[Zawgyi]

အတြဲအစစ္နဲ႔ MV ရိုက္ခဲ့တာမဟုတ္ပါဘူးလို႔ ေျပာလိုက္ျပန္တဲ့ မထက္

နီနီခင္ေဇာ္ရဲ ႔ Stand By Me ဆိုတဲ့ MV အသစ္ေလးမွာ အကုန္လံုး ကအတြဲအစစ္ေတြနဲ႔ ရိုက္ထားၾကေပမယ့္လည္း မထက္ကေတာ့ အတြဲအစစ္နဲ႔ ရိုက္ခဲ့တာမဟုတ္ဘူးလို႕လည္း သိရပါတယ္။ မထက္နဲ႔တြဲၿပီးရိုက္ထားတာကေတာ့ ဆရာဝန္ေလးတစ္ေယာက္ပါ။ နီနီခင္ေဇာ္ရဲ ႔ MV ထဲမွာ ပါဝင္သရုပ္ေဆာင္ထားတဲ့ သူ႔ကို ခင္မင္ရင္းနွီးသူေတြ က Mention ေခၚထားရာကေနသိရွိရၿပီး မထက္ရဲ ႔ လူမႈကြန္ရက္မွာလည္း အခ်င္းခ်င္းလက္တို႔ထားၾကတဲ့ Comment ေတြကိုေတြ႔ျမင္ရတာျဖစ္ပါတယ္။

ဒီ MV ထဲမွာ တျခားသူေတြကအတြဲအစစ္ေတြ နဲ ႔ရိုက္ထားၾကေပမယ့္လို႔ မထက္ကေတာ့ အတြဲအစစ္မဟုတ္ပါဘူးလို႕ လည္း မႏၱေလး FM မွာ ေျဖထားတာကို ေတြ႕ရပါတယ္။ မထက္မွာရည္းစားရွိပါတယ္။ ဒါေပမယ့္လည္း ခ်ျပဖို႔အတြက္ေတာ့မျဖစ္နိုင္ေသးပါဘူးလို႕လည္း ဆိုပါတယ္။ ရည္းစားကိုလည္း မိသားစု ကလက္ခံတယ္ဆိုၿပီးေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ မထက္ကေျပာခဲ့ပါတယ္။ ခ်စ္သူရွိေနလို႔လည္း စိတ္ညစ္တာေတြပိုသပ္သာေစပါတယ္လို႔ မထက္ကဆိုပါတယ္။ တပည့္အေပါင္းအသင္းေတြလည္း ရွိတယ္ဆိုေပမယ့္ ခ်စ္သူရွိေတာ့လည္း ပိုေကာင္းတာေပါ့ေနာ္ ဆိုၿပီး မထက္က မႏၱေလး FM ရဲ ႔ Live အစီအစဥ္မွာလည္း ေျပာခဲ့ပါေသးတယ္။

Sai Toom Kham အေကာင့္မွ ဆရာဝန္ေလးရဲ ႔ပံု

မထက္နဲ႔ အတူ နီနီခင္ေဇာ္ရဲ ႔သီခ်င္းမွာ သရုပ္ေဆာင္ေပးခဲ့တဲ့ သူေလးကေတာ့ အလန္းေလးေနာ္။ ေယာက္က်ားေလးတစ္ေယာက္အေနနဲ႔ ဆြဲေဆာင္မႈရွိတဲ့ ပံုစံမ်ိဳးျဖစ္လို႔ ပရိသတ္ေတြ အတြက္ျပန္လည္ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္။

Photo Credit: Sai Toom Kham Facebook ၊ Ma Htet Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အတွဲအစစ်နဲ့ MV ရိုက်ခဲ့တာမဟုတ်ပါဘူးလို့ ပြောလိုက်ပြန်တဲ့ မထက်

နီနီခင်ဇော်ရဲ့ Stand By Me ဆိုတဲ့ MV အသစ်လေးမှာ အကုန်လုံး ကအတွဲအစစ်တွေနဲ့ ရိုက်ထားကြပေမယ့်လည်း မထက်ကတော့ အတွဲအစစ်နဲ့ ရိုက်ခဲ့တာမဟုတ်ဘူးလို့လည်း သိရပါတယ်။ မထက်နဲ့တွဲပြီးရိုက်ထားတာကတော့ ဆရာဝန်လေးတစ်ယောက်ပါ။ နီနီခင်ဇော်ရဲ့ MV ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ကို ခင်မင်ရင်းနှီးသူတွေ က Mention ခေါ်ထားရာကနေသိရှိရပြီး မထက်ရဲ့ လူမှုကွန်ရက်မှာလည်း အချင်းချင်းလက်တို့ထားကြတဲ့ Comment တွေကိုတွေ့မြင်ရတာဖြစ်ပါတယ်။

ဒီ MV ထဲမှာ တခြားသူတွေကအတွဲအစစ်တွေ နဲ့ရိုက်ထားကြပေမယ့်လို့ မထက်ကတော့ အတွဲအစစ်မဟုတ်ပါဘူးလို့ လည်း မန္တလေး FM မှာ ဖြေထားတာကို တွေ့ရပါတယ်။ မထက်မှာရည်းစားရှိပါတယ်။ ဒါပေမယ့်လည်း ချပြဖို့အတွက်တော့မဖြစ်နိုင်သေးပါဘူးလို့လည်း ဆိုပါတယ်။ ရည်းစားကိုလည်း မိသားစု ကလက်ခံတယ်ဆိုပြီးပျော်ပျော်ရွှင်ရွှင်ပဲ မထက်ကပြောခဲ့ပါတယ်။ ချစ်သူရှိနေလို့လည်း စိတ်ညစ်တာတွေပိုသပ်သာစေပါတယ်လို့ မထက်ကဆိုပါတယ်။ တပည့်အပေါင်းအသင်းတွေလည်း ရှိတယ်ဆိုပေမယ့် ချစ်သူရှိတော့လည်း ပိုကောင်းတာပေါ့နော် ဆိုပြီး မထက်က မန္တလေး FM ရဲ့ Live အစီအစဉ်မှာလည်း ပြောခဲ့ပါသေးတယ်။

Sai Toom Kham အကောင့်မှ ဆရာဝန်လေးရဲ့ပုံ

မထက်နဲ့ အတူ နီနီခင်ဇော်ရဲ့သီချင်းမှာ သရုပ်ဆောင်ပေးခဲ့တဲ့ သူလေးကတော့ အလန်းလေးနော်။ ယောက်ကျားလေးတစ်ယောက်အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးဖြစ်လို့ ပရိသတ်တွေ အတွက်ပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

Photo Credit: Sai Toom Kham Facebook ၊ Ma Htet Facebook

ကြည်သာ (Akhayar)

www.akhayar.com