[Zawgyi]

ဒဏ္ရာျပႆနာေၾကာင္႔ (၂)ပတ္ခန္႔ အနားယူရဖို႔ရိွေနတဲ႔ ဆြာရက္ဇ္ Suarez

ဘာစီလိုနာအသင္း တိုက္စစ္မွဴး ဆြာရက္ဇ္ Suarez ဟာ ဒူးဒဏ္ရာေၾကာင္႔ (၂)ပတ္ခန္႔အနားယူရဖို႔ ရိွေနပါတယ္။ လက္ရိွမွာ ဘာစီလိုနာအသင္းဟာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရျပီး အသင္းရဲ႕ ကစားသမားေတြျဖစ္ၾကတဲ႔ စီလက္ဆန္ Cillessen နဲ႔ အာသာ Arthur တို႔မွာလည္း ဒဏ္ရာျပႆနာေတြရိွေနၾကပါတယ္။ ဒီႏွစ္ေဘာလံုးရာသီမွာေတာ႔ ဘာစီလိုနာအသင္းရဲ႕ အဓိကကစားသမားေတြ တစ္ေယာက္ျပီးတစ္ေယာက္ ဒဏ္ရာျပႆနာေတြနဲ႔ ၾကံဳေတြ႕ေနရတာျဖစ္ျပီး ပထမဆံုးအေနနဲ႔ မက္ဆီ Messi ျပီးေတာ႔ ေကာ္တင္ဟို Coutinho အခု ဆြာရက္ဇ္ တို႔ပဲျဖစ္ပါတယ္။

Suarez

Suarez

ဒူးဒဏ္ရာေၾကာင္႔ ဆြာရက္ဇ္ ဟာ ဘာစီလိုနာအသင္းရဲ႕ ပြဲစဥ္(၄)ပြဲခန္႔ကို လြဲေခ်ာ္သြားမွာျဖစ္ျပီး ဒီပြဲေတြကေတာ႔ PSV နဲ႔ ကစားမယ္႔ ခ်န္ပီယံလိဂ္ပြဲ ၊ စပိန္ဘုရင္႔ဖလား ဒုတိယအေက်ာ႔ Cultural Leonesa အသင္းနဲ႔ပြဲ ၊ လာလီဂါပြဲစဥ္ေတြျဖစ္တဲ႔ ဗီလာရီးယဲလ္ ၊ အက္စပန္ညိဳအသင္းနဲ႔ ကတ္တလန္ဒါဘီပြဲေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ္႔ ဆြာရက္ဇ္ အေနနဲ႔ ဘာစီလိုနာအသင္းရဲ႕ ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆံုးပြဲစဥ္ျဖစ္တဲ႔ စပါးအသင္းနဲ႔ပြဲမွာေတာ႔ ျပန္လည္ပါ၀င္လာႏိုင္ဖို႔ရိွေနပါတယ္။ အသက္(၃၁)ႏွစ္အရြယ္ရိွျပီျဖစ္သူ ဆြာရက္ဇ္ ဟာ ဒီႏွစ္ေဘာလံုးရာသီမွာ လက္ရိွအခ်ိန္ထိ ဘာစီလိုနာအသင္းအတြက္(၁၈)ပြဲကစားထားျပီး (၉)ဂိုးသြင္းယူထားပါတယ္။

Ref: Bleacher Report Football
Photo: The Independent , ESPN.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒဏ်ရာပြဿနာကြောင့် (၂)ပတ်ခန့် အနားယူရဖို့ရှိနေတဲ့ ဆွာရက်ဇ် Suarez

ဘာစီလိုနာအသင်း တိုက်စစ်မှူး ဆွာရက်ဇ် Suarez ဟာ ဒူးဒဏ်ရာကြောင့် (၂)ပတ်ခန့်အနားယူရဖို့ ရှိနေပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ စီလက်ဆန် Cillessen နဲ့ အာသာ Arthur တို့မှာလည်း ဒဏ်ရာပြဿနာတွေရှိနေကြပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဘာစီလိုနာအသင်းရဲ့ အဓိကကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပြီး ပထမဆုံးအနေနဲ့ မက်ဆီ Messi ပြီးတော့ ကော်တင်ဟို Coutinho အခု ဆွာရက်ဇ် တို့ပဲဖြစ်ပါတယ်။

Suarez

Suarez

ဒူးဒဏ်ရာကြောင့် ဆွာရက်ဇ် ဟာ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်(၄)ပွဲခန့်ကို လွဲချော်သွားမှာဖြစ်ပြီး ဒီပွဲတွေကတော့ PSV နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲ ၊ စပိန်ဘုရင့်ဖလား ဒုတိယအကျော့ Cultural Leonesa အသင်းနဲ့ပွဲ ၊ လာလီဂါပွဲစဉ်တွေဖြစ်တဲ့ ဗီလာရီးယဲလ် ၊ အက်စပန်ညိုအသင်းနဲ့ ကတ်တလန်ဒါဘီပွဲတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွာရက်ဇ် အနေနဲ့ ဘာစီလိုနာအသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ပွဲမှာတော့ ပြန်လည်ပါဝင်လာနိုင်ဖို့ရှိနေပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဆွာရက်ဇ် ဟာ ဒီနှစ်ဘောလုံးရာသီမှာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက်(၁၈)ပွဲကစားထားပြီး (၉)ဂိုးသွင်းယူထားပါတယ်။

Ref: Bleacher Report Football
Photo: The Independent , ESPN.com
Ko Kyue(Akhayar)
www.akhayar.com