This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

စပိန္နည္းျပသစ္ လူးဝစ္အင္းနရစ္ရဲ႕ လူသိနည္းတဲ့ အေၾကာင္းမ်ား

ၿပီးခဲ့တဲ့ တနလၤာေန႔က ဘာစီလိုနာနည္းျပေဟာင္း လူးဝစ္အင္းနရစ္ Luis Enrique ကို စပိန္လက္ေရြးစင္အသင္းနည္းျပအျဖစ္ ခန္႔အပ္လိုက္ပါတယ္။ ၂၀၂၀ ခုႏွစ္မွာ က်င္းပမယ့္ ယူရိုၿပိဳင္ပြဲအၿပီးအထိ (၂)ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အင္းနရစ္ Enrique ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ေၾကာင္း စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္က တရားဝင္ေၾကညာခဲ့တာျဖစ္ပါတယ္။ စပိန္အသင္းရဲ႕ (၅၄)ဦးေျမာက္ နည္းျပအျဖစ္ အင္းနရစ္ Enrique က တာဝန္ယူ ကိုင္တြယ္သြားမွာပါ။ နည္းျပဘဝမွာ ရိုးမား၊ ဆယ္လ္တာဗီဂိုနဲ႔ ဘာစီလိုနာအသင္းေတြကို ကိုင္တြယ္ခဲ့ၿပီး ဘာစီလိုနာအသင္းမွာ ေအာင္ျမင္မႈေတြရရွိခဲ့တဲ့ စပိန္နည္းျပသစ္ အင္းနရစ္ Enrique ရဲ႕ လူသိနည္းတဲ့ အေၾကာင္းအရာတခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

ထူးျခားတဲ့ ေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္တက္သူ
ဆယ္လ္တာဗီဂိုနဲ႔ ဘာစီလိုနာအသင္းေတြကို ကိုင္တြယ္ခဲ့စဥ္က ကစားသမားေတြ ခႏၶာကိုယ္အစိတ္အပိုင္းမ်ိဳးစံု အသံုးျပဳၿပီး ေဘာလံုးထိန္းသိမ္းႏိုင္ဖို႔ ေလ့က်င့္ေရးကြင္းအတြင္း ဘတ္စကက္ေဘာျခင္းမ်ား ထားရွိကာ ေဘာလံုးကို ေျမႀကီးေပၚမက်ဘဲ ျခင္းအတြင္းဝင္ေအာင္ ကန္သြင္းရတဲ့ ထူးဆန္းတဲ့ေလ့က်င့္ေရးအစီအစဥ္မ်ိဳး ျပဳလုပ္ခဲ့တယ္။

ေလ့က်င့္ေရးကြင္းအတြင္း ေနကာမ်က္မွန္ အသံုးျပဳရျခင္းအေၾကာင္း
ေနေရာင္နဲ႔ ထိေတြ႔ပါက မ်က္လံုးယားယံမႈေၾကာင့္ ခရမ္းလြန္ေရာင္ျခည္ကေန ကာကြယ္ဖို႔ အသံုးျပဳခဲ့တာျဖစ္ပါတယ္။

Enrique-is-favourite-to-take-over-as-Spain-manager

Enrique-is-favourite-to-take-over-as-Spain-manager

တတိယေျမာက္ El Clasico ၿပိဳင္ဘက္ျခင္း ေျပာင္းေရႊ႕ကစားဖူးသူ
၁၉၉၁ ကေန ၁၉၉၆ ခုႏွစ္အထိ ရီးယဲလ္အသင္းမွာ ကစားခဲ့ၿပီး ၁၉၉၆ ခုႏွစ္မွာ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ သမိုင္းတစ္ေလွ်ာက္ တတိယေျမာက္ El Clasico ၿပိဳင္ဘက္ျခင္း ေျပာင္းေရႊ႕ကစားခဲ့တဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

ယူရိုတစ္သန္းတန္ ကစားသမား
(၁၉၉၁)ခုႏွစ္က စပို႔တင္းဂီဂၽြန္အသင္းမွာ ကစားေနတဲ့ အင္းနရစ္ Enrique ကို ရီးယဲလ္အသင္းေခၚယူခဲ့ရာ သူ႔ရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးျဖစ္တဲ့ ယူရိုတစ္သန္း ပမာဏနဲ႔တူညီတဲ့ Pesetas သန္း (၂၅၀)အထိ ေပးေခ်ခဲ့ရပါတယ္။

Dolomites ေတာင္တန္းကို စက္ဘီးျဖင့္ တက္ေရာက္ခဲ့သူ
ဆယ္လ္တာဗီဂိုအသင္းကို မကိုင္တြင္ခင္ လမ္းခရီးၾကမ္းတမ္းတဲ့ အီတလီႏိုင္ငံရွိ Dolomites ေတာင္တန္းကို စက္ဘီးျဖင့္ တက္ေရာက္ဖူးသူ ျဖစ္ပါတယ္။

Luis-Enrique-is-favourite-to-take-over-as-Spain-manager

(၄၂) ကီလိုမီတာေက်ာ္ကို (၃)နာရီအတြင္း မာရသြန္ေျပးႏိုင္သူ
အီတလီႏိုင္ငံ၊ ဖေလာရင့္စ္ၿမိဳ႕မွာ က်င္းပတဲ့ Marathon des Sables လို႔ အမည္ရတဲ့ ခရီးၾကမ္းမာရသြန္ၿပိဳင္ပြဲကို (၂၀၀၈)ခုႏွစ္က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး (၄၂)ကီလိုမီတာ (၁၉၅)မီတာ အကြာအေဝးကို (၂)နာရီ၊ (၅၇)မိနစ္၊ (၅၈)စကၠန္႔နဲ႔ ပန္းဝင္ေအာင္ ေျပးႏိုင္ခဲ့တာျဖစ္ပါတယ္။

သံမဏိလူသားလို႔ သတ္မွတ္ခံရဖူးသူ
ခက္ခဲၾကမ္းတမ္းတဲ့ သံမဏိလူသားေတြရဲ႕ ၿပိဳင္ပြဲတစ္ခုအျဖစ္ သတ္မွတ္ထားၿပီး ဂ်ာမနီႏိုင္ငံ၊ ဖရန္႔ဖတ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ (၃)မ်ိဳးစံုးခရီးၾကမ္းၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့လို႔ သံမဏိလူသားတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ (၃.၈၆)ကီလိုမီတာကို ေရကူးျခင္း၊ (၁၈၀)ကီလိုမီတာကို စက္ဘီးစီးျခင္းနဲ႔ မာရသြန္ေျပးျခင္းစတဲ့ (၃)မ်ိဳးစံုၿပိဳင္ပြဲကို (၁၀)နာရီ၊ (၁၉)မိနစ္နဲ႔ ပန္းဝင္ခဲ့တာျဖစ္ပါတယ္။

ပီလီေရြးခ်ယ္ခဲ့တဲ့ အေကာင္းဆံုးကစားသမားအေယာက္ (၁၀၀)စာရင္းမွာ ပါဝင္ခဲ့သူ
ဘရာဇီးလ္ဂႏၳဝင္တိုက္စစ္မွဴး ပီလီ Pele ေရြးခ်ယ္ခဲ့တဲ့ ကမၻာ႔အေကာင္းဆံုး ကစားသမားအေယာက္ (၁၀၀)စာရင္းမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

REF:Marca
Photo:Marca, SI.com, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

စပိန်နည်းပြသစ် လူးဝစ်အင်းနရစ်ရဲ့ လူသိနည်းတဲ့ အကြောင်းများ

ပြီးခဲ့တဲ့ တနင်္လာနေ့က ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ် Luis Enrique ကို စပိန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲအပြီးအထိ (၂)နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အင်းနရစ် Enrique ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းရဲ့ (၅၄)ဦးမြောက် နည်းပြအဖြစ် အင်းနရစ် Enrique က တာဝန်ယူ ကိုင်တွယ်သွားမှာပါ။ နည်းပြဘဝမှာ ရိုးမား၊ ဆယ်လ်တာဗီဂိုနဲ့ ဘာစီလိုနာအသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဘာစီလိုနာအသင်းမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ စပိန်နည်းပြသစ် အင်းနရစ် Enrique ရဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ထူးခြားတဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်တက်သူ
ဆယ်လ်တာဗီဂိုနဲ့ ဘာစီလိုနာအသင်းတွေကို ကိုင်တွယ်ခဲ့စဉ်က ကစားသမားတွေ ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံ အသုံးပြုပြီး ဘောလုံးထိန်းသိမ်းနိုင်ဖို့ လေ့ကျင့်ရေးကွင်းအတွင်း ဘတ်စကက်ဘောခြင်းများ ထားရှိကာ ဘောလုံးကို မြေကြီးပေါ်မကျဘဲ ခြင်းအတွင်းဝင်အောင် ကန်သွင်းရတဲ့ ထူးဆန်းတဲ့လေ့ကျင့်ရေးအစီအစဉ်မျိုး ပြုလုပ်ခဲ့တယ်။

လေ့ကျင့်ရေးကွင်းအတွင်း နေကာမျက်မှန် အသုံးပြုရခြင်းအကြောင်း
နေရောင်နဲ့ ထိတွေ့ပါက မျက်လုံးယားယံမှုကြောင့် ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ဖို့ အသုံးပြုခဲ့တာဖြစ်ပါတယ်။

Enrique-is-favourite-to-take-over-as-Spain-manager

Enrique-is-favourite-to-take-over-as-Spain-manager

တတိယမြောက် El Clasico ပြိုင်ဘက်ခြင်း ပြောင်းရွှေ့ကစားဖူးသူ
၁၉၉၁ ကနေ ၁၉၉၆ ခုနှစ်အထိ ရီးယဲလ်အသင်းမှာ ကစားခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် တတိယမြောက် El Clasico ပြိုင်ဘက်ခြင်း ပြောင်းရွှေ့ကစားခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ယူရိုတစ်သန်းတန် ကစားသမား
(၁၉၉၁)ခုနှစ်က စပို့တင်းဂီဂျွန်အသင်းမှာ ကစားနေတဲ့ အင်းနရစ် Enrique ကို ရီးယဲလ်အသင်းခေါ်ယူခဲ့ရာ သူ့ရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ယူရိုတစ်သန်း ပမာဏနဲ့တူညီတဲ့ Pesetas သန်း (၂၅၀)အထိ ပေးချေခဲ့ရပါတယ်။

Dolomites တောင်တန်းကို စက်ဘီးဖြင့် တက်ရောက်ခဲ့သူ
ဆယ်လ်တာဗီဂိုအသင်းကို မကိုင်တွင်ခင် လမ်းခရီးကြမ်းတမ်းတဲ့ အီတလီနိုင်ငံရှိ Dolomites တောင်တန်းကို စက်ဘီးဖြင့် တက်ရောက်ဖူးသူ ဖြစ်ပါတယ်။

Luis-Enrique-is-favourite-to-take-over-as-Spain-manager

(၄၂) ကီလိုမီတာကျော်ကို (၃)နာရီအတွင်း မာရသွန်ပြေးနိုင်သူ
အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့မှာ ကျင်းပတဲ့ Marathon des Sables လို့ အမည်ရတဲ့ ခရီးကြမ်းမာရသွန်ပြိုင်ပွဲကို (၂၀၀၈)ခုနှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၄၂)ကီလိုမီတာ (၁၉၅)မီတာ အကွာအဝေးကို (၂)နာရီ၊ (၅၇)မိနစ်၊ (၅၈)စက္ကန့်နဲ့ ပန်းဝင်အောင် ပြေးနိုင်ခဲ့တာဖြစ်ပါတယ်။

သံမဏိလူသားလို့ သတ်မှတ်ခံရဖူးသူ
ခက်ခဲကြမ်းတမ်းတဲ့ သံမဏိလူသားတွေရဲ့ ပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှာ ကျင်းပခဲ့တဲ့ (၃)မျိုးစုံးခရီးကြမ်းပြိုင်ပွဲမှာ အနိုင်ရရှိခဲ့လို့ သံမဏိလူသားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ (၃.၈၆)ကီလိုမီတာကို ရေကူးခြင်း၊ (၁၈၀)ကီလိုမီတာကို စက်ဘီးစီးခြင်းနဲ့ မာရသွန်ပြေးခြင်းစတဲ့ (၃)မျိုးစုံပြိုင်ပွဲကို (၁၀)နာရီ၊ (၁၉)မိနစ်နဲ့ ပန်းဝင်ခဲ့တာဖြစ်ပါတယ်။

ပီလီရွေးချယ်ခဲ့တဲ့ အကောင်းဆုံးကစားသမားအယောက် (၁၀၀)စာရင်းမှာ ပါဝင်ခဲ့သူ
ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ပီလီ Pele ရွေးချယ်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားအယောက် (၁၀၀)စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

REF:Marca
Photo:Marca, SI.com, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com