ေမလ(၂၄)ရက္ ၊ ဒီေန႔ကေတာ႔ ပရိသတ္အခ်စ္ေတာ္ေခးၾကီး လုရဲ႕ေမြးေန႔ပဲျဖစ္ပါတယ္။ ေမြးေန႔ေရာက္တိုင္း သူမဘယ္လိုျဖတ္ေက်ာ္ျဖစ္လဲ ၊ အသက္တစ္ႏွစ္ၾကီးလာတဲ႔အေပၚဘယ္လိုသေဘာထားလဲဆိုတာကို Akhayar ကိုအခုလိုဖြင္႔ဟခဲ႔ပါတယ္။

” ဒီႏွစ္ေမြးေန႔မွာေတာ႔ ထူးထူးျခားျခားဘာမွမလုပ္ျဖစ္ပါဘူး။ အရမ္းခင္တဲ႔ သူငယ္ခ်င္းနွစ္ေယာက္သံုးေယာက္ေလာက္နဲ႔ပဲ အိမ္မွာခ်က္ျပဳတ္စားေသာက္ရင္းျဖတ္ေက်ာ္ျဖစ္တယ္။ အရင္ႏွစ္ေတြကလည္း အဲဒီလိုပါပဲ။ ဟိုတုန္းကေတာ႔ လုေမြးေန႔ဆို အိမ္ေရွ႕မွာကိတ္မုန္႔ေရာက္လာတာမ်ိဳးၾကံဳဖူးတယ္။ ေမြးေန႔နဲ႔ပတ္သက္ရင္ ကိုယ္႔ကိုယ္ကိုယ္ အသက္ၾကီးလာျပီဆိုျပီး စိတ္ညစ္တာမ်ိဳးမရွိဘူး။ ငါ ဒီတစ္နွစ္အတြင္း ဘာေတြတိုးတက္ေအာင္လုပ္ႏိုင္ခဲ႔လဲ ၊ ဘယ္လိုအသိပညာဗဟုသုတေတြရခဲ႔လဲ ၊ အေတြ႔အၾကံဳဘာေတြရခဲ႔လဲဆိုတာမ်ိဳးကိုပဲ ျပန္သံုးသပ္မိပါတယ္။ ေနာက္ႏွစ္ေတြမွာေတာ႔ သူငယ္ခ်င္းေတြစုစည္းႏိုင္ခဲ႔ရင္ လိုအပ္တဲ႔ေနရာေတြမွာ သြားလွဴတာမ်ိဳးလုပ္ခ်င္ပါတယ္” လို႔ေျပာပါတယ္။

ခ်စ္စရာ သမီးေလးတစ္ေယာက္ကိုပိုင္ဆိုင္ထားတဲ႔သူမက သမီးေလးဆီကရတတ္တဲ႔ေမြးေန႔လက္ေဆာင္နဲ႔ပတ္သက္ျပီး “သမီးေလးကေတာ႔ လုေမြးေန႔မွာခ်စ္စရာေကာင္းတဲ႔ လက္ေဆာင္ေလးေတြေပးတတ္တယ္။ သူက Shopping Center ေတြသြားရင္ ကလစ္ေလးေတြ ၊ လက္သည္းနီေလးေတြ စသျဖင္႔ ဝယ္ထားတတ္တယ္။ ေမြးေန႔ေရာက္ေတာ႔မွ သူကအဲဒါေလးေတြကို စုျပီးေပးတယ္။ ဒီႏွစ္ေတာ႔ သူက Music School သြားတက္ေနတာမို႔ သူ႔ဆီကလက္ေဆာင္မရေသးဘူး” လို႔ေျပာျပပါတယ္။

ပရိသတ္အတြက္စကားလက္ေဆာင္ပါးခဲ႔တာကေတာ႔  ” ေမြးေန႔နဲ႔ပတ္သက္ျပီး ေပ်ာ္ရႊင္ေက်နပ္ရတာက တစ္နွစ္ထက္တစ္နွစ္ ေမြးေန႔ဆုေတာင္းေပးတဲ႔ ပရိသတ္ေတြမ်ားလာပါတယ္။ သူတို႔ရဲ႕ေမတၱာတရားကို ဆုေတာင္းစကားေတြကေနတဆင္႔ခံစားမိပါတယ္။ ပရိသတ္ၾကီး အျမဲတမ္း က်န္းမာခ်မ္းသာပါေစလို႔ လုကလည္း Akhayar ကေနတဆင္႔ဆုေတာင္းေပးလိုက္ပါတယ္” တဲ႔။

Photo Credit# Lu Lu Aung Facebook

www.akhayar.com

Unicode

မေလ(၂၄)ရက် ၊ ဒီနေ့ကတော့ ပရိသတ်အချစ်တော်ခေးကြီး လုရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့ရောက်တိုင်း သူမဘယ်လိုဖြတ်ကျော်ဖြစ်လဲ ၊ အသက်တစ်နှစ်ကြီးလာတဲ့အပေါ်ဘယ်လိုသဘောထားလဲဆိုတာကို Akhayar ကိုအခုလိုဖွင့်ဟခဲ့ပါတယ်။

” ဒီနှစ်မွေးနေ့မှာတော့ ထူးထူးခြားခြားဘာမှမလုပ်ဖြစ်ပါဘူး။ အရမ်းခင်တဲ့ သူငယ်ချင်းနှစ်ယောက်သုံးယောက်လောက်နဲ့ပဲ အိမ်မှာချက်ပြုတ်စားသောက်ရင်းဖြတ်ကျော်ဖြစ်တယ်။ အရင်နှစ်တွေကလည်း အဲဒီလိုပါပဲ။ ဟိုတုန်းကတော့ လုမွေးနေ့ဆို အိမ်ရှေ့မှာကိတ်မုန့်ရောက်လာတာမျိုးကြုံဖူးတယ်။ မွေးနေ့နဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် အသက်ကြီးလာပြီဆိုပြီး စိတ်ညစ်တာမျိုးမရှိဘူး။ ငါ ဒီတစ်နှစ်အတွင်း ဘာတွေတိုးတက်အောင်လုပ်နိုင်ခဲ့လဲ ၊ ဘယ်လိုအသိပညာဗဟုသုတတွေရခဲ့လဲ ၊ အတွေ့အကြုံဘာတွေရခဲ့လဲဆိုတာမျိုးကိုပဲ ပြန်သုံးသပ်မိပါတယ်။ နောက်နှစ်တွေမှာတော့ သူငယ်ချင်းတွေစုစည်းနိုင်ခဲ့ရင် လိုအပ်တဲ့နေရာတွေမှာ သွားလှူတာမျိုးလုပ်ချင်ပါတယ်” လို့ပြောပါတယ်။

ချစ်စရာ သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့သူမက သမီးလေးဆီကရတတ်တဲ့မွေးနေ့လက်ဆောင်နဲ့ပတ်သက်ပြီး “သမီးလေးကတော့ လုမွေးနေ့မှာချစ်စရာကောင်းတဲ့ လက်ဆောင်လေးတွေပေးတတ်တယ်။ သူက Shopping Center တွေသွားရင် ကလစ်လေးတွေ ၊ လက်သည်းနီလေးတွေ စသဖြင့် ဝယ်ထားတတ်တယ်။ မွေးနေ့ရောက်တော့မှ သူကအဲဒါလေးတွေကို စုပြီးပေးတယ်။ ဒီနှစ်တော့ သူက Music School သွားတက်နေတာမို့ သူ့ဆီကလက်ဆောင်မရသေးဘူး” လို့ပြောပြပါတယ်။

ပရိသတ်အတွက်စကားလက်ဆောင်ပါးခဲ့တာကတော့  ” မွေးနေ့နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရတာက တစ်နှစ်ထက်တစ်နှစ် မွေးနေ့ဆုတောင်းပေးတဲ့ ပရိသတ်တွေများလာပါတယ်။ သူတို့ရဲ့မေတ္တာတရားကို ဆုတောင်းစကားတွေကနေတဆင့်ခံစားမိပါတယ်။ ပရိသတ်ကြီး အမြဲတမ်း ကျန်းမာချမ်းသာပါစေလို့ လုကလည်း Akhayar ကနေတဆင့်ဆုတောင်းပေးလိုက်ပါတယ်” တဲ့။

Photo Credit# Lu Lu Aung Facebook
www.akhayar.com