[Zawgyi]



Shaw

Shaw


Ref:BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ လုရှော Shaw

မန်ယူအသင်းရဲ့ ဘယ်နောက်ခံလူ လုရှော Shaw ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ လုရှော Shaw ဟာ စက်တင်ဘာလထဲမှာကစားမယ့် စပိန် ၊ ဆွစ်ဇာလန်အသင်းတို့နဲ့ ပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာရွေးချယ်ခြင်းခံခဲ့ရတာပါ။ အင်္ဂလန်အသင်းအတွက် လုရှော Shaw ဟာ ၂၀၁၇ မတ်လတုန်းက ကစားခဲ့တဲ့ ဂျာမနီအသင်းနဲ့ပွဲစဉ်မှာ နောက်ဆုံးပါဝင်ကစားခဲ့ပါတယ်။

Shaw

Shaw

အင်္ဂလန်အသင်းနဲ့ ကာလအတန်ကြာဝေးကွာနေတဲ့ လုရှော Shaw ဟာ မန်ယူအသင်းမှာခြေစွမ်းကောင်းတွေပြသနေတာကြောင့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် Southgate ကပြန်လည်ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ လုရှော Shaw ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ၂၀၁၄ ခုနှစ်ကစတင်ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်ထိအသင်းအတွက် ပွဲစဉ်(၇)ပွဲပါဝင်ကစားထားပါတယ်။ မန်ယူအသင်းမှာ အခွင့်အရေးပြန်ရချိန်မှာ လုရှော Shaw ဟာ အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်းမှာအခွင့်အရေးပြန်ရချိန်မှာလည်း အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်မလားဆိုတာကို စောင့်ကြည့်သွားကြရမှာပါ။

Ref:BBC Sport
Photo: Melody Travers , Goal.com
Ko Kyue(Akhayar)
www.akhayar.com