[Zawgyi]

ရီးယဲလ္ရဲ႕ ဂ်ာစီအေရာင္းရဆံုး ကစားသမားျဖစ္လာတဲ့ ကြင္းလယ္လူ မိုဒရစ္ Modric

ရီးယဲလ္အသင္းရဲ႕ ကြင္းလယ္လူ မိုဒရစ္ Modric နာမည္ပါ ဂ်ာစီဟာ အသင္းမွာ ေရာင္းအားအေကာင္းဆံုး ျဖစ္လာခဲ့ပါတယ္။ နာမည္ေက်ာ္ တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo အသင္းကေန ထြက္ခြာၿပီးတဲ့ေနာက္ မိုဒရစ္ Modric ရဲ႕ ဂ်ာစီက ရီးယဲလ္ကစားသမားေတြထဲမွာ ေရာင္းအားအေကာင္းဆံုး ျဖစ္လာခဲ့ပါတယ္။ မိုဒရစ္ Modric အေနနဲ႔ ကြင္းတြင္း၊ ကြင္းျပင္မွာ ရိုးရွင္းစြာေနထိုင္တက္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းကြင္းလယ္ကို အဓိကေမာင္းႏွင္ေပးေနတဲ့ ကစားသမားတစ္ဦးျဖစ္လို႔ ပရိသတ္ခ်စ္ခင္ျခင္းကို အျပည့္အဝရရွိထားတဲ့ ကစားသမားျဖစ္ပါတယ္။ ရီးယဲလ္အသင္းက တရားဝင္ ထုတ္ျပန္ခဲ့ျခင္းမရွိေပမယ့္ အသင္းပိုင္ဂ်ာစီအေရာင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းတစ္ဦးရဲ႕ ေျပာၾကားခ်က္အရ အသက္ (၃၂)ႏွစ္အရြယ္ရွိ မိုဒရစ္ Modric နာမည္ပါဂ်ာစီက ေရာင္းအားအေကာင္းဆံုး ျဖစ္ေနခဲ့ပါတယ္။ မိုဒရစ္ Modric ရဲ႕ နာမည္ပါ ဂ်ာစီဟာ မထင္မွတ္ထားေလာက္ေအာင္ ေရာင္းအားျမင့္တက္လာခဲ့ၿပီး ထပ္မံမွာယူမႈေတြပါ ရွိေနခဲ့ပါတယ္။

Luka-Modric-is-the-biggest-shirt-seller-at-Real-Madrid

Luka-Modric-is-the-biggest-shirt-seller-at-Real-Madrid

စီေရာ္နယ္လ္ဒို C.Ronaldo မရွိေတာ့တဲ့ေနာက္ တိုက္စစ္မွဴး ဘန္ဇီမာ Benzema ရဲ႕ နာမည္ပါဂ်ာစီက ေရာင္းအားအေကာင္းဆံုး ျဖစ္လာမယ္လို႔ ရီးယဲလ္အသင္း တာဝန္ရွိသူေတြက ထင္မွတ္ထားခဲ့တာျဖစ္ပါတယ္။ တကယ့္လက္ေတြ႔မွာေတာ့ ကြင္းလယ္လူ မိုဒရစ္ Modric က ဘန္ဇီမာ Benzema ကို ေက်ာ္ျဖတ္ၿပီး ဂ်ာစီေရာင္းအားအေကာင္းဆံုး ကစားသမားျဖစ္လာခဲ့တာပါ။ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ စီေရာ္နယ္လ္ဒို C.Ronaldo ကို ေခၚယူခဲ့ၿပီး ဂ်ာစီပထမဆံုးေရာင္းခ်တဲ့ ေန႔မွာတင္ သူ႔ရဲ႕နာမည္ရိုက္ႏွိပ္ထားတဲ့ ဂ်ာစီေပါင္း (၅)သိန္းဝန္းက်င္အထိ ေရာင္းခ်ခဲ့ရပါတယ္။ စီေရာ္နယ္လ္ဒို C.Ronaldo ထြက္ခြာသြားၿပီးေနာက္ ဂ်ာစီေရာင္းခ်ရမႈ အပိုင္းမွာပါ ေလ်ာ႔က်လာတဲ့အတြက္ နာမည္ေက်ာ္ကစားသမားေတြကို ေခၚယူအားျဖည့္သြားဖို႔ စပိန္လာလီဂါထိပ္သီး ရီးယဲလ္အသင္းက စီစဥ္ေနခဲ့ပါတယ္။

REF:The Sun
Photo:The Sun, Amazon
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်ရဲ့ ဂျာစီအရောင်းရဆုံး ကစားသမားဖြစ်လာတဲ့ ကွင်းလယ်လူ မိုဒရစ် Modric

ရီးယဲလ်အသင်းရဲ့ ကွင်းလယ်လူ မိုဒရစ် Modric နာမည်ပါ ဂျာစီဟာ အသင်းမှာ ရောင်းအားအကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ နာမည်ကျော် တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo အသင်းကနေ ထွက်ခွာပြီးတဲ့နောက် မိုဒရစ် Modric ရဲ့ ဂျာစီက ရီးယဲလ်ကစားသမားတွေထဲမှာ ရောင်းအားအကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ မိုဒရစ် Modric အနေနဲ့ ကွင်းတွင်း၊ ကွင်းပြင်မှာ ရိုးရှင်းစွာနေထိုင်တက်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကွင်းလယ်ကို အဓိကမောင်းနှင်ပေးနေတဲ့ ကစားသမားတစ်ဦးဖြစ်လို့ ပရိသတ်ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ ကစားသမားဖြစ်ပါတယ်။ ရီးယဲလ်အသင်းက တရားဝင် ထုတ်ပြန်ခဲ့ခြင်းမရှိပေမယ့် အသင်းပိုင်ဂျာစီအရောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်အရ အသက် (၃၂)နှစ်အရွယ်ရှိ မိုဒရစ် Modric နာမည်ပါဂျာစီက ရောင်းအားအကောင်းဆုံး ဖြစ်နေခဲ့ပါတယ်။ မိုဒရစ် Modric ရဲ့ နာမည်ပါ ဂျာစီဟာ မထင်မှတ်ထားလောက်အောင် ရောင်းအားမြင့်တက်လာခဲ့ပြီး ထပ်မံမှာယူမှုတွေပါ ရှိနေခဲ့ပါတယ်။

Luka-Modric-had-his-family-in-his-famous-kit

Luka-Modric-had-his-family-in-his-famous-kit

စီရော်နယ်လ်ဒို C.Ronaldo မရှိတော့တဲ့နောက် တိုက်စစ်မှူး ဘန်ဇီမာ Benzema ရဲ့ နာမည်ပါဂျာစီက ရောင်းအားအကောင်းဆုံး ဖြစ်လာမယ်လို့ ရီးယဲလ်အသင်း တာဝန်ရှိသူတွေက ထင်မှတ်ထားခဲ့တာဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ ကွင်းလယ်လူ မိုဒရစ် Modric က ဘန်ဇီမာ Benzema ကို ကျော်ဖြတ်ပြီး ဂျာစီရောင်းအားအကောင်းဆုံး ကစားသမားဖြစ်လာခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းကတော့ စီရော်နယ်လ်ဒို C.Ronaldo ကို ခေါ်ယူခဲ့ပြီး ဂျာစီပထမဆုံးရောင်းချတဲ့ နေ့မှာတင် သူ့ရဲ့နာမည်ရိုက်နှိပ်ထားတဲ့ ဂျာစီပေါင်း (၅)သိန်းဝန်းကျင်အထိ ရောင်းချခဲ့ရပါတယ်။ စီရော်နယ်လ်ဒို C.Ronaldo ထွက်ခွာသွားပြီးနောက် ဂျာစီရောင်းချရမှု အပိုင်းမှာပါ လျော့ကျလာတဲ့အတွက် နာမည်ကျော်ကစားသမားတွေကို ခေါ်ယူအားဖြည့်သွားဖို့ စပိန်လာလီဂါထိပ်သီး ရီးယဲလ်အသင်းက စီစဉ်နေခဲ့ပါတယ်။

REF:The Sun, Amazon
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com