[Zawgyi]

နည်းပြလောကထဲကို တစ်ကျော့ ပြန်ဝင်လာတော့မယ့်
ဗန်ဟားလ် Van Gaal

မန်ယူအသင်းနည်းပြဟောင်း လူးဝစ်ဗန်ဟားလ် Luis Van Gaal ဟာ နည်းပြလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်ဖို့ နီးစပ်နေပြီ
ဖြစ်ပြီး ငြင်းဆန်လို့မရနိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုးရရှိထားတယ်လို့ သူက ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒတ်ခ်ျဝါရင့်နည်းပြ ဗန်ဟားလ်
ဟာ မန်ယူအသင်းကို ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီက အသင်းအတွက် FA ဖလား ရယူပေးခဲ့ပေ
မယ့် ရာသီကုန်မှာ ရာထူးက ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ အသက်(၆၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗန်ဟားလ်အနေနဲ့ နည်းပြလောက
ကနေ အနားယူတော့မယ်လို့ မီဒီယာတွေက ယူဆခဲ့ပေမယ့် အခုအချိန်မှာတော့ ဗန်ဟားလ်ကို နည်းပြအဖြစ် ပြန်လည်မြင်တွေ့ရ
ဖို့ နီးစပ်နေပါပြီ။

ဗန်ဟားလ်က “ဘယ်လိုမှ ငြင်းဆန်လို့မရလောက်တဲ့ ကမ်းလှမ်းမှုတစ်ခုကို ကျွန်တော် လက်ခံရရှိထားပါတယ်။ အဲဒီထက် ပိုပြီးတော့
ဘာမှ မပြောနိုင်သေးပါဘူး။ တကယ်လို့ လာမယ့် ဇူလိုင် ဒါမှမဟုတ် သြဂုတ်လအတွင်းမှာ နည်းပြအဖြစ် ဆောင်ရွက်ခြင်းမရှိရင်တော့
နည်းပြလောကကနေ ကျွန်တော် သေချာပေါက်အနားယူသွားမှာပါ”ဆိုပြီး ဒတ်ခ်ျ ရုပ်သံလိုင်း  Ziggo နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြား
ခဲ့ပါတယ်။ ဗန်ဟားလ်ဟာ ဘောလုံးလောကရဲ့ အောင်မြင်မှုအများဆုံးနည်းပြတွေထဲမှာအပါအ၀င်ဖြစ်ပြီး ချန်ပီယံလိဂ်အပါအ၀င်
အဓိက ဆုဖလားပေါင်း(၂၀)ခုအထိ ရယူနိုင်ခဲ့သလို အေဂျက်စ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ နယ်သာလန်စတဲ့အသင်းတွေကို ကိုင်
တွယ်ခဲ့သူလည်းဖြစ်ပါတယ်။ ဗန်ဟားလ်အနေနဲ့ သူ့ကို ရာထူးက ထုတ်ပယ်ခဲ့တဲ့ မန်ယူအသင်းကို အခုအချိန်အထိ မကျေမနပ်ဖြစ်နေ
ပြီး မကြာခဏဝေဖန်မှုတွေ ပြုလုပ်ခဲ့သလို ပြန်လက်စားချေမယ်လို့ ကြွေးကျော်ထားတဲ့အတွက် မန်ယူအသင်းရဲ့ပြိုင်ဘက်အသင်းကြီး
တစ်သင်းကို ကိုင်တွယ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

REF:Daily Mail
Photo:AFP
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နည်ျးပေလာကထဲကို တစ်ကော့်ျပန်ဝင္လာတော့မယ့်
ဗန်ဟားလ် Van Gaal

မန်ယူအသင်းနည်ျးပေဟာင်း လူးဝစ္ဗန်ဟားလ် Luis Van Gaal ဟာ နည်ျးပေလာကထဲကို တစ်ကေ်ျာ့ပန်ဝင်ရောက္ဖို့ နီးစပ်နေပြီ
ျဖစ်ပြီျးငင်းဆန္လို့မရနိုင်လောက္တဲ့ ကမ်းလွမ်းမှုမိုးရရွိထားတယ္လို့ သူက ဖြင့်ဟျေပာဆိုခဲ့ပါတယ်။ ဒတ္ခ်ဝါရင့္နည်ျးပ ဗန်ဟားလ်
ဟာ မန်ယူအသင်းကို ၂၀၁၄ ကေန ၂၀၁၆ ခုနွစ်အထိ ကိုင္တြယ္ခဲ့ပြီး ၂၀၁၅-၁၆ ရာသီက အသင်းအတြက် FA ဖလား ရယူပေးခဲ့ပေ
မယ့် ရာသီကုန္မွာ ရာထူးက ထုတ္ပယ္ခံခဲ့ရသျူဖစ္ပါတယ်။ အသက်(၆၆)နွစ်အရြယ်ရွိပျြီဖစ္တဲ့ ဗန်ဟားလ်အေနနဲ့ နည်ျးပေလာက
ကေန အနားယူတော့မယ္လို့ မီဒီယာတြေက ယူဆခဲ့ပေမယ့် အခုအခိန္မွာတော့ ဗန်ဟားလ္ကို နည်ျးပအျဖစ်ျပန္လည်ျမင်တြေ့ရ
ဖို့ နီးစပ်နေပါပြီ။
ဗန်ဟားလ္က “ဘယ္လိုမျွငင်းဆန္လို့မရေလာက္တဲ့ ကမ်းလွမ်းမှုတစ္ခုကို ကျန်ြတော် လက္ခံရရွိထားပါတယ်။ အဲဒီထက် ပိုပြီးတော့
ဘာမွ မျေပာနိုင်သေးပါဘူး။ တကယ္လို့ လာမယ့် ဇူလိုင် ဒါမွမဟုတ် သြဂုတ္လအတြင်းမွာ နည်ျးပအျဖစ် ဆောင်ရြက်ျခင်းမရွိရင်တော့
နည်ျးပေလာကကေန ကျန်ြတော် သေခ်ာပေါက်အနားယူသြားမွာပါ”ဆိုပြီး ဒတ္ခ် ရုပ်သံလိုင်း  Ziggo နဲ့တြေ့ဆုံမေျးမန်းခန်းမွာျေဖကြား
ခဲ့ပါတယ်။ ဗန်ဟားလ်ဟာ ဘောလုံးလောကရဲ့ အောင်ျမင္မှုအမ်ားဆုံးနည်းျပေတြထဲမွာအပါအ၀င်ျဖစ်ပြီး ခ်န္ပီယံလိဂ်အပါအ၀င်
အဓိက ဆုဖလားပေါင်း(၂၀)ခုအထိ ရယူနိုင္ခဲ့သလို အေဂ်က္စ်၊ ဘာစီလိုနာ၊ ဘိုင်ယန်ျမူးနစ်၊ နယ်သာလန္စတဲ့အသင်းတြေကို ကိုင်
တြယ္ခဲ့သူလည်ျးဖစ္ပါတယ်။ ဗန်ဟားလ်အေနနဲ့ သူ့ကို ရာထူးက ထုတ္ပယ္ခဲ့တဲ့ မန်ယူအသင်းကို အခုအခိန်အထိ မေက်မနပ်ျဖစ်နေ
ပြီး မကြာခဏေ၀ဖန္မှုတျြေပုလုပ္ခဲ့သလျိုပန္လက္စားခ်ေမယ္လို့ ကြေးကေ်္ထာားတဲ့အတြက် မန်ယူအသင်းရဲ့ပြိုင္ဘက်အသင်းကြီး
တစ်သင်းကို ကိုင္တြယ္မလားဆိုတာ စောင့်ကြည့်ရမွာပါ။

REF:Daily Mail
Photo:AFP
Naing Linn(Akhayar)
www.akhayar.com