[Zawgyi]

မန္ခ်က္စတာယူႏုိက္္တက္ အမွတ္တံဆိပ္ဟာ ဒီလိုမဟုတ္ဘူး

ဆီဗီလာကို စိတ္ပ်က္ဖြယ္အေရးနိမ့္ၿပီး ယူႏုိက္တက္ရဲ႕ ခ်န္ပီယံလိဂ္ခရီးစဥ္ပ်ံသန္းမႈဟာ လမ္းခုလတ္မွာ ပ်က္က်ခဲ့ပါၿပီ။ နည္းျပေမာ္ရင္ဟိုရဲ႕ မွားယြင္းတဲ့လူထုတ္ပံု၊ ယူႏုိက္တက္ကစားသမားတခ်ဳိ႕ရဲ႕ စြမ္းေဆာင္ရည္နိမ့္ပါးမႈ၊ ခံယူခ်က္ေမွာင္မိုက္မႈေတြဟာ ယူႏုိက္တက္ကို အဆိုးတရားဆီေခၚေဆာင္သြားတာပဲ။ ယူႏုိက္တက္ဘာလို႔ ႐ႈံးခဲ့လဲဆိုၿပီး ေ၀ဖန္သံုးသပ္မႈေတြဟာ ေခတ္ေပၚဖက္ရွင္တစ္ခုလို အားကစားမီဒီယာအမ်ားစုမွာ ပ်ံ႕ႏွံ႕ေနတယ္။ ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူက ဆီဗီလာနဲ႔ပြဲမွာ သူ႕ရဲ႕ ယူႏုိက္တက္ကစားသမားတခ်ဳိ႕ဟာ ခုိကပ္ကစားခဲ့တယ္လို႔ ပြင့္ပြင့္လင္းလင္းေ၀ဖန္လိုက္ပါတယ္။

လူကာကူက “ ကစားသမားတခ်ဳိ႕ဟာ အျပစ္အနာအဆာမရွိကစားႏုိင္ခဲ့တယ္။ ကစားသမားတခ်ဳိ႕ကေတာ့ ခိုကပ္ကစားခဲ့တယ္။ ပြဲကိုကၽြန္ေတာ္တို႔အသင္းေကာင္းမြန္စြာစတင္ႏုိင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သူတုိ႔ပြဲကို ထိန္းခ်ဳပ္ခြင့္ရေအာင္ ကၽြန္ေတာ္တို႔ ခြင့္ျပဳခဲ့ပါတယ္။ အခြင့္အေရးေတြရခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ ဂိုးမရခဲ့ဘူး။ သူတို႔က ဦးေဆာင္ဂိုးသြင္းသြားပါတယ္။ ကၽြန္ေတာ္တို႔ ဒီထက္ပိုၿပီး ကစားပံုေကာင္းမြန္သင့္ပါတယ္။ ကၽြန္ေတာ္တို႔မွာ အရည္အေသြးျမင့္ကစားသမားေတြလည္း ရွိလို႔ ေနာက္တစ္ဆင့္ကို တက္ခဲ့သင့္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ရဲ႕ ကစားပံုအရ ေနာက္တစ္ဆင့္နဲ႔ မထိုက္တန္ပါဘူး” လို႔ ေ၀ဖန္ခဲ့ပါတယ္။

လူကာကူဟာ ဆီဗီလာနဲ႔႔ပြဲမွာ ယူႏုိက္တက္အတြက္ ေခ်ပဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ဒါေပမဲ့ သူ႕ရဲ႕ ဂိုးဟာ အခ်ိန္လြန္ေမွ်ာ္လင့္ခ်က္တစ္ခုပါပဲလို႔ ၀န္ခံသြားပါတယ္။ ယူႏုိက္တက္အတြက္ ဒီရာသီမွာ ဖလားေမွ်ာ္လင့္ခ်က္ဟာ အက္ဖ္ေအၿပိဳင္ပြဲတစ္ခုပဲရွိပါေတာ့တယ္။ လက္ရွိအခ်ိန္မွာ ယူႏုိက္တက္ဟာ အက္ဖ္ေအဖလားကြာတားဖိုင္နယ္အဆင့္ကို ေရာက္ရွိေနပါတယ္။ အက္ဖ္ေအဖလားမွာ ေအာင္ျမင္မႈရေအာင္ ႀကိဳးစားရမယ္လို႔ လူကာကူ ဆိုခဲ့ေပမယ့္ ယူႏုိက္တက္လိုအသင္းတစ္သင္းအတြက္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကသာ ပိုၿပီးဂုဏ္ယူစရာမဟုတ္လားလို႔ လူကာကူက ေမးခြန္းထုတ္ခဲ့ပါတယ္။

ဟုတ္ပါတယ္။ ယူႏုိက္တက္လိုအသင္းတစ္သင္းအတြက္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကသာ ေက်နပ္စရာျဖစ္ပါလိမ့္မယ္။ ဆီဗီလာကို အိမ္ကြင္းမွာ အရွက္တကြဲအေရးနိမ့္ျခင္းဟာ ယူႏုိက္တက္ရဲ႕ ဂုဏ္သိကၡာအိုးမည္းသုတ္ခံရတာပါပဲ။ ယူႏုိက္တက္ဆိုတဲ့ အမွတ္တံဆိပ္အတြက္ ဘယ္သူေတြဟာ စိတ္ဓာတ္ျပင္းျပစြာကစားေနၿပီး၊ ဘယ္သူေတြဟာ တာ၀န္ေက်႐ံုခိုကပ္ကစားေနတာလဲ။ လူကာကူေျပာတဲ့ ခိုကပ္ကစားေနသူေတြဆိုတာ ဘယ္သူေတြမ်ားျဖစ္မလဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မန်ချက်စတာယူနိုက်တက် အမှတ်တံဆိပ်ဟာ ဒီလိုမဟုတ်ဘူး

ဆီဗီလာကို စိတ်ပျက်ဖွယ်အရေးနိမ့်ပြီး ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ခရီးစဉ်ပျံသန်းမှုဟာ လမ်းခုလတ်မှာ ပျက်ကျခဲ့ပါပြီ။ နည်းပြမော်ရင်ဟိုရဲ့ မှားယွင်းတဲ့လူထုတ်ပုံ၊ ယူနိုက်တက်ကစားသမားတချို့ရဲ့ စွမ်းဆောင်ရည်နိမ့်ပါးမှု၊ ခံယူချက်မှောင်မိုက်မှုတွေဟာ ယူနိုက်တက်ကို အဆိုးတရားဆီခေါ်ဆောင်သွားတာပဲ။ ယူနိုက်တက်ဘာလို့ ရှုံးခဲ့လဲဆိုပြီး ဝေဖန်သုံးသပ်မှုတွေဟာ ခေတ်ပေါ်ဖက်ရှင်တစ်ခုလို အားကစားမီဒီယာအများစုမှာ ပျံ့နှံ့နေတယ်။ ယူနိုက်တက်တိုက်စစ်မှူး လူကာကူက ဆီဗီလာနဲ့ပွဲမှာ သူ့ရဲ့ ယူနိုက်တက်ကစားသမားတချို့ဟာ ခိုကပ်ကစားခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်းဝေဖန်လိုက်ပါတယ်။

လူကာကူက “ ကစားသမားတချို့ဟာ အပြစ်အနာအဆာမရှိကစားနိုင်ခဲ့တယ်။ ကစားသမားတချို့ကတော့ ခိုကပ်ကစားခဲ့တယ်။ ပွဲကိုကျွန်တော်တို့အသင်းကောင်းမွန်စွာစတင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ပွဲကို ထိန်းချုပ်ခွင့်ရအောင် ကျွန်တော်တို့ ခွင့်ပြုခဲ့ပါတယ်။ အခွင့်အရေးတွေရခဲ့ပေမယ့် ကျွန်တော်တို့ ဂိုးမရခဲ့ဘူး။ သူတို့က ဦးဆောင်ဂိုးသွင်းသွားပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ကစားပုံကောင်းမွန်သင့်ပါတယ်။ ကျွန်တော်တို့မှာ အရည်အသွေးမြင့်ကစားသမားတွေလည်း ရှိလို့ နောက်တစ်ဆင့်ကို တက်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကစားပုံအရ နောက်တစ်ဆင့်နဲ့ မထိုက်တန်ပါဘူး” လို့ ဝေဖန်ခဲ့ပါတယ်။

လူကာကူဟာ ဆီဗီလာနဲ့ပွဲမှာ ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဂိုးဟာ အချိန်လွန်မျှော်လင့်ချက်တစ်ခုပါပဲလို့ ဝန်ခံသွားပါတယ်။ ယူနိုက်တက်အတွက် ဒီရာသီမှာ ဖလားမျှော်လင့်ချက်ဟာ အက်ဖ်အေပြိုင်ပွဲတစ်ခုပဲရှိပါတော့တယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။ အက်ဖ်အေဖလားမှာ အောင်မြင်မှုရအောင် ကြိုးစားရမယ်လို့ လူကာကူ ဆိုခဲ့ပေမယ့် ယူနိုက်တက်လိုအသင်းတစ်သင်းအတွက် ချန်ပီယံလိဂ်အောင်မြင်မှုကသာ ပိုပြီးဂုဏ်ယူစရာမဟုတ်လားလို့ လူကာကူက မေးခွန်းထုတ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ ယူနိုက်တက်လိုအသင်းတစ်သင်းအတွက် ချန်ပီယံလိဂ်အောင်မြင်မှုကသာ ကျေနပ်စရာဖြစ်ပါလိမ့်မယ်။ ဆီဗီလာကို အိမ်ကွင်းမှာ အရှက်တကွဲအရေးနိမ့်ခြင်းဟာ ယူနိုက်တက်ရဲ့ ဂုဏ်သိက္ခာအိုးမည်းသုတ်ခံရတာပါပဲ။ ယူနိုက်တက်ဆိုတဲ့ အမှတ်တံဆိပ်အတွက် ဘယ်သူတွေဟာ စိတ်ဓာတ်ပြင်းပြစွာကစားနေပြီး၊ ဘယ်သူတွေဟာ တာဝန်ကျေရုံခိုကပ်ကစားနေတာလဲ။ လူကာကူပြောတဲ့ ခိုကပ်ကစားနေသူတွေဆိုတာ ဘယ်သူတွေများဖြစ်မလဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။