[Zawgyi]

ဦးေခါင္းဒဏ္ရာက ျပန္သက္သာလာၿပီျဖစ္တဲ့ လုခ္ေရွာ Luke Shaw

Nations League ပဲြအျဖစ္ စပိန္အသင္းနဲ႔ ကစားခဲ့တဲ့ပဲြမွာ ဦးေခါင္းဒဏ္ရာ ရခဲ့တဲ့ အဂၤလန္အသင္း ေနာက္ခံလူ လုခ္ေရွာ Luke Shaw ဟာ အေျခအေန ျပန္ေကာင္းလာၿပီျဖစ္ပါတယ္။ လုခ္ေရွာဟာ ဒုတိယပုိင္းပဲြအစမွာ ၿပိဳင္ဘက္ေနာက္ခံလူ ကာဗာဟာလ္ Carvajal နဲ႔ ေဘာလုံးေခါင္းယွဥ္တိုက္တာကေန ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး သတိလစ္သလုိ ျဖစ္ေနတဲ့အတြက္ ေဆးအဖြဲ႕၀င္ေတြက ေအာက္စီဂ်င္ေပးခဲ့တဲ့အျပင္ (၇)မိနစ္ေလာက္ ၾကာတဲ့အထိ ေရွးဦးသူနာ ျပဳစုခဲ့ရတယ္။

လုခ္ေရွာကုိ ကြင္းထဲကေန ထမ္းစင္နဲ႔ သယ္ယူသြားခဲ့ရၿပီး သူ႔အေနအထားက စုိးရိမ္စရာျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ အေျခအေန အားလုံးတည္ၿငိမ္သြားၿပီလုိ႔ BBC သတင္းဌာနက ေဖာ္ျပခဲ့တယ္။

Manchester-United-defender-was-carried-off-on-a-stretcher-early-in-the-second-half-

Manchester-United-defender-was-carried-off-on-a-stretcher-early-in-the-second-half-

လုခ္ေရွာက “ကၽြန္ေတာ့္ကုိ အားေပးႏွစ္သိမ့္ခဲ့ၾကတဲ့အတြက္ အားလုံးကုိ ေက်းဇူးတင္ပါတယ္။ အခု ကၽြန္ေတာ့္အေျခအေန ေကာင္းမြန္လာပါၿပီ။ ကၽြန္ေတာ္က Fighter တစ္ဦးျဖစ္လုိ႔ မၾကာခင္ ျပန္လာႏုိင္မွာပါ”ဆုိၿပီး သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ အသက္(၂၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လုခ္ေရွာဟာ စပိန္နဲ႔ပဲြမွာ ၂၀၁၇၊ မတ္လေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ အဂၤလန္အသင္းအတြက္ ပဲြထြက္ကစားခြင့္ရခဲ့တာျဖစ္ၿပီး အဖြင့္ဂုိးကုိ ရပ္ရွ္ဖုိ႔ဒ္ Rashford သြင္းယူႏုိင္ေအာင္ ဖန္တီးေပးခဲ့သူပါ။ ဒါေပမဲ့ အဂၤလန္အသင္းကေတာ့ ကံေကာင္းခဲ့ပါဘူး။

စပိန္အသငး္က ဆာအူလ္ Saul ၊ ႐ုိဒရီဂုိ Rodrigo တို႔က ေခ်ပဂုိး၊ အႏုိင္ဂုိးေတြ သြင္းယူၿပီး ၀င္ဘေလကြင္းမွာ အဂၤလန္အသင္းကုိ အႏုိင္ယူခဲ့ပါတယ္။

REF:BBC
Photo:independent
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဦးခေါင်းဒဏ်ရာက ပြန်သက်သာလာပြီဖြစ်တဲ့ လုခ်ရှော Luke Shaw

Nations League ပွဲအဖြစ် စပိန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာ ရခဲ့တဲ့ အင်္ဂလန်အသင်း နောက်ခံလူ လုခ်ရှော Luke Shaw ဟာ အခြေအနေ ပြန်ကောင်းလာပြီဖြစ်ပါတယ်။ လုခ်ရှောဟာ ဒုတိယပိုင်းပွဲအစမှာ ပြိုင်ဘက်နောက်ခံလူ ကာဗာဟာလ် Carvajal နဲ့ ဘောလုံးခေါင်းယှဉ်တိုက်တာကနေ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး သတိလစ်သလို ဖြစ်နေတဲ့အတွက် ဆေးအဖွဲ့ဝင်တွေက အောက်စီဂျင်ပေးခဲ့တဲ့အပြင် (၇)မိနစ်လောက် ကြာတဲ့အထိ ရှေးဦးသူနာ ပြုစုခဲ့ရတယ်။

လုခ်ရှောကို ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ယူသွားခဲ့ရပြီး သူ့အနေအထားက စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အခြေအနေ အားလုံးတည်ငြိမ်သွားပြီလို့ BBC သတင်းဌာနက ဖော်ပြခဲ့တယ်။

Manchester-United-defender-was-carried-off-on-a-stretcher-early-in-the-second-half-

Manchester-United-defender-was-carried-off-on-a-stretcher-early-in-the-second-half-

လုခ်ရှောက “ကျွန်တော့်ကို အားပေးနှစ်သိမ့်ခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော့်အခြေအနေ ကောင်းမွန်လာပါပြီ။ ကျွန်တော်က Fighter တစ်ဦးဖြစ်လို့ မကြာခင် ပြန်လာနိုင်မှာပါ”ဆိုပြီး သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လုခ်ရှောဟာ စပိန်နဲ့ပွဲမှာ ၂၀၁၇၊ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပြီး အဖွင့်ဂိုးကို ရပ်ရှ်ဖို့ဒ် Rashford သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့သူပါ။ ဒါပေမဲ့ အင်္ဂလန်အသင်းကတော့ ကံကောင်းခဲ့ပါဘူး။

စပိန်အသင်းက ဆာအူလ် Saul ၊ ရိုဒရီဂို Rodrigo တို့က ချေပဂိုး၊ အနိုင်ဂိုးတွေ သွင်းယူပြီး ဝင်ဘလေကွင်းမှာ အင်္ဂလန်အသင်းကို အနိုင်ယူခဲ့ပါတယ်။

REF:BBC
Photo:independent
Naing Linn(Akhayar)
www.akhayar.com