ဒီရက်ပိုင်း အပြောင်းအရွှေ့သတင်းတွေမှာတော့ မန်ယူတိုက်စစ်မှူး လူကာကူ Lukaku ဟာလည်း အပါအ၀င်ဖြစ်နေပြီး အသင်းကနေ ထွက်ခွာတော့မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လူကာကူ ဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေထွက်ခဲ့သလို သူကိုယ်တိုင်ကလည်း သူ့အတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှုရရင် အသင်းကနေ ဒီနွေမှာထွက်ခွာနိုင်တယ်လို့ ပြောကြားခဲ့တာကြောင့် သူ့ရဲ့အနာဂတ်က စောင့်ကြည့်ချင်စရာကောင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာတော့ လူကာကူ ဟာ အားလပ်ရက်ကပြန်လာမှာဖြစ်သလို ပြီးရင် အသင်းဘုတ်အဖွဲ့နဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိနေပါတယ်။

လက်ရှိမှာတော့ လူကာကူ ကို ခေါ်ယူဖို့အတွက် စီးရီးအေကလပ်အသင်းတွေဖြစ်ကြတဲ့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ လူကာကူ ဟာ ၂၀၁၇ ခုနှစ်က အဲဗာတန်အသင်းကနေ မန်ယူအသင်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။ ၂၀၁၇ – ၂၀၁၈ ဘောလုံးရာသီမှာတော့ လူကာကူ ဟာ မန်ယူအသင်းအတွက် သွင်းဂိုး(၂၇)ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ တံကောက်ကြော ဒဏ်ရာကို ခံစားခဲ့ရပြီး အသင်းအတွက် သွင်းဂိုး(၁၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Ref: Daily Mail , Goal.com
Photo: Daily Mail , The Sun
Ko Kyue(Akhayar)
www.akhayar.com