[Zawgyi]

ဗင္းဆင့္ဗန္ဂိုးအေၾကာင္းကို တစ္ကားလံုးပန္းခ်ီဆြဲျပီးရိုက္ကူးထားတဲ့ Loving Vincent

“We cannot speak other than by our paintings”

Vincent van Gogh

ဗင္းဆင့္ဗန္ဂိုး Vincent van Gogh ဆိုတဲ့ ပန္းခ်ီဆရာတစ္ေယာက္ရဲ့ ဘဝဟာ ရူးသြပ္တယ္၊ နက္ရႈိင္းတယ္၊ ပေဟဠိေတြ  ျပည့္ႏွက္တယ္။ သူ႔ရဲ့ အေရာင္ေတြ၊ အယူအဆေတြဟာ တမူထူးေစတယ္၊ သူ႔ကို ဘယ္လိုပဲ လူေတြ အဓိပၸာယ္သတ္မွတ္ သတ္မွတ္၊ သူ႔ပန္းခ်ီကားအေပၚမွာေတာ့ လူေတြ တိမ္းမူးၾကတယ္။

ဗင္းဆင့္ဗန္ဂိုးကို မတ္လ ၃၀ ရက္ ၁၈၅၃ ခုႏွစ္မွာ ေမြးျပီး ဇူလိုင္လ ၂၉ရက္ ၁၈၉၀ ခုႏွစ္မွာ ကြယ္လြန္ခဲ့တဲ့အတြက္ ခုဆို ဗင္းဆင့္ကြယ္လြန္ခဲ့တာ ၁၂၇ ႏွစ္ရွိခဲ့ပါျပီ။ ဘယ္ေလာက္ပဲ အခ်ိန္ေတြၾကာေပမယ့္ ဗင္းဆင့္ကို မေမ့သူေတြၾကားမွာ ဗင္းဆင့္ရဲ့ အေငြ႔အသက္ေတြဟာ ျခံဳလႊမ္းဆဲပါပဲ။

ဒါေၾကာင့္ပဲ ပိုလန္ရုပ္ရွင္အစည္းအရုံးက ရန္ပံုေငြထူေထာင္ျပီး “Loving Vincent” ဆိုတဲ့ ဇာတ္ကားတစ္ကားကို ၂၀၁၇ ခုႏွစ္မွာ ဖန္တီးခဲ့ပါတယ္။ ဒီကားကို Dorota Kobiela နဲ႔ Hugh Welchman တို႔က ရိုက္ကူးထားပါတယ္။ ဒီဇာတ္ကားဟာ ဘာထူးျခားပါသလဲ။ ဘယ္အရာေတြနဲ႔မ်ား ဖြဲ႔စည္းဖန္တီးထားခဲ့ပါသလဲ။ “Loving Vincent” ရဲ့ Trailer ကို ဒီမွာ ၾကည့္ရႈႏုိင္ပါတယ္။

ပန္းခ်ီဆရာတစ္ေယာက္ရဲ့ ဘဝကို ရိုက္ကူးထားတဲ့ ဇာတ္ကားဟာ ပန္းခ်ီကားေတြ အမ်ားၾကီးပါဝင္မွာ အမွန္ပါပဲ။ “Loving Vincent” ကေတာ့ အဲဒီထက္ပိုပါတယ္။ ဒီကားဟာ ကမာၻ႔ပထမဦးဆံုး Fully Painted Animated Feature Film ျဖစ္လို႔ပါပဲ။ ပန္းခ်ီကားေတြကို လႈပ္ရွားမႈတစ္ခုခ်င္းစီအတြက္ ရုပ္ရွင္တစ္ကားလံုးစာ တစ္ကြက္ခ်င္း၊ တစ္ကဒ္ခ်င္း ေရးဆြဲျပီး Animated Film ဖန္တီးထားခဲ့တာပါ။ ကင္းဗတ္စေပၚမွာ ဆီေဆးကားေပါင္းမ်ားစြာကို ပန္းခ်ီဆရာေပါင္း ၁၂၅ ေယာက္နဲ႔ အႏုစိတ္ဖန္တီးခဲ့ပါတယ္။ မ်က္ေတာင္တခတ္ခ်င္းစီအစ အေသးစိတ္ထားသလို ဗင္းဆင့္သံုးတဲ့ အေရာင္သီအိုရီေတြ ဂရုစိုက္သံုးထားတဲ့အတြက္လည္း အရမ္းကို အပင္ပန္းခံထားမွန္းသိသာပါတယ္။

Loving Vincent” ကို ထုတ္လုပ္ဖို႔ ဒါရိုက္တာ ႏွစ္ေယာက္တည္းက တစ္ေယာက္ျဖစ္တဲ့ Dorota Kobiela က စိတ္ကူးရခဲ့တာ ျဖစ္ျပီး သူကိုယ္တုိင္လည္း ပန္းခ်ီဆရာတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဗင္းဆင့္ရဲ့ ပံုဆြဲတဲ့ နည္းဗ်ဴဟာေတြ၊ ဗင္းဆင့္ေရးသားခဲ့တဲ့ စာေတြကေနျပီး ဗင္းဆင့္ရဲ့ ဘဝကို ေလ့လာမိတဲ့အခါမွာ ဒီလို စိတ္ကူးစိတ္သန္းမ်ိဳးေတြ ထြက္လာတာပါပဲ။

ေနာက္ကြယ္က ပင္ပန္းခက္ခဲမႈေတြ မသိပဲနဲ႔ေတာင္ ေအာက္မွာ ေဖာ္ျပထားတဲ့ ဒီကားရဲ့ Trailer ကို ၾကည့္ရုံနဲ႔ ဘယ္ေလာက္ၾကိဳးစားထားလဲ သိႏုိင္သလို ဗင္းဆင့္ဆိုတဲ့ လူတစ္ေယာက္အေၾကာင္းကို ျပန္လြမ္းေမာသြားမွာ ေသခ်ာပါတယ္။

ဒီကားကို Annecy International Animated Film Festival မွာ ပြဲဦးထြက္ျပသခဲ့ျပီး UK မွာေတာ့ ေအာက္တိုဘာလ ၁၃ ရက္ ၂၀၁၇ ခုႏွစ္မွာ ရံုတင္ျပသခဲ့ပါတယ္။ ဒီကားဟာ အပင္ပန္းခံသေလာက္ ရလဒ္ေကာင္းေတြ ရခဲ့တဲ့ဇာတ္ကားျဖစ္ျပီး ဘာလင္မွာ က်င္းပတဲ့ အၾကိမ္ ၃၀ ေျမာက္ ဥေရာပ ရုပ္ရင္ဆုေပးပြဲမွာလည္း အေကာင္းဆံုး Animated Feature Film  ဆုရခဲ့သလို အခုလာမယ့္ အၾကိမ္ ၉၀ ေျမာက္ အကယ္ဒမီ ဆုေပးပြဲ (ေအာ္စကာ) မွာလည္း Best Animated Feature ဆုအတြက္ ဆန္ကာတင္စာရင္းဝင္ေနခဲ့ျပီ ျဖစ္ပါတယ္။

ဒီကားကို ဘတ္ဂ်တ္ ေဒၚလာ ၅.၅ သန္း အကုန္က်ခံရိုက္ကူးထားျပီး Box Office ဝင္ေငြအေနနဲ႔ ေဒၚလာ ၃၀.၂ သန္းျပန္ရခဲ့တဲ့အတြက္ ေအာင္ျမင္တဲ့ ဇာတ္ကားတစ္ကားလို႔ ဆုိႏုိင္ပါတယ္။ ဒီကားကို ဘယ္လို ၾကိဳးစားရိုက္ကူးထားတယ္ဆိုတဲ့ Video Clip ကေတာ့ ဒီမွာပါ။

#Vincentdeservesthis

Vincent deserves this. We congratulate the creators of Loving Vincent, Academy Award © nominee for Best Animated Feature! #Vincentdeservesthis

Posted by Van Gogh Museum on Thursday, February 22, 2018

သူမ်ားႏုိင္ငံမွာ ရုပ္ရွင္တစ္ကားရိုက္ရင္ ဘတ္ဂ်တ္နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ တကယ့္ကို ေစတနာပါပါ အေသးစိတ္ဖန္တီးရိုက္ကူးပံုေဖာ္ၾကတာကို ေတြ႔ႏုိင္ျပီး ဗင္းဆင့္ဗန္ဂိုး Vincent van Gogh ခ်စ္သူမ်ားအတြက္လည္း မလြတ္တမ္းၾကည့္ရႈရမယ့္ ဇာတ္ကားတစ္ကားပါလို႔ ညႊန္းဆိုလက္တို႔လိုက္ရပါတယ္။

ရိုးလူ (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

[Unicode]

ဗင်းဆင့်ဗန်ဂိုးအကြောင်းကို တစ်ကားလုံးပန်းချီဆွဲပြီးရိုက်ကူးထားတဲ့ Loving Vincent

“We cannot speak other than by our paintings”

Vincent van Gogh

ဗင်းဆင့်ဗန်ဂိုး Vincent van Gogh ဆိုတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ဘဝဟာ ရူးသွပ်တယ်၊ နက်ရှိုင်းတယ်၊ ပဟေဠိတွေ  ပြည့်နှက်တယ်။ သူ့ရဲ့ အရောင်တွေ၊ အယူအဆတွေဟာ တမူထူးစေတယ်၊ သူ့ကို ဘယ်လိုပဲ လူတွေ အဓိပ္ပာယ်သတ်မှတ် သတ်မှတ်၊ သူ့ပန်းချီကားအပေါ်မှာတော့ လူတွေ တိမ်းမူးကြတယ်။

ဗင်းဆင့်ဗန်ဂိုးကို မတ်လ ၃၀ ရက် ၁၈၅၃ ခုနှစ်မှာ မွေးပြီး ဇူလိုင်လ ၂၉ရက် ၁၈၉၀ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့အတွက် ခုဆို ဗင်းဆင့်ကွယ်လွန်ခဲ့တာ ၁၂၇ နှစ်ရှိခဲ့ပါပြီ။ ဘယ်လောက်ပဲ အချိန်တွေကြာပေမယ့် ဗင်းဆင့်ကို မမေ့သူတွေကြားမှာ ဗင်းဆင့်ရဲ့ အငွေ့အသက်တွေဟာ ခြုံလွှမ်းဆဲပါပဲ။

ဒါကြောင့်ပဲ ပိုလန်ရုပ်ရှင်အစည်းအရုံးက ရန်ပုံငွေထူထောင်ပြီး “Loving Vincent” ဆိုတဲ့ ဇာတ်ကားတစ်ကားကို ၂၀၁၇ ခုနှစ်မှာ ဖန်တီးခဲ့ပါတယ်။ ဒီကားကို Dorota Kobiela နဲ့ Hugh Welchman တို့က ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားဟာ ဘာထူးခြားပါသလဲ။ ဘယ်အရာတွေနဲ့များ ဖွဲ့စည်းဖန်တီးထားခဲ့ပါသလဲ။

ပန်းချီဆရာတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ဇာတ်ကားဟာ ပန်းချီကားတွေ အများကြီးပါဝင်မှာ အမှန်ပါပဲ။ “Loving Vincent” ကတော့ အဲဒီထက်ပိုပါတယ်။ ဒီကားဟာ ကမ္ဘာ့ပထမဦးဆုံး Fully Painted Animated Feature Film ဖြစ်လို့ပါပဲ။ ပန်းချီကားတွေကို လှုပ်ရှားမှုတစ်ခုချင်းစီအတွက် ရုပ်ရှင်တစ်ကားလုံးစာ တစ်ကွက်ချင်း၊ တစ်ကဒ်ချင်း ရေးဆွဲပြီး Animated Film ဖန်တီးထားခဲ့တာပါ။ ကင်းဗတ်စပေါ်မှာ ဆီဆေးကားပေါင်းများစွာကို ပန်းချီဆရာပေါင်း ၁၂၅ ယောက်နဲ့ အနုစိတ်ဖန်တီးခဲ့ပါတယ်။ မျက်တောင်တခတ်ချင်းစီအစ အသေးစိတ်ထားသလို ဗင်းဆင့်သုံးတဲ့ အရောင်သီအိုရီတွေ ဂရုစိုက်သုံးထားတဲ့အတွက်လည်း အရမ်းကို အပင်ပန်းခံထားမှန်းသိသာပါတယ်။

Loving Vincent” ကို ထုတ်လုပ်ဖို့ ဒါရိုက်တာ နှစ်ယောက်တည်းက တစ်ယောက်ဖြစ်တဲ့ Dorota Kobiela က စိတ်ကူးရခဲ့တာ ဖြစ်ပြီး သူကိုယ်တိုင်လည်း ပန်းချီဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗင်းဆင့်ရဲ့ ပုံဆွဲတဲ့ နည်းဗျူဟာတွေ၊ ဗင်းဆင့်ရေးသားခဲ့တဲ့ စာတွေကနေပြီး ဗင်းဆင့်ရဲ့ ဘဝကို လေ့လာမိတဲ့အခါမှာ ဒီလို စိတ်ကူးစိတ်သန်းမျိုးတွေ ထွက်လာတာပါပဲ။

နောက်ကွယ်က ပင်ပန်းခက်ခဲမှုတွေ မသိပဲနဲ့တောင် အောက်မှာ ဖော်ပြထားတဲ့ ဒီကားရဲ့ Trailer ကို ကြည့်ရုံနဲ့ ဘယ်လောက်ကြိုးစားထားလဲ သိနိုင်သလို ဗင်းဆင့်ဆိုတဲ့ လူတစ်ယောက်အကြောင်းကို ပြန်လွမ်းမောသွားမှာ သေချာပါတယ်။

ဒီကားကို Annecy International Animated Film Festival မှာ ပွဲဦးထွက်ပြသခဲ့ပြီး UK မှာတော့ အောက်တိုဘာလ ၁၃ ရက် ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပါတယ်။ ဒီကားဟာ အပင်ပန်းခံသလောက် ရလဒ်ကောင်းတွေ ရခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ဘာလင်မှာ ကျင်းပတဲ့ အကြိမ် ၃၀ မြောက် ဥရောပ ရုပ်ရင်ဆုပေးပွဲမှာလည်း အကောင်းဆုံး Animated Feature Film  ဆုရခဲ့သလို အခုလာမယ့် အကြိမ် ၉၀ မြောက် အကယ်ဒမီ ဆုပေးပွဲ (အော်စကာ) မှာလည်း Best Animated Feature ဆုအတွက် ဆန်ကာတင်စာရင်းဝင်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားကို ဘတ်ဂျတ် ဒေါ်လာ ၅.၅ သန်း အကုန်ကျခံရိုက်ကူးထားပြီး Box Office ဝင်ငွေအနေနဲ့ ဒေါ်လာ ၃၀.၂ သန်းပြန်ရခဲ့တဲ့အတွက် အောင်မြင်တဲ့ ဇာတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ်။ ဒီကားကို ဘယ်လို ကြိုးစားရိုက်ကူးထားတယ်ဆိုတဲ့ Video Clip ကတော့ ဒီမှာပါ။

#Vincentdeservesthis

Vincent deserves this. We congratulate the creators of Loving Vincent, Academy Award © nominee for Best Animated Feature! #Vincentdeservesthis

Posted by Van Gogh Museum on Thursday, February 22, 2018

သူများနိုင်ငံမှာ ရုပ်ရှင်တစ်ကားရိုက်ရင် ဘတ်ဂျတ်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ တကယ့်ကို စေတနာပါပါ အသေးစိတ်ဖန်တီးရိုက်ကူးပုံဖော်ကြတာကို တွေ့နိုင်ပြီး ဗင်းဆင့်ဗန်ဂိုး Vincent van Gogh ချစ်သူများအတွက်လည်း မလွတ်တမ်းကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါလို့ ညွှန်းဆိုလက်တို့လိုက်ရပါတယ်။

ရိုးလူ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။