[Zawgyi]

၂ဝ၁၈ခုႏွစ္အတြက္ Goal 50 ဆုကုိ ရရွိခဲ့တဲ့ Luka Modric

ကမၻာေက်ာ္အားကစားဝက္ဘ္ဆုိက္ Goal.com ရဲ႕ သတင္းေထာက္ေတြဟာ (၁၂) လအတြင္းမွာ ႏုိင္ငံလက္ေရြးစင္အတြက္ေရာ ကလပ္အသင္းအတြက္ပါ အေကာင္းဆုံးစြမ္းေဆာင္ခဲ့ၾကတဲ့ ေဘာလုံးသမား (၅ဝ) ကုိ ႏွစ္စဥ္ေရြးခ်ယ္ၿပီး ‘Goal 50’ အေနနဲ႔ ေဖာ္ျပခဲ့ၾကပါတယ္။ ၂ဝဝ၇-၂ဝဝ၈ ေဘာလုံးရာသီက စတင္ေရြးခ်ယ္ခဲ့တဲ့ ဆုတံဆိပ္ျဖစ္ၿပီး အခုဆုိရင္ (၁၁) ႏွစ္တုိင္ခဲ့ၿပီျဖစ္ပါတယ္။ ၂ဝ၁၈ခုႏွစ္ရဲ႕ အေကာင္းဆုံးေဘာလုံးသမား (၅ဝ) ဦးကုိေတာ့ ႏုိဝင္ဘာလ (၁၃) ရက္ေန႔မွာ တရားဝင္ေၾကညာခဲ့ပါတယ္။

၂ဝ၁၈ခုႏွစ္အတြက္ Goal.com က ေရြးခ်ယ္တဲ့ ေဘာလုံးသမားဆုကုိ ရီးရဲလ္မက္ဒရစ္နဲ႔ ခရုိေအးရွားကြင္းလယ္လူ Luka Modric က ရရွိသြားပါတယ္။ ဒုတိယေနရာမွာေတာ့ ဂ်ဴဗင္တပ္နဲ႔ ေပၚတူဂီတုိက္စစ္မွဴး Cristiano Ronaldo နဲ႔ လီဗာပူးလ္နဲ႔ အီဂ်စ္တုိက္စစ္မွဴး Mohamed Salah က တတိယေနရာမွာ ရပ္တည္ေနပါတယ္။

အဲဒီေနာက္မွာေတာ့ PSG နဲ႔ ျပင္သစ္တုိက္စစ္မွဴး Kylian Mbappe ကုိ စတုတၳအေကာင္းဆုံးေဘာလုံးသမားအျဖစ္ ေရြးခ်ယ္ထားၿပီး ဘာစီလုိနာနဲ႔ အာဂ်င္တီးနားတုိက္စစ္မွဴး Lionel Messi ကေတာ့ နံပါတ္ (၅) ေနရာမွာရွိပါတယ္။ ‘Goal 50’ ဆုကုိေတာ့ Cristiano Ronaldo က ငါးႀကိမ္၊ Lionel Messi က ေလးႀကိမ္နဲ႔ ေဟာ္လန္တုိက္စစ္မွဴးေဟာင္း Wesley Sneijder က တစ္ႀကိမ္ရရွိထားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်အတွက် Goal 50 ဆုကို ရရှိခဲ့တဲ့ Luka Modric

ကမ္ဘာကျော်အားကစားဝက်ဘ်ဆိုက် Goal.com ရဲ့ သတင်းထောက်တွေဟာ (၁၂) လအတွင်းမှာ နိုင်ငံလက်ရွေးစင်အတွက်ရော ကလပ်အသင်းအတွက်ပါ အကောင်းဆုံးစွမ်းဆောင်ခဲ့ကြတဲ့ ဘောလုံးသမား (၅ဝ) ကို နှစ်စဉ်ရွေးချယ်ပြီး ‘Goal 50’ အနေနဲ့ ဖော်ပြခဲ့ကြပါတယ်။ ၂ဝဝ၇-၂ဝဝ၈ ဘောလုံးရာသီက စတင်ရွေးချယ်ခဲ့တဲ့ ဆုတံဆိပ်ဖြစ်ပြီး အခုဆိုရင် (၁၁) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂ဝ၁၈ခုနှစ်ရဲ့ အကောင်းဆုံးဘောလုံးသမား (၅ဝ) ဦးကိုတော့ နိုဝင်ဘာလ (၁၃) ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။

၂ဝ၁၈ခုနှစ်အတွက် Goal.com က ရွေးချယ်တဲ့ ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားကွင်းလယ်လူ Luka Modric က ရရှိသွားပါတယ်။ ဒုတိယနေရာမှာတော့ ဂျူဗင်တပ်နဲ့ ပေါ်တူဂီတိုက်စစ်မှူး Cristiano Ronaldo နဲ့ လီဗာပူးလ်နဲ့ အီဂျစ်တိုက်စစ်မှူး Mohamed Salah က တတိယနေရာမှာ ရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ PSG နဲ့ ပြင်သစ်တိုက်စစ်မှူး Kylian Mbappe ကို စတုတ္ထအကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ထားပြီး ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူး Lionel Messi ကတော့ နံပါတ် (၅) နေရာမှာရှိပါတယ်။ ‘Goal 50’ ဆုကိုတော့ Cristiano Ronaldo က ငါးကြိမ်၊ Lionel Messi က လေးကြိမ်နဲ့ ဟော်လန်တိုက်စစ်မှူးဟောင်း Wesley Sneijder က တစ်ကြိမ်ရရှိထားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com