ေမာ္ဒယ္ M ဆိုင္းလုရဲ႕ဝါသနာနဲ႔႔ ပရိသတ္ေတြမသိေသးတဲ့ သူမအေၾကာင္း

m-seng-lu-hobby-and-unknown-facts

[Zawgyi]

ေမာ္ဒယ္ M ဆိုင္းလုရဲ႕ဝါသနာနဲ႔႔ ပရိသတ္ေတြမသိေသးတဲ့ သူမအေၾကာင္း

ျမန္မာႏိုင္ငံရဲ႕ေမာ္ဒယ္ေလာကမွာဆိုရင္ ရိုးစင္းတဲ့ ကိုယ္ဟန္ျပအလုပ္ကိုပဲ ရသေျမာက္တဲ့အႏုပညာ ဖန္တီးမႈေတြနဲ႔ Professional က်က်လုပ္ကိုင္ေနတဲ့ ေမာ္ဒယ္ေတြ ေပၚထြက္လာေနပါတယ္။ ဒီထဲကမွ နာမည္ႀကီးစူပါေမာ္ဒယ္တစ္ဦးျဖစ္တဲ့ ကခ်င္မေလး ေမာ္ဒယ္ M ဆိုင္းလုနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြ မသိေသးဘဲ ပရိသတ္ေတြလည္းသိခ်င္ၾကမယ့္ သူမရဲ႕ဝါသနာနဲ႔ ေမာ္ဒယ္တစ္ေယာက္အတြက္ အေရးႀကီးဆံုး အစိတ္အပိုင္းျဖစ္တဲ့ ခႏၶာကိုယ္အလွအပေရးရာထိန္းသိမ္းမႈေတြအေၾကာင္း ေဖာ္ျပေပးလုိက္ပါတယ္။ M ဆိုင္းလုရဲ႕အသက္က ၂၄ ႏွစ္ျဖစ္ၿပီးေတာ့ အရပ္က ၅ ေပ ၇ လက္မရွိတဲ့ ကခ်င္လူမ်ိဳး ေမာ္ဒယ္တစ္ေယာက္ျဖစ္ပါတယ္။

အသားအေရဘယ္လိုထိန္းသိမ္းလဲ

ေမာ္ဒယ္တစ္ေယာက္အတြက္ အေရးႀကီးဆံုးျဖစ္တဲ့ ခႏၶာကိုယ္အလွအပေရးရာ ထိန္းသိမ္းတဲ့အပိုင္း မွာေတာ့ အသားအေရစိုျပည္ဖို႔ Skin Care ပစၥည္းေတြကိုသံုးေပမယ့္ အိပ္ခ်ိန္မွန္ေအာင္ အျမဲ ဂရုစိုက္သလို အစားအေသာက္ကိုလည္း ေသခ်ာမွ်တေအာင္စားၿပီး ထိန္းတာကို အဓိကထားတယ္လို႔လည္း သိရပါတယ္။ က်န္းမာေရးနဲ႔ လိုက္ေလ်ာညီေထြျဖစ္တဲ့ အစားအေသာက္ေတြစားေပးျခင္းအားျဖင့္ က်န္းမာေရးေကာင္းေအာင္၊ အသားအေရလွေအာင္ ထိန္းသိမ္းပါတယ္တဲ့။

အႀကိဳက္ဆံုးဝါသနာ

သူမရဲ႕အႀကိဳက္ဆံုးဝါသနာနဲ႔ အလုပ္ခ်င္ဆံုးအရာကေတာ့ ခရီးသြားျခင္းပဲျဖစ္ပါတယ္။ ခရီးသြားရတာက စိတ္အပန္းေျပေစသလို စိတ္ထြက္ေပါက္လည္းျဖစ္ေစတယ္လို႔ M ဆိုင္းလုက ေျပာျပထားပါတယ္။ သူမဘဝမွာ ေနာက္ထပ္အလုပ္ခ်င္ဆံုးအရာေတြထဲမွာ လက္ေဝွ႔ထိုးတာလည္း ပါပါတယ္။ လက္ေဝွ႔ကို ၿပိဳင္ပြဲေတြဝင္ၿပိဳင္တဲ့အထိ ထိုးဖူးခ်င္တယ္၊ ၿပိဳင္ဖူးခ်င္တယ္လို႔လည္းဆိုပါတယ္။

အားလပ္ခ်ိန္ေတြမွာဒါေတြလုပ္တယ္

Mဆိုင္းလုက သူမရဲ႕အားလပ္ခ်ိန္ေတြကိုေတာ့ ရုပ္ရွင္ၾကည့္ရင္း၊ သီခ်င္းနားေထာင္ရင္းပဲ ကုန္ဆံုးျဖစ္ သလို အခုေနာက္ပိုင္းမွာ စိတ္ဓာတ္ခြန္အားတက္ႂကြေစမယ့္စာေတြလည္း ဖတ္ျဖစ္ပါတယ္တဲ့။

သႀကၤန္ကိုလည္းဒီလိုျဖတ္သန္းတယ္

သူမအေနနဲ႔ သႀကၤန္မွာ ခရီးသြားျဖစ္တာမ်ားၿပီးေတာ့ ခရီးမသြားျဖစ္ဘူးဆိုရင္ေတာ့ သူငယ္ခ်င္းေတြ နဲ႔လည္တာပဲျဖစ္ျဖစ္ ေရကစားတာပဲျဖစ္ျဖစ္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလးပဲ ျဖတ္သန္းပါတယ္တဲ့။

Mဆိုင္းလု မႀကိဳက္ဆံုးအလုပ္

“ဂိမ္းေဆာ့တာမႀကိဳက္ဘူး၊ ဒါေပမယ့္ ခၽြင္းခ်က္အေနနဲ႔ကေတာ့ ဘယ္ေတာ့မွမရံႈးတဲ့ ဂိမ္းကိုေရြးေဆာ့ တယ္၊ မရံႈးခ်င္လို႔”လို႔ သူမကေျပာျပခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မော်ဒယ် M ဆိုင်းလုရဲ့ဝါသနာနဲ့ ပရိသတ်တွေမသိသေးတဲ့ သူမအကြောင်း

မြန်မာနိုင်ငံရဲ့မော်ဒယ်လောကမှာဆိုရင် ရိုးစင်းတဲ့ ကိုယ်ဟန်ပြအလုပ်ကိုပဲ ရသမြောက်တဲ့အနုပညာ ဖန်တီးမှုတွေနဲ့ Professional ကျကျလုပ်ကိုင်နေတဲ့ မော်ဒယ်တွေ ပေါ်ထွက်လာနေပါတယ်။ ဒီထဲကမှ နာမည်ကြီးစူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ ကချင်မလေး မော်ဒယ် M ဆိုင်းလုနဲ့ပတ်သက်ပြီး ပရိသတ်တွေ မသိသေးဘဲ ပရိသတ်တွေလည်းသိချင်ကြမယ့် သူမရဲ့ဝါသနာနဲ့ မော်ဒယ်တစ်ယောက်အတွက် အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်အလှအပရေးရာထိန်းသိမ်းမှုတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ M ဆိုင်းလုရဲ့အသက်က ၂၄ နှစ်ဖြစ်ပြီးတော့ အရပ်က ၅ ပေ ၇ လက်မရှိတဲ့ ကချင်လူမျိုး မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

အသားအရေဘယ်လိုထိန်းသိမ်းလဲ

မော်ဒယ်တစ်ယောက်အတွက် အရေးကြီးဆုံးဖြစ်တဲ့ ခန္ဓာကိုယ်အလှအပရေးရာ ထိန်းသိမ်းတဲ့အပိုင်း မှာတော့ အသားအရေစိုပြည်ဖို့ Skin Care ပစ္စည်းတွေကိုသုံးပေမယ့် အိပ်ချိန်မှန်အောင် အမြဲ ဂရုစိုက်သလို အစားအသောက်ကိုလည်း သေချာမျှတအောင်စားပြီး ထိန်းတာကို အဓိကထားတယ်လို့လည်း သိရပါတယ်။ ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အစားအသောက်တွေစားပေးခြင်းအားဖြင့် ကျန်းမာရေးကောင်းအောင်၊ အသားအရေလှအောင် ထိန်းသိမ်းပါတယ်တဲ့။

အကြိုက်ဆုံးဝါသနာ

သူမရဲ့အကြိုက်ဆုံးဝါသနာနဲ့ အလုပ်ချင်ဆုံးအရာကတော့ ခရီးသွားခြင်းပဲဖြစ်ပါတယ်။ ခရီးသွားရတာက စိတ်အပန်းပြေစေသလို စိတ်ထွက်ပေါက်လည်းဖြစ်စေတယ်လို့ M ဆိုင်းလုက ပြောပြထားပါတယ်။ သူမဘဝမှာ နောက်ထပ်အလုပ်ချင်ဆုံးအရာတွေထဲမှာ လက်ဝှေ့ထိုးတာလည်း ပါပါတယ်။ လက်ဝှေ့ကို ပြိုင်ပွဲတွေဝင်ပြိုင်တဲ့အထိ ထိုးဖူးချင်တယ်၊ ပြိုင်ဖူးချင်တယ်လို့လည်းဆိုပါတယ်။

အားလပ်ချိန်တွေမှာဒါတွေလုပ်တယ်

Mဆိုင်းလုက သူမရဲ့အားလပ်ချိန်တွေကိုတော့ ရုပ်ရှင်ကြည့်ရင်း၊ သီချင်းနားထောင်ရင်းပဲ ကုန်ဆုံးဖြစ် သလို အခုနောက်ပိုင်းမှာ စိတ်ဓာတ်ခွန်အားတက်ကြွစေမယ့်စာတွေလည်း ဖတ်ဖြစ်ပါတယ်တဲ့။

သင်္ကြန်ကိုလည်းဒီလိုဖြတ်သန်းတယ်

သူမအနေနဲ့ သင်္ကြန်မှာ ခရီးသွားဖြစ်တာများပြီးတော့ ခရီးမသွားဖြစ်ဘူးဆိုရင်တော့ သူငယ်ချင်းတွေ နဲ့လည်တာပဲဖြစ်ဖြစ် ရေကစားတာပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်လေးပဲ ဖြတ်သန်းပါတယ်တဲ့။

Mဆိုင်းလု မကြိုက်ဆုံးအလုပ်

“ဂိမ်းဆော့တာမကြိုက်ဘူး၊ ဒါပေမယ့် ချွင်းချက်အနေနဲ့ကတော့ ဘယ်တော့မှမရှုံးတဲ့ ဂိမ်းကိုရွေးဆော့ တယ်၊ မရှုံးချင်လို့”လို့ သူမကပြောပြခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။