This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

စပိန္နည္းျပသစ္အျဖစ္ ခန္႔အပ္ခံရဖို႔ ေရပန္းစားေနတဲ့ လူးဝစ္အင္းနရစ္ Luis Enrique

ဘာစီလိုနာနည္းျပေဟာင္း လူးဝစ္အင္းနရစ္ Luis Enrique ဟာ စပိန္နည္းျပသစ္အျဖစ္ ခန္႔အပ္ခံရဖို႔ ေရပန္းစားေနခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အသင္းကို ယာယီနည္းျပအျဖစ္ တာဝန္ယူခဲ့ၿပီး ေအာင္ျမင္မႈရရွိေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ ဟီယာရို Hierro ေနရာမွာ အစားထိုးဖို႔ လူးဝစ္အင္းနရစ္ Luis Enrique ကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ကမၻာ႔ဖလားအၿပီးမွာ ရီးယဲလ္အသင္းကို တာဝန္ယူဖို႔ သေဘာတူညီခဲ့လုိ႔ ၿပိဳင္ပြဲမစတင္ခင္ (၂)ရက္အလိုမွာ ရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့ လိုပယ္တက္ဂီ Lopetegui ေနရာမွာ ယာယီနည္းျပအျဖစ္ ဟီယာရို Hierro ကို အစားထိုး ကိုင္တြယ္ေစခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ရုရွားအသင္းကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ ရံႈးနိမ့္ခဲ့ၿပီး ရံႈးထြက္အဆင့္က ထြက္ခြာခဲ့ရတဲ့ေနာက္မွာ ဟီယာရို Hierro အေနနဲ႔ ယာယီနည္းျပ ရာထူးကို စြန္႔လႊတ္ခဲ့တာျဖစ္ပါတယ္။

Luis-Enrique-is-favourite-to-take-over-as-Spain-manager

Luis-Enrique-is-favourite-to-take-over-as-Spain-manager

စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္ ဥကၠဌ ရူဘီယာလက္စ္ Rubiales က အခုတစ္ပတ္တနလၤာေန႔(ယေန႔) နံနက္အေစာပိုင္းမွာ အဖြဲ႔ခ်ဳပ္တာဝန္ရွိသူေတြကို အေရးေပၚအစည္းအေဝးတစ္ခု ဆင့္ေခၚထားၿပီး လူးဝစ္အင္းနရစ္ Luis Enrique ကို နည္းျပအျဖစ္ အလ်င္အျမန္ခန္႔အပ္ႏိုင္ဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ စပိန္အသင္းကို တာဝန္ယူကိုင္တြယ္ဖို႔ အင္းနရစ္ Enrique ကို ယူရို-၂၀၂၀ ၿပိဳင္ပြဲအၿပီးအထိ (၂)ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုသြားဖို႔ စီစဥ္မႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။ အသက္ (၄၈)ႏွစ္အရြယ္ရွိ လူးဝစ္အင္းနရစ္ Luis Enrique ဟာ ၂၀၁၆-၁၇ ေဘာလံုးရာသီအၿပီးမွာ ဘာစီလိုနာအသင္းက ႏႈတ္ထြက္ခဲ့တဲ့ နည္းျပတစ္ဦးျဖစ္ပါတယ္။ အေစာပိုင္းကာလေတြမွာ ဝါရင့္နည္းျပ အာစင္ဝင္းဂါး Arsene Wenger အနားယူသြားတဲ့ အာဆင္နယ္အသင္းက နည္းျပရာထူးအတြက္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ျငင္းပယ္ခဲ့တဲ့ နည္းျပတစ္ဦးျဖစ္ပါတယ္။

လူးဝစ္အင္းနရစ္ Luis Enrique ရဲ႕ နည္းျပဘဝ ေအာင္ျမင္မႈမ်ား

La Liga: 2014–15, 2015–16
Copa del Rey: 2014–15, 2015–16, 2016–17
Supercopa de España: 2016
UEFA Champions League: 2014–15
UEFA Super Cup: 2015
FIFA Club World Cup: 2015
La Liga Coach of the Year: 2015
FIFA World Coach of the Year: 2015
IFFHS World’s Best Club Coach: 2015
World Soccer Manager of the Year: 2015
European Coach of the Year – Alf Ramsey Award: 2015
European Coach of the Season: 2014–15
La Liga Manager of the Month: May 2016

REF:Mirror, Wikipedia
Photo:Marca, SI.com, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

စပိန်နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ ရေပန်းစားနေတဲ့ လူးဝစ်အင်းနရစ် Luis Enrique

ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ် Luis Enrique ဟာ စပိန်နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ ရေပန်းစားနေခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အောင်မြင်မှုရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ဟီယာရို Hierro နေရာမှာ အစားထိုးဖို့ လူးဝစ်အင်းနရစ် Luis Enrique ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာ ရီးယဲလ်အသင်းကို တာဝန်ယူဖို့ သဘောတူညီခဲ့လို့ ပြိုင်ပွဲမစတင်ခင် (၂)ရက်အလိုမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ လိုပယ်တက်ဂီ Lopetegui နေရာမှာ ယာယီနည်းပြအဖြစ် ဟီယာရို Hierro ကို အစားထိုး ကိုင်တွယ်စေခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်ရုရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ရှုံးထွက်အဆင့်က ထွက်ခွာခဲ့ရတဲ့နောက်မှာ ဟီယာရို Hierro အနေနဲ့ ယာယီနည်းပြ ရာထူးကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။

Luis-Enrique-is-favourite-to-take-over-as-Spain-manager

Luis-Enrique-is-favourite-to-take-over-as-Spain-manager

စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရူဘီယာလက်စ် Rubiales က အခုတစ်ပတ်တနင်္လာနေ့(ယနေ့) နံနက်အစောပိုင်းမှာ အဖွဲ့ချုပ်တာဝန်ရှိသူတွေကို အရေးပေါ်အစည်းအဝေးတစ်ခု ဆင့်ခေါ်ထားပြီး လူးဝစ်အင်းနရစ် Luis Enrique ကို နည်းပြအဖြစ် အလျင်အမြန်ခန့်အပ်နိုင်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ အင်းနရစ် Enrique ကို ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးအထိ (၂)နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီစဉ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ အသက် (၄၈)နှစ်အရွယ်ရှိ လူးဝစ်အင်းနရစ် Luis Enrique ဟာ ၂၀၁၆-၁၇ ဘောလုံးရာသီအပြီးမှာ ဘာစီလိုနာအသင်းက နှုတ်ထွက်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာ ဝါရင့်နည်းပြ အာစင်ဝင်းဂါး Arsene Wenger အနားယူသွားတဲ့ အာဆင်နယ်အသင်းက နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ငြင်းပယ်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။

လူးဝစ်အင်းနရစ် Luis Enrique ရဲ့ နည်းပြဘဝ အောင်မြင်မှုများ

La Liga: 2014–15, 2015–16
Copa del Rey: 2014–15, 2015–16, 2016–17
Supercopa de España: 2016
UEFA Champions League: 2014–15
UEFA Super Cup: 2015
FIFA Club World Cup: 2015
La Liga Coach of the Year: 2015
FIFA World Coach of the Year: 2015
IFFHS World’s Best Club Coach: 2015
World Soccer Manager of the Year: 2015
European Coach of the Year – Alf Ramsey Award: 2015
European Coach of the Season: 2014–15
La Liga Manager of the Month: May 2016

REF:Mirror, Wikipedia
Photo:Marca, SI.com, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com