[Zawgyi]





www.akhayar.com

[Unicode]

ဂိုဏ်းစတား လူမိုက်ကြီးအသွင်နဲ့ Old Gangster မှာ တွေ့မြင်ရမယ့် လူမင်း

အန်ကယ်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ လူမင်းဟာ ဇာတ်ရုပ်မျိုးစုံကို အကောင်းဆုံးကျွမ်းကျွမ်းကျင်ကျင်သရုပ်ဆောင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာမင်းသားကြီးတွေထဲမှာ အသက်နဲ့ မလိုက်အောင် အရွယ်တင်တဲ့ မင်းသားတွေထဲမှာလည်း သူက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ဒါကြောင့် အခုလည်း ဒါရိုက်တာ Joe ရိုက်ကူးတဲ့ Old Gangster ရိုက်ကွင်းမှာ အခုလို ခပ်မိုက်မိုက်ဘီးကျဲကြီးပုံစံ၊ ဂိုဏ်းခေါင်းဆောင်ကြီး အထာနဲ့ အခုလိုတွေ့ရပါတယ်။

လူမင်းကတော့ ဒီလို ဇာတ်ရုပ်မျိုးဆိုရင်တော့ အပိုင်ပါပဲ၊ သူပိုင်နိုင်တဲ့ ဂိုဏ်းစတားဇာတ်ရုပ်ကို Old Gangster ဇာတ်ကားကြီးမှာလည်း ဘယ်လိုပိုထူးခြားသွားအောင် ချပြသွားမယ်ဆိုတာ ပရိသတ်တွေလည်း မျှော်လင့်နေကြမယ် ထင်ပါတယ်နော်။

www.akhayar.com

Photo Credit : Ayarwady Lu Min