[Zawgyi]










Yoe Lu (Akhayar)

www.akhayar.com


[Unicode]

‘သနားသောအားဖြင့်’ သီချင်း Lyrics Video ထွက်ရှိလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

အသက်တွေ ကြီးလာပေမယ့် လန်းမြဲလန်းဆဲ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ နောက်ဆုံးထွက် Album ‘Sai Sai is Sai Sai’ အခွေထဲက ‘သနားသောအားဖြင့်’ ဆိုတဲ့ သီချင်းလေးရဲ့ Lyrics Video ကို ပြီးခဲ့တဲ့ တစ်နာရီကျော်လောက်ကပဲ ခုလို တင်ပေးခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်

တင်ပေးတာတောင်မှ Caption ကို

“တခါတခါ သူငယ်ချင်းတွေ ကြားလူတွေဆိုတာ စေတနာနဲ့ အကြံပေးတာ သတိပေးတာ ပြောပြတာဆိုပေမယ့်
နောက်ဆုံးဝေးကွာသွားတဲ့အခါ ကာယကံရှင်တွေပဲခံစားရတာ
တကယ်တော့ ကိုယ့်အချင်းချင်း ကြားထဲကနားလည်မှုဆိုတာ ချစ်ခြင်းတွေနဲ့ဖွဲ့တည်ထားတာ ဘေးလူက ဘယ်လိုလုပ် ကိုယ်ချင်းစာနိုင်ပါ့မလဲ
အားလုံးပြီးသွားတဲ့အခါ ကမ္ဘာကြီးက သူ့အရှိန်သူလည်ပတ်နေမြဲ
ကိုယ်တွေနှစ်ယောက်ပဲ အသည်းကွဲပြီး ကျန်ခဲ့ရရှာ …” ဆိုတဲ့ ဆွေးဆွေးမြည့်မြည့်စာသားလေးနဲ့ တင်ခဲ့တာပါ။ ဒါကို သူ့ရဲ့ Personal Account မှာ ပြန် Share တဲ့အခါမှာလည်း အသည်းကွဲနေတဲ့ သင်္ကေတလေးနဲ့ Share ခဲ့ပါသေးတယ်။

စိုင်းစိုင်းရဲ့ Caption

စိုင်းစိုင်းရဲ့ Caption

နာမည်ကျော်လူပျိုကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းတစ်ယောက် ဘယ်သူ့ကြောင့်၊ ဘာ့ကြောင့် ကြေကွဲနေရတယ်ဆိုတာ သူ့ပရိသတ်က မေးခွန်းထုတ်နေကြပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Sai Sai Kham Leng’s Facebook Page

Photo Credit : Amazing Grace