[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

သူ့ရဲ့ချစ်သူပုံကို လူမှုကွန်ရက်မှာ အလင်းပြလိုက်တဲ့ မထက်

မိတ်ကပ်မထက်က သူ့ရဲ့ချစ်သူပုံတွေ ကို လူမှုကွန်ရက်ပေါ်မှာ ဖော်ပြလိုက်တာဖြစ်ပါတယ်။ မထက်ကလည်း အင်္ကျီအဖြူနဲ့ သူ့ ချစ်သူကလည်း အင်္ကျီအဖြူလေးနဲ့ နှစ်ယောက်အတူတူ အရောင်ဆင်တူလေးကို ဝတ်ဆင်လို့ Couple ပုံလေးတွေ ကို အခုလိုဖော်ပြလိုက်တာပါ။

မထက် က အချစ်ရေးမှာ အဆင်ပြေနေပြီးချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတာကိုတွေ့ရလို့ စိတ်ချမ်းသာပါတယ်။ မထက်ကိုချစ်ခင်ကြသူတွေလည်း ဒီလိုပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ကြည့်ချင်ကြမယ်ထင်လို့ပြန်လည်မျှဝေပေးလိုက်ရတာ ဖြစ်ပါတယ်။

မထက် ဟာ သူ့ရဲ့ချစ်သူနဲ့တွဲရိုက်ထားတဲ့ ပုံတွေကိုတင်ခဲ့ပေမယ့်လည်း မျက်နှာကို ကွယ်ထားတဲ့ အတွက်တော့ သေသေချာချာ ဘယ်သူဘယ်ဝါဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမယ့်လည်း ပုံစံကြည့်ရတာကတော့ မထက် ရဲ့အသက်ထက်တော့ ချစ်သူကောင်လေးရဲ့ အသက်ဟာ ငယ်မယ်လို့ထင်ရပါတယ်။

Photo Credit:Ma Htet Facebook

ကြည်သာ (Akhayar)

www.akhayar.com