[Zawgyi]

အာဆင္နယ္တိုက္စစ္မႈး လူးကပ္စ္ပီရက္ဇ္ Lucas Perez ကိုေခၚယူခဲ႔တဲ႔ ၀က္စ္ဟမ္း

အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ေျခလွမ္းသြက္ေနတဲ႔ ၀က္စ္ဟမ္းအသင္းဟာ အာဆင္နယ္တိုက္စစ္မႈး လူးကပ္စ္ပီရက္ဇ္ Lucas Perez ကိုေခၚယူခဲ႔ပါတယ္။ ၀က္စ္ဟမ္းအသင္းဟာ လူးကပ္စ္ပီရက္ဇ္ Lucas Perez ကို ေျပာင္းေရႊ႕ေၾကးေပါင္(၄)သန္းနဲ႔ေခၚယူခဲ႔ျပီး(၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ႔ပါတယ္။ လူးကပ္စ္ပီရက္ဇ္ Lucas Perez ဟာ ၀က္စ္ဟမ္းအသင္းမွာ ေက်ာနံပါတ္(၂၈)ကို၀တ္ဆင္ကစားသြားမွာပါ။

Lucas-Perez

Lucas-Perez

အသက္(၂၉)ႏွစ္အရြယ္ရိွျပီျဖစ္သူ လူးကပ္စ္ပီရက္ဇ္ Lucas Perez ဟာ အာဆင္နယ္အသင္္းမွာ ပံုမွန္ေနရာရဖို႔ခက္ခဲေနသူျဖစ္ပါတယ္။ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက လူးကပ္စ္ပီရက္ဇ္ Lucas Perez ဟာ ဒီပို႔တီဗိုအသင္းမွာ အငွားနဲ႔သြားေရာက္ကစားခဲ႔ရျပီး သြင္းဂိုး(၇)ဂိုးသြင္းယူႏိုင္ခဲ႔ပါတယ္။ လူးကပ္စ္ပီရက္ဇ္ Lucas Perez ဟာ အာဆင္နယ္အသင္းအတြက္ ပြဲေပါင္း(၂၁)ပြဲကစားခဲ႔ျပီး သြင္းဂိုး(၇)ဂိုးသြင္းယူခဲ႔ပါတယ္။

လူးကပ္စ္ပီရက္ဇ္ Lucas Perez က ” က်ြန္ေတာ္ စိတ္လႈပ္ရွားေနပါတယ္ ၀က္စ္ဟမ္းအသင္းက က်ြန္ေတာ္႔ကို ပရီးမီးယားလိဂ္မွာဆက္ေနဖို႔ အခြင္႔အေရးေပးခဲ႔တာပါ အသင္းရဲ႕ စီမံကိန္းအသစ္ထဲမွာပါ၀င္ခြင္႔ရလို႔ ေပ်ာ္ရႊင္မိပါတယ္ ၀က္စ္ဟမ္းအသင္းမွာေကာင္းမြန္တဲ႔ ပရိတ္သတ္ေတြရိွျပီး အံအားသင္႔စရာကြင္းၾကီးထဲမွာ ကစားၾကတာပါ ဒီကိုေရာက္ရိွခဲ႔လို႔၀မ္းသာေပ်ာ္ရႊင္မိပါတယ္ ” လို႔ေျပာၾကားခဲ႔ပါတယ္။

၀က္စ္ဟမ္းအသင္းမွာ တိုက္စစ္မႈးေတြျဖစ္္ၾကတဲ႔ ကာရိုးလ္ Carroll ၊ ဟာနန္ဒက္ဇ္ Hernández တို႔ရိွျပီး လက္ရိွအခ်ိန္မွာ လူးကပ္စ္ပီရက္ဇ္ Lucas Perez ပါ ေရာက္ရိွလာတာေၾကာင္႔ တိုက္စစ္ပိုင္းမွာေနရာလုပြဲေတြျပင္းထန္လာမွာကေတာ႔ ေသခ်ာေနပါတယ္။

REF: BBC Sport
Photo: Uk Pressit , Lucas Perez Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်တိုက်စစ်မှုး လူးကပ်စ်ပီရက်ဇ် Lucas Perez ကိုခေါ်ယူခဲ့တဲ့ ဝက်စ်ဟမ်း

အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ခြေလှမ်းသွက်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်တိုက်စစ်မှုး လူးကပ်စ်ပီရက်ဇ် Lucas Perez ကိုခေါ်ယူခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ လူးကပ်စ်ပီရက်ဇ် Lucas Perez ကို ပြောင်းရွှေ့ကြေးပေါင်(၄)သန်းနဲ့ခေါ်ယူခဲ့ပြီး(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လူးကပ်စ်ပီရက်ဇ် Lucas Perez ဟာ ဝက်စ်ဟမ်းအသင်းမှာ ကျောနံပါတ်(၂၈)ကိုဝတ်ဆင်ကစားသွားမှာပါ။

Lucas-Perez

Lucas-Perez

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ လူးကပ်စ်ပီရက်ဇ် Lucas Perez ဟာ အာဆင်နယ်အသင်းမှာ ပုံမှန်နေရာရဖို့ခက်ခဲနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လူးကပ်စ်ပီရက်ဇ် Lucas Perez ဟာ ဒီပို့တီဗိုအသင်းမှာ အငှားနဲ့သွားရောက်ကစားခဲ့ရပြီး သွင်းဂိုး(၇)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လူးကပ်စ်ပီရက်ဇ် Lucas Perez ဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း(၂၁)ပွဲကစားခဲ့ပြီး သွင်းဂိုး(၇)ဂိုးသွင်းယူခဲ့ပါတယ်။

လူးကပ်စ်ပီရက်ဇ် Lucas Perez က ” ကျွန်တော် စိတ်လှုပ်ရှားနေပါတယ် ဝက်စ်ဟမ်းအသင်းက ကျွန်တော့်ကို ပရီးမီးယားလိဂ်မှာဆက်နေဖို့ အခွင့်အရေးပေးခဲ့တာပါ အသင်းရဲ့ စီမံကိန်းအသစ်ထဲမှာပါဝင်ခွင့်ရလို့ ပျော်ရွှင်မိပါတယ် ဝက်စ်ဟမ်းအသင်းမှာကောင်းမွန်တဲ့ ပရိတ်သတ်တွေရှိပြီး အံအားသင့်စရာကွင်းကြီးထဲမှာ ကစားကြတာပါ ဒီကိုရောက်ရှိခဲ့လို့ဝမ်းသာပျော်ရွှင်မိပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းမှာ တိုက်စစ်မှုးတွေဖြစ်ကြတဲ့ ကာရိုးလ် Carroll ၊ ဟာနန်ဒက်ဇ် Hernández တို့ရှိပြီး လက်ရှိအချိန်မှာ လူးကပ်စ်ပီရက်ဇ် Lucas Perez ပါ ရောက်ရှိလာတာကြောင့် တိုက်စစ်ပိုင်းမှာနေရာလုပွဲတွေပြင်းထန်လာမှာကတော့ သေချာနေပါတယ်။

REF: BBC Sport
Photo: Uk Pressit , Lucas Perez Twitter
Ko Kyue(Akhayar)
www.akhayar.com