့ အန်တီကြီးက ထင်သလိုမချေပါဘူး။ အနေတည်တဲ့ပုံပါပဲ။ မုန့်ဟင်းခါးကတော့ စောစောကုန်တတ်လွန်းလို့ ဟင်းရည်ကို နည်းနည်းပဲလုပ်လားကြည့်လိုက်တော့လည်း အိုးကြီးက အကြီးကြီး။

MotehninGar

အခရာကသွားတဲ့ ၈နာရီဝန်းကျင်တောင် အရည်က အိုးကိုစောင်းထားရပြီ။ ဘေးမှာတော့ ဆီပူပူကြည်တောက်နေတဲ့ အိုးကြီးထဲ အကြော်တွေကို ပစ်ကြော်နေတာ တွေ့ရတယ်။ အကြော်တွေကလည်း ခပ်ကြီးကြီးကိုမှ ဘုရားစူး မွထနေတာပဲရယ်။ အီစိမ့်ပြီး အကြော်တစ်ခုက မုန့်ဟင်းခါးတစ်ပွဲစာအပြည့်ပဲ။ ဆီကသန့်တော့ လည်ချောင်းလုံးဝမကပ်ဘူးရယ်။

MotehninGar

အကြော်လည်းစုံတဲ့အပြင် နာမည်ကြီး ငါးသလောက်ဥရတယ်။ ဘဲဥ၊ ငါးဖယ်ရတယ်။ ကြက်သည်းမြစ်လည်းရတယ်ဆိုပဲ။ပုစွန်ကြော်မွမွလေးတွေလည်း ပါတယ်။

ကိုယ်တစ်ပွဲမှာလိုက်တာက မုန့်ဖတ်၊ ပဲကြော်နဲ့ ငါးဖယ်တစ်ပွဲ။ ဟင်းရည်ကတော့ သိသိသာသာပဲ။ အရည်ကျဲလေးကိုမှ ပဲမပါဘူး။ အချိုမှုန့်လုံးဝမသုံးထားဘူး။ ငါးခူ၊ငါးကျီးဓါတ်နဲ့ပဲ ဟင်းရည်အချိုယူထားတယ်။ သူ့မုန့်ဟင်းခါးအရသာနဲ့ သူ့ပဲကြော်နဲ့ကတော့ အစပ်ဟပ်တည့်ပြီး ငရုတ်သီးမှုန့်၊နံနံပင်၊ပဲသီးလေးများထည့်လိုက်ရင် ဘာပြောကောင်းမလဲ စားကောင်းတာရှယ်ပဲ။

Motehningar

ငါးဖယ်ကလည်း “ထုပ်ထုပ် ထုပ်ထုပ်” နဲ့ စားကောင်းတယ်။ ငါးဖယ်စစ်တယ်။

ဈေးနှုန်းကတော့ ကိုယ်ထင်တာ ၄,၅ ထောင်အေးဆေးသွားပြီပေါ့။ မဖြူ မုန့်ဟင်းခါးဆိုတာ အရသာကို ရှယ်လုပ်ထားသလောက် တစ်ပွဲ ဘယ်လောက်လဲ ဈေးမေးရင်လည်း ချေနေတာပဲလို့ ကြားဖူးတော့ တစ်ပွဲကို တစ်သောင်းနီးပါးထိကျတယ်ကြားထားတော့ မမေးရဲဘူးလေ။ တကယ့်တကယ်မှ ၂၅၀၀ ပါတဲ့ ဗျာတို့ရေ။

၂၅၀၀ ဆိုတာ ငါးစစ်စစ်နဲ့ချက်တဲ့ မုန့်ဟင်းခါး တစ်ပွဲ ၁၅၀၀။ အကြော်ကြွပ်မွမွလေးတွေက တစ်ခု ၅၀၀။ ငါးဖယ်က ၅၀၀ ဆိုတာ ဈေးသိသွားတော့လည်း တန်သားပဲပေါ့။

ဒီလောက်နာမည်ကြီးတဲ့ မုန့်ဟင်းခါးကို ၂၅၀၀ လောက်နဲ့စားရတာ နည်းနည်းနောနော ဝမ်းသာစရာလား..နော့။ ငါးသလောက်ဥ၊ ပုစွန်ကြော်၊ ကြက်သည်းမြစ်တွေကတော့ ဈေးကြီးတာမို့ အဲ့ဒါတွေချည်းစုပြုံစားရင်တော့ တစ်ပွဲတစ်သောင်းဆိုတာလည်း မလွန်ပါဘူးလို့။

ကဲ…ဒါဆိုရင်တော့ အင်းလျားလမ်းထဲက ဥယျာဉ်လမ်းထဲ အ.ထ.က.(၆) ကမာရွတ်ကျောင်းဝင်းလေးထဲက ဆိုင်မှောင်မှောင်လေးထဲမှာ ရောင်းတဲ့ မဖြူမုန့်ဟင်းခါးကို တခါလောက် မနက်ခင်းစောစောထပြီး သွားစားကြည့်ပါဦးလို့။

ဆ်ုင်အနေအထားသန့်ရှင်းမှုကတော့ ထင်သလောက်မဟုတ်ပါဘူး။ အစားအစာတွေကတော့ သန့်တယ်။အကြော်ကတော့ အကောင်းဆုံးပဲ။

မနက်တိုင်းကားအပြည့်နဲ့ သူဌေးတွေကအစ တကူးတကလာစားရတဲ့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး မဖြူမုန့်ဟင်းခါးစားပြီး ခံစားရတဲ့ မြောက်ကြွကြွဖီလင်လေးကို လာခံစားကြည့်လိုက်ပါဦးနော်။

www.akhayar.com