[Zawgyi]



Messi-and-Suarez

Messi-and-Suarez




REF:Daily Mail
Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်အဝေးကွင်းမှာ ဂိုးပေါက်ပျောက်နေတာကို ဆွာရက်ဇ် Suarez အဆုံးသတ်နိုင်မလား

ဘာစီလိုနာအသင်းတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် Luis Suarez ချန်ပီယံလိဂ် အဝေးကွင်းပွဲတွေမှာ ဂိုးပေါက်ပျောက်နေတာ ကာလကြာမြင့်နေပြီဖြစ်ပြီး မနက်ဖြန်ကစားမယ့် စပါးအသင်းနဲ့ပွဲကျရင် ဂိုးပေါက်ပြန်ရှာတွေ့မလားဆိုတာ စောင့်ကြည့်ရမယ်။ ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာ ဆွာရက်ဇ် နောက်ဆုံး ဂိုးသွင်းခဲ့တာက ၂၀၁၅၊ စက်တင်ဘာလ (၁၆)ရက်တုန်းက ရိုးမာအသင်းနဲ့ ကစားခဲ့တဲ့ပွဲဖြစ်ပြီး အခုဆိုရင် ဆွာရက်ဇ် ဂိုးပေါက်ပျောက်ခဲ့တာက (၁၁၁၃)ရက်အထိ ရှိနေပါပြီ။ အဲဒီကာလအတွင်းမှာ ဘာစီလိုနာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲက (၁၄)ပွဲအထိ ရှိခဲ့ပါတယ်။

Messi-and-Suarez

Messi-and-Suarez

ဆွာရက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ကစားခဲ့တုန်းက စပါးအသင်းနဲ့ ဆုံတွေ့ရင် ဂိုးမြူးလေ့ရှိပြီး ဂိုးသွင်းနိုင်ခဲ့တာက (၃)ပွဲရှိသလို (၄)ဂိုးအထိ သွင်းယူခဲ့တယ်။ ဒါကြောင့် ဝင်ဘလေမှာ ကစားမယ့် စပါးနဲ့ပွဲကျရင် ဆွာရက်ဇ်အနေနဲ့ အဲဒီမှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်မလား၊ ချန်ပီယံလိဂ်အဝေးကွင်း ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်မလားဆိုတာ . . .

စပါးအသင်းကို ဆွာရက်ဇ် ဂိုးသွင်းခဲ့တဲ့ပွဲများ

1 10.03.2013 3 – 2 Premier League Anfield 1 Goal
2 15.12.2013 5 – 0 Premier League White Hart Lane 2 Goals
3 30.03.2014 4 – 0 Premier League Anfield 1 Goal

REF:Daily Mail
Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com