[Zawgyi]

ဥေရာပအေကာင္းဆုံး ကစားသမားဆုကုိ ပထမဆုံးအႀကိမ္ ဆြတ္ခူးခဲ့တဲ့ မုိဒရစ္ Modric

ရီးယဲလ္အသင္းရဲ႕ ခ႐ုိေအးရွားလက္ေရြးစင္ ၀ါရင့္ကြင္းလယ္လူ မုိဒရစ္ Modric ဟာ ၂၀၁၇-၁၈ ရာသီ ဥေရာပအေကာင္းဆုံး ကစားသမားဆုကုိ ပထမဆုံးအႀကိမ္ဆြတ္ခူးႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။ မုိဒရစ္ဟာ ဒီဆုကုိ အဓိက ၿပိဳင္ဘက္ေတြျဖစ္တဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ ဆာလာ Salah တို႔ကုိ ေက်ာ္ျဖတ္ၿပီး ဆြတ္ခူးခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီက ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႀကိမ္ဆက္ ရယူခ့ဲတဲ့အျပင္ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ႐ုိေအးရွားအသင္းကုိ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဗိုလ္လုပဲြ တက္ေရာက္ႏုိင္ေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့ပါတယ္။

Modric-was-also-named-UEFA-Champions-League-Midfielder-of-the-Season

Modric-was-also-named-UEFA-Champions-League-Midfielder-of-the-Season

မုိဒရစ္ဟာ ဒီဆုအတြက္ (၃၁၃)မဲအထိရရွိခဲ့တာေၾကာင့္ ဒုတိယေနရာက စီေရာ္နယ္လ္ဒုိကုိ မဲအျပတ္အသတ္နဲ႔ အသာရၿပီး ဥေရာပအေကာင္းဆုံး ကစားသမားဆုကုိ ဆြတ္ခူးႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ ဒါ့အျပင္ မုိဒရစ္ဟာ ၂၀၁၇-၁၈ ရာသီရဲ႕ အေကာင္းဆုံး ကြင္းလယ္လူအျဖစ္လည္း ေရြးခ်ယ္ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက ေရႊေဘာလုံးဆု ရရွိခ့ဲတဲ့အျပင္ အခု ဥေရာပအေကာင္းဆုံး ကစားသမားဆုကုိ ရယူႏုိင္ခဲ့တာေၾကာင့္ ၂၀၁၈ ခုႏွစ္ဟာ မုိဒရစ္အတြက္ ေအာင္ျမင္မႈအမ်ားဆုံး ႏွစ္အျဖစ္ မွတ္တမ္း၀င္ခဲ့ပါၿပီ။ မုိဒရစ္ဟာ ဒီႏွစ္ Ballon d’Or ဆုကုိလည္း ဆြတ္ခူးဖုိ႔ ေရပန္းစားေနတဲ့သူလည္း ျဖစ္ပါတယ္။ ဥေရာပအေကာင္းဆုံး ကစားသမားဆုကုိ ၂၀၁၀-၁၁ ရာသီက စတင္ ခ်ီးျမႇင့္ခဲ့ၿပီး စီေရာ္နယ္လ္ဒုိက (၃)ႀကိမ္နဲ႔ အႀကိမ္အမ်ားဆုံး ရရွိခဲ့သူအျဖစ္ ဦးေဆာင္ေနပါတယ္။

Modric-win-Golden-Ball-Award

Modric-win-Golden-Ball-Award

ဥေရာပအေကာင္းဆုံး ကစားသမားဆု ရရွိခဲ့သူမ်ား

2010–11 Lionel Messi Barcelona
2011–12 Andrés Iniesta Barcelona
2012–13 Franck Ribéry Bayern Munich
2013–14 Cristiano Ronaldo Real Madrid
2014–15 Lionel Messi Barcelona
2015–16 Cristiano Ronaldo Real Madrid
2016–17 Cristiano Ronaldo Real Madrid
2017-18 Modric Real Madrid

၂၀၁၇-၁၈ ရာသီအတြက္ ေနရာအလုိက္ အေကာင္းဆုံးဆု ရရွိခဲ့သူမ်ား
ဂုိး – နာဗတ္စ္ (ရီးယဲလ္)
ေနာက္တန္း – ရာမုိ႔စ္ (ရီးယဲလ္)
အလယ္တန္း – မုိဒရစ္ (ရီးယဲလ္)
ေရွ႕တန္း – စီေရာ္နယ္လ္ဒုိ (ရီးယဲလ္/ဂ်ဴဗင္တပ္စ္)

REF:UEFA
Photo:UEFA.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဥရောပအကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့တဲ့ မိုဒရစ် Modric

ရီးယဲလ်အသင်းရဲ့ ခရိုအေးရှားလက်ရွေးစင် ဝါရင့်ကွင်းလယ်လူ မိုဒရစ် Modric ဟာ ၂၀၁၇-၁၈ ရာသီ ဥရောပအကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မိုဒရစ်ဟာ ဒီဆုကို အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဆာလာ Salah တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ဆက် ရယူခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Modric-was-also-named-UEFA-Champions-League-Midfielder-of-the-Season

Modric-was-also-named-UEFA-Champions-League-Midfielder-of-the-Season

မိုဒရစ်ဟာ ဒီဆုအတွက် (၃၁၃)မဲအထိရရှိခဲ့တာကြောင့် ဒုတိယနေရာက စီရော်နယ်လ်ဒိုကို မဲအပြတ်အသတ်နဲ့ အသာရပြီး ဥရောပအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိုဒရစ်ဟာ ၂၀၁၇-၁၈ ရာသီရဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ရွှေဘောလုံးဆု ရရှိခဲ့တဲ့အပြင် အခု ဥရောပအကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်ဟာ မိုဒရစ်အတွက် အောင်မြင်မှုအများဆုံး နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ မိုဒရစ်ဟာ ဒီနှစ် Ballon d’Or ဆုကိုလည်း ဆွတ်ခူးဖို့ ရေပန်းစားနေတဲ့သူလည်း ဖြစ်ပါတယ်။ ဥရောပအကောင်းဆုံး ကစားသမားဆုကို ၂၀၁၀-၁၁ ရာသီက စတင် ချီးမြှင့်ခဲ့ပြီး စီရော်နယ်လ်ဒိုက (၃)ကြိမ်နဲ့ အကြိမ်အများဆုံး ရရှိခဲ့သူအဖြစ် ဦးဆောင်နေပါတယ်။

Modric-win-Golden-Ball-Award

Modric-win-Golden-Ball-Award

ဥရောပအကောင်းဆုံး ကစားသမားဆု ရရှိခဲ့သူများ

2010–11 Lionel Messi Barcelona
2011–12 Andrés Iniesta Barcelona
2012–13 Franck Ribéry Bayern Munich
2013–14 Cristiano Ronaldo Real Madrid
2014–15 Lionel Messi Barcelona
2015–16 Cristiano Ronaldo Real Madrid
2016–17 Cristiano Ronaldo Real Madrid
2017-18 Modric Real Madrid

၂၀၁၇-၁၈ ရာသီအတွက် နေရာအလိုက် အကောင်းဆုံးဆု ရရှိခဲ့သူများ
ဂိုး – နာဗတ်စ် (ရီးယဲလ်)
နောက်တန်း – ရာမို့စ် (ရီးယဲလ်)
အလယ်တန်း – မိုဒရစ် (ရီးယဲလ်)
ရှေ့တန်း – စီရော်နယ်လ်ဒို (ရီးယဲလ်/ဂျူဗင်တပ်စ်)

REF:UEFA
Photo:UEFA.com
Naing Linn(Akhayar)
www.akhayar.com