[ZawGyi]

ရန္ကုန္ၿမိဳ႕ရဲ႕ အမိုက္ဆံုး LOTTE Hotel မွာစားရမယ့္ US$ 7 က်ပ္တန္ Salad Buffet

ခ်စ္တဲ့ အခရာ ပရိသတ္တို႔ေရ။ ရန္ကုန္က Hotel ႀကီးေတာ္ေတာ္မ်ားမ်ားက ပင္လယ္စာေတြ၊ ညစာေတြ Buffet မ်ိဳးစံု ေစ်းမ်ိဳးစံုနဲ႔ သေရက်ေလာက္ေအာင္ ဆြဲေဆာင္တည္ခင္း ဧည့္ခံေနၾကခ်ိန္ ရန္ကုန္ၿမိဳ႕ရဲ႕ အလွဆံုး အင္းလ်ားကန္ဖ်ားေပၚ ေမးတင္ေဆာက္ထားတဲ့ LOTTE Hotel ႀကီးကေတာ့ ဦးဦးဖ်ားဖ်ား ေန႔လည္စာ Salad Buffet ကို တခါမွ မၾကားဖူးတဲ့ US$ 7 က်ပ္နဲ႔ စြန္႔စြန္႔စားစား တည္ခင္းလိုက္ၿပီဆိုေတာ့ အခရာအဖြဲ႕သားေတြက ဘာေျပာေကာင္းမလဲ ဦးဦးဖ်ားဖ်ားေျပးၿပီးေတာ့ကို ျမည္းစမ္းသတင္းေပးလိုက္ပါၿပီလို႔။

LOTTE ရဲ႕ ခမ္းနားမႈကေတာ့ ေတာ္ေတာ္မ်ားမ်ား ျမင္ၿပီးသားမို႔ ေျပာစရာမလိုေတာ့ဘူးေနာ္။ ကိုယ္ကေတာ့ LOTTE က ဒီ Promotion ႀကီး Facebook မွာ တက္လာတည္းက 7 က်ပ္ဆိုတာကို တအံ့တၾသ ျဖစ္သြားတာ။ Salad Buffet ဆိုေတာ့ Salad ကို စိတ္သိပ္မဝင္စားေပမယ့္ Buffet ဆိုေတာ့ မဆိုးဘူးလားလို႔ စိတ္ဝင္စားတာနဲ႔ ဟိုတယ္ထဲက La Seine Restaurant ကို Booking ခ်ိတ္လိုက္တယ္ေပါ့ေနာ္။ Booking ခ်ိတ္တာေရာ၊ ေရာက္သြားတဲ့ အခါ ေနရာခ်ေပးတာေရာ Reception က ဝန္ထမ္းညီမေလးေတြ စိတ္ရွည္တယ္။

ကိုယ္ကေရာက္တာနဲ႔ ကန္ဖ်ားဘက္ျခမ္း လင္းတဲ့ေနရာေရြးယူလိုက္တယ္။ ေနရာထိုင္ခင္းကေတာ့ အက်ယ္ႀကီးပါပဲ။ မ်က္ႏွာက်က္ေတြ သိပ္လွတယ္။ အလယ္ဗဟိုမွာ ေလးေထာင့္တန္းႀကီး တစ္တန္းစာပဲ ၄ ဖက္ ၄ လံ ခင္းက်င္းထားတယ္။ Open Kitchen Open Serve Type ပဲ။ စားဖိုမႈးေတြ ဆက္တိုက္ Sushi ေတြလိပ္တယ္။ Pizza ေတြဖုတ္တယ္။ လတ္လတ္ဆတ္ဆတ္ တည္ခင္းတဲ့အရသာပါ။

အစားအစာေတြအေနနဲ႔ဆို Salad Buffet ဆိုေတာ့ Salad က စေျပာရမယ္။ Salad တစ္ပြဲအတြက္ လိုအပ္တဲ့ အသီး၊ အရြက္၊ Sauce၊ Dressing ေတာ္ေတာ္စံုတယ္။ သူနဲ႔တြဲစားဖို႔ ဝက္သားလႊာနဲ႔ ဝက္ဆလာမီ အလႊာ ၂မ်ိဳးတြဲခ်ေပးထားတယ္။ ဒါက ပထမဆံုးျမင္ရမယ့္ အသားပဲ။ Salad ဆိုတာမ်ိဳးက ဗမာလွ်ာနဲ႔ သိပ္မကိုက္ေပမယ့္ ဝက္ဆလာမီေလးေလး ေလးရယ္၊ ဝက္သားလႊာရယ္၊ သံလြင္သီးေလး၊ သံလြင္dressing ေလးနဲ႔ ကိုယ့္ဟာကိုယ္ ကိုယ့္အႀကိဳက္ ေမႊေႏွာက္သုပ္စားလိုက္ေတာ့လည္း ခံတြင္းရွင္း အရသာရွိသား။ Salad Buffet ဆိုေတာ့လည္း မစားမျဖစ္စားခဲ့ရမွာပဲမို႔ သြားစားရင္ေတာ့ ႀကိဳက္သလိုစပ္ၿပီး အရသာရွိရွိ တပြဲေလာက္ေတာ့ စားခဲ့ၾကေနာ္။

သူ႔ေဘးမွာ မိႈႏုႏုေလးေတြ အိဖတ္ေနေအာင္သုပ္ထားတဲ့ဟင္းပြဲရယ္၊ မုန္လာဥနီသုပ္ရယ္၊ ေဂၚဖီထုပ္လို အာတီခ်ဳပ္သီးသုပ္ရယ္ ရွိတယ္။ La Seine Restaurant ကို တစ္ခုအၾကံေပးခ်င္တာက ဒီ Buffet က Local Market အတြက္လား Foreigner Market အတြက္လား ေသခ်ာေလးကြဲဖို႔ပါ။ Salad ထိ စားတတ္ေပမယ့္ အဲ့မုန္လာဥနီသုပ္နဲ႔ အာတီခ်ဳပ္သုပ္ကေတာ့ ျမန္မာေတြအႀကိဳက္မေတြ႕မယ့္ အသုပ္မ်ိဳးပါ။ အဲ့အစား အသားေလးနဲ႔ အသီးရြက္ မွ်မွ်တတအရသာရွိရွိအသုပ္ေလးေတြ ထည့္ေပးရင္ ပိုေျပမလားလို႔ေပါ့ေနာ္။ ကိုယ္ေတာ့ မႀကိဳက္၊ မစားတတ္။ ေရာက္လို႔ ျမည္းၾကည့္ခ်င္လည္း တစ္ဖတ္ဆီေလာက္ပဲ အရင္ထည့္ျမည္းၾကည့္ၾကေနာ္။ ႀကိဳက္မွ ထပ္ယူေနာ္။

သူ႔ေဘးက လတ္လတ္ဆတ္ဆတ္လိပ္တဲ့ ဆူရွီေလးေတြ။ ၂မ်ိဳး ပဲရွိပါတယ္။ စိတ္ခ် ဒါလည္း အသားလံုးဝ မပါဘူး။ ဒါေပမယ့္ စားလို႔ေကာင္းတယ္။ ခ်ိဳ၊ ေအး၊ လတ္လတ္ဆတ္ဆတ္ ႏွမ္းဆီနံံ႔ ေမႊးေမႊးေလး။ သူလည္း ခ်က္ခ်င္းလိပ္၊ ခ်က္ခ်င္းစားမို႔ ကုန္သြားရင္ေတာ့ ေစာင့္ရပါတယ္။

ကဲ ေနာက္တစ္ဖက္သြားရရင္ ပထမဆံုးျမင္ရမွာ Sausage နဲ႔ Broccoli အစိမ္းေရာင္၊ အျဖဴေရာင္ရယ္ မုန္လာဥနီရယ္ ေရာေၾကာ္ထားတာေလး ေျခာက္ေျခာက္ေလး။ ကိုယ္ျဖင့္ ေပ်ာ္လိုက္တာ သူ႔ခ်ည္းစားလို႔ရတဲ့ အသားေတြ႕ၿပီဆိုၿပီးေလ။ သူ႔ေဘးက အာလူးကို ေမႊးေမႊးေလး Bake လုပ္ထားတာ။ အရသာေလး မဆိုးဘူး။

သူတို႔ေဘးမွာက Pizza Pizza။ Pizza ေဘးက ေခါက္ဆြဲေၾကာ္။ ဒီ Salad Buffet အတြက္ေတာ့ ဒီ ၂ ခုနဲ႔တင္ အမုန္းဆြဲၿပီး ပိုက္ဆံရွင္းရင္ေတာင္ ေပးေပ်ာ္ေနၿပီ။ Pizza က Thin Crispy Type ဘက္သြားတယ္။ လတ္လတ္ဆတ္ဆတ္ ပူပူေႏြးေႏြးဖုတ္ေပးတာမို႔ ေကာင္းတာေျပာရရင္ အရသာတကယ္ ရွိတယ္။ မေကာင္းတာ ေျပာရရင္ ကုန္သြားမွ ျပန္ဖုတ္ေပးလို႔ ေစာင့္ရတယ္။ သူ႔ကိုလည္း အသားေတြမေမွ်ာ္လင့္ပါနဲ႔ ဒါေပမယ့္ ဘာမွမပါတာေတာင္ Pizza Taste အျပည့္ရတယ္။

ေခါက္ဆြဲေၾကာ္က လတ္တေလာေခတ္စားေနတာမ်ိဳးဆို ေတာ္ေတာ္မ်ားမ်ားထင္ၾကတာက ေတာႀကိဳက္အစားအစာေပါ့။ အီတယ္ ေခါက္ဆြဲလံုးတုတ္ႀကီးေတြ အႏွစ္ေတြနဲ႔ အီဆိမ့္ေနတာမ်ိဳးေပါ့။ ဒီေခါက္ဆြဲေၾကာ္ကေတာ့ ၿမိဳ႕ႀကိဳက္ဗ်။ ဝက္သားေဘကြန္ေလးေတြနဲ႔ ေခါက္ဆြဲသားေလး အိအိေခ်ာေခ်ာေလး ႏူးညံ့တယ္။ ေတာ္ေတာ္အရသာရွိတယ္။ ပါးစပ္ထဲ ေလွ်ာေလွ်ာရႈရႈရွင္းရွင္းေလး။ ဒီေရာက္ရင္ ႏိုင္ငံျခားသားအမ်ားဆံုးထိတာ Salad၊ ျမန္မာအမ်ားစုထိတာ ေခါက္ဆြဲေၾကာ္ပဲ။ ကဲ…လူႀကီးမင္းတို႔ေရာ ေတာသားလား ၿမိဳ႕သားလား? 😅

သူ႕ေဘးမွာ ထမင္းေပါင္းအိုးနဲ႔ ထမင္းရယ္၊ ကိုရီးယား ကင္ခ်ီ ၃ မ်ိဳးရယ္ ရွိတယ္။ ကဲ ျမန္မာႀကိဳက္အတြက္ေတာ့ ဒါအကုန္ပဲ။ ေနာက္ထပ္ ဘိုစာစားခ်င္တဲ့ လူႀကီးမင္းမ်ားအတြက္ေတာ့ ေပါင္မုန္႔မ်ိဳးစံုရယ္၊ ေခ်ာကလက္ယို၊ ဘယ္ရီသီးအႏွစ္ယိုေတြ ခင္းက်င္းထားတယ္။

အခ်ိဳပြဲ အတြက္ေတာ့ နာနတ္သီးနဲ႔ နဂါးေမာက္သီး ၂ မ်ိဳးရွိပါတယ္။ နာနတ္သီးေလးကို လွလွေလး တံုးထားတယ္။ အားလံုးေျပာရရင္ အစားအေသာက္အတြက္ေတာ့ ဒီေလာက္ပါပဲ။

မေျပတာေျပာရရင္ 7 က်ပ္တည္းနဲ႔ ခင္းက်င္းထားလို႔ Drinks လံုးဝမရပါတဲ့။ ေရပဲ အဝတိုက္ပါတယ္။ အမွန္ေတာ့ Orange Juice ေလးတစ္ခြက္ေလာက္ျဖစ္ျဖစ္ ထပ္ထည့္ရင္ေတာင္ ဘယ္ေလာက္မွ ထပ္ကုန္က်စရာမရွိတာကို Salad ေတြစား၊ အအီအဆိမ့္ေတြစားၿပီး ေရပဲေသာက္ျပန္ရမယ့္အျဖစ္ပါ။ ဒါေတာ့ စားသံုးသူဘက္ကေန ေသခ်ာအၾကံျပဳေပးခဲ့တယ္ဗ်ိဳ႕။ အေအးတခုခုေလာက္ တည္ခင္းေပးဖို႔ပါ။

ေနာက္တခ်က္ဆို ဝန္ထမ္းေလးေတြကို ပိုေႏြးေထြးေစခ်င္ပါတယ္။ တာဝန္ေက်တာမ်ိဳးေလာက္ပဲ ခံစားရတယ္။ ေႏြးေႏြးေထြးေထြး ဆက္ဆံတာပါလို႔ ရင္ဘတ္ထဲ မေရာက္လာဘူး။ Reception က ညီမေလးေတြကေတာ့ ေႏြးေထြးပါတယ္။ လူမ်ားရင္ ဖုန္းလက္ခံတာမ်ားလာရင္လည္း ဒီတိုင္းေလး ေႏြးေထြးေပး၊ စိတ္ရွည္ေပးၾကဖို႔ ေမွ်ာ္လင့္ပါတယ္ေနာ္။

ေစ်းႏႈန္းအတြက္ေတာ့ ေက်နပ္စရာပါ။ 7+++ ဆိုတဲ့ေနရာမွာ 7 က်ပ္ရယ္ Service Tax 0.7 က်ပ္နဲ႔ Government Tax 0.39 က်ပ္အပါအဝင္ US$ 8 က်ပ္တည္းပါ။ +++ ေတြမေၾကာက္သြားပါနဲ႔။ ျမန္မာေငြဆို ၁၁၃၂၆ က်ပ္ပါပဲ။

အားလံုးျခံဳငံုေျပာရရင္ Salad Buffet ဆိုေပမယ့္ ျမန္မာေတြပါ စားလို႔ရေအာင္ ၂ဖက္အဆင္ေျပမယ့္ အစားအေသာက္တည္ခင္းမႈပံုစံမ်ိဳးဆိုေတာ့ စားေပ်ာ္တယ္။ ဒါေပမယ့္ ေရြးခ်ယ္စရာ အမ်ားႀကီးမရွိပါဘူး။ Diet လုပ္ခ်င္သူေတြ၊ ေန႔လည္စာ က်န္းက်န္းမာမာစားခ်င္သူေတြအတြက္ေတာ့ သြားကို သြားသင့္ပါတယ္။

အသားမ်ားမ်ား ေမွ်ာ္လင့္ေနတဲ့သူေတြအတြက္ေတာ့ ႐ိုး႐ိုး Buffet,Hot Pot ဆိုင္ေတြလိုမဟုတ္ပါဘူး။ Item ေတြအမ်ားႀကီး၊ Set ေတြအမ်ားႀကီး မရွိပါဘူး။ တစ္ကယ့္ကို အဲ့ပမာဏပါပဲ။

Starter ကို Salad ေလးစား၊ Main Course ကို ေခါက္ဆြဲေၾကာ္၊ Pizza ၊ Sushi Roll ေတြစား၊ Dessert ကို အခ်ိဳပြဲေလး ေပါင္မုန္႔ေခ်ာကလက္သုတ္ေလးနဲ႔ ပိတ္ စလည္ဆံုး ညီၫြတ္ေနေရာ။ အသားေတြေတာ့ မေမွ်ာ္လင့္ပါနဲ႔။ တကယ္မပါသေလာက္ပါ။

ဒါေပမယ့္ အဆင့္တန္းျမင့္ျမင့္ က်န္းမာေရးနဲ႔ ညီညီစားရတဲ့ ခံစားခ်က္နဲ႔ LOTTE လို ေနရာႀကီးမွာမလား။ ဒီေလာက္ကေတာ့ ေပးထိုက္ပါတယ္။ ပံုမွန္ တျခား Hotel Buffet ေတြမွာလည္း ဒီထဲက အားလံုးနီးပါးပါေပမယ့္ ဒါေလးက် ေစ်းေလးခ်ိဳၿပီး လူတိုင္းစားႏိုင္တဲ့ေစ်းနဲ႔ အဆာေျပ ဝဝလင္လင္စားႏိုင္မွာဆိုေတာ့ တန္တယ္ဆိုတာထက္ အဆင္ေျပတဲ့ Buffet လို႔ သံုးႏႈန္းခ်င္ပါတယ္။

တန္လားဆို တန္ပါတယ္။ အမ်ိဳးအစား အမ်ားႀကီး စားရမွာလားဆို စားပြဲေပၚမွာရွိတာ အကုန္ပါပဲ။ လံုးဝ အမ်ားႀကီး မဟုတ္ပါဘူး။ Item ေတြက မၾကာခဏ ပံုမွန္အေျပာင္းလဲရွိတဲ့ပံုပါပဲ။ ဂ်င္းေတာ့မဟုတ္ပါဘူး။ ေၾကျငာထားသေလာက္အကုန္ပါပါတယ္။

အမ်ိဳးတို႔ေရ သြားရင္ ဓါတ္ဖမ္းလို႔လွတဲ့ ဝတ္စံုလွလွေလးဝတ္သြား၊ ကန္ဖ်ားဘက္က ေနရာလွလွလင္းလင္းေလးမွာထိုင္၊ ကုန္သေလာက္ယူစား ခနခနယူစား ၿပီးရင္ Hotel ထဲဝင္ ဓါတ္လွလွေလးဖမ္းခဲ့ေနာ့။ ကဲ…အခရာေတာ့ ကိုယ့္အစားခ်စ္သူေတြအတြက္ အရင္သြားစား၊ အရင္တင္ေပးလိုက္ၿပီေနာ္။

သူက ေန႔တိုင္း တနဂၤေႏြကလြဲၿပီး ေန႔ခင္း ၁၁ ခြဲကေန ၂ ခြဲထိရွိပါတယ္တဲ့။ Hotel Buffet တို႔ရဲ႕ ထံုးစံအတိုင္း ဖုန္း +9519351000 ကို ႀကိဳေလးေတာ့ ခ်ိတ္ဦးေနာ္။ ဒီလ ၂၈ တစ္ရက္ေတာ့ ပြဲလုပ္ဖို႔ ႀကိဳယူထားၿပီးၿပီမို႔ မရေလာက္ေတာ့ပါဘူးတဲ့။ က်န္ရက္ေတြ ေန႔တိုင္းရွိေသးတယ္တဲ့ေနာ္။ ကဲ…သြားလိုက္ၾကစို႔ဗ်ား။

EiEiKhineMinn ( Akhayar )

[Unicode]

ရန်ကုန်မြို့ရဲ့ အမိုက်ဆုံး LOTTE Hotel မှာစားရမယ့် US$ 7 ကျပ်တန် Salad Buffet

ချစ်တဲ့ အခရာ ပရိသတ်တို့ရေ။ ရန်ကုန်က Hotel ကြီးတော်တော်များများက ပင်လယ်စာတွေ၊ ညစာတွေ Buffet မျိုးစုံ ဈေးမျိုးစုံနဲ့ သရေကျလောက်အောင် ဆွဲဆောင်တည်ခင်း ဧည့်ခံနေကြချိန် ရန်ကုန်မြို့ရဲ့ အလှဆုံး အင်းလျားကန်ဖျားပေါ် မေးတင်ဆောက်ထားတဲ့ LOTTE Hotel ကြီးကတော့ ဦးဦးဖျားဖျား နေ့လည်စာ Salad Buffet ကို တခါမှ မကြားဖူးတဲ့ US$ 7 ကျပ်နဲ့ စွန့်စွန့်စားစား တည်ခင်းလိုက်ပြီဆိုတော့ အခရာအဖွဲ့သားတွေက ဘာပြောကောင်းမလဲ ဦးဦးဖျားဖျားပြေးပြီးတော့ကို မြည်းစမ်းသတင်းပေးလိုက်ပါပြီလို့။

LOTTE ရဲ့ ခမ်းနားမှုကတော့ တော်တော်များများ မြင်ပြီးသားမို့ ပြောစရာမလိုတော့ဘူးနော်။ ကိုယ်ကတော့ LOTTE က ဒီ Promotion ကြီး Facebook မှာ တက်လာတည်းက 7 ကျပ်ဆိုတာကို တအံ့တသြ ဖြစ်သွားတာ။ Salad Buffet ဆိုတော့ Salad ကို စိတ်သိပ်မဝင်စားပေမယ့် Buffet ဆိုတော့ မဆိုးဘူးလားလို့ စိတ်ဝင်စားတာနဲ့ ဟိုတယ်ထဲက La Seine Restaurant ကို Booking ချိတ်လိုက်တယ်ပေါ့နော်။ Booking ချိတ်တာရော၊ ရောက်သွားတဲ့ အခါ နေရာချပေးတာရော Reception က ဝန်ထမ်းညီမလေးတွေ စိတ်ရှည်တယ်။

ကိုယ်ကရောက်တာနဲ့ ကန်ဖျားဘက်ခြမ်း လင်းတဲ့နေရာရွေးယူလိုက်တယ်။ နေရာထိုင်ခင်းကတော့ အကျယ်ကြီးပါပဲ။ မျက်နှာကျက်တွေ သိပ်လှတယ်။ အလယ်ဗဟိုမှာ လေးထောင့်တန်းကြီး တစ်တန်းစာပဲ ၄ ဖက် ၄ လံ ခင်းကျင်းထားတယ်။ Open Kitchen Open Serve Type ပဲ။ စားဖိုမှုးတွေ ဆက်တိုက် Sushi တွေလိပ်တယ်။ Pizza တွေဖုတ်တယ်။ လတ်လတ်ဆတ်ဆတ် တည်ခင်းတဲ့အရသာပါ။

အစားအစာတွေအနေနဲ့ဆို Salad Buffet ဆိုတော့ Salad က စပြောရမယ်။ Salad တစ်ပွဲအတွက် လိုအပ်တဲ့ အသီး၊ အရွက်၊ Sauce၊ Dressing တော်တော်စုံတယ်။ သူနဲ့တွဲစားဖို့ ဝက်သားလွှာနဲ့ ဝက်ဆလာမီ အလွှာ ၂မျိုးတွဲချပေးထားတယ်။ ဒါက ပထမဆုံးမြင်ရမယ့် အသားပဲ။ Salad ဆိုတာမျိုးက ဗမာလျှာနဲ့ သိပ်မကိုက်ပေမယ့် ဝက်ဆလာမီလေးလေး လေးရယ်၊ ဝက်သားလွှာရယ်၊ သံလွင်သီးလေး၊ သံလွင်dressing လေးနဲ့ ကိုယ့်ဟာကိုယ် ကိုယ့်အကြိုက် မွှေနှောက်သုပ်စားလိုက်တော့လည်း ခံတွင်းရှင်း အရသာရှိသား။ Salad Buffet ဆိုတော့လည်း မစားမဖြစ်စားခဲ့ရမှာပဲမို့ သွားစားရင်တော့ ကြိုက်သလိုစပ်ပြီး အရသာရှိရှိ တပွဲလောက်တော့ စားခဲ့ကြနော်။

သူ့ဘေးမှာ မှိုနုနုလေးတွေ အိဖတ်နေအောင်သုပ်ထားတဲ့ဟင်းပွဲရယ်၊ မုန်လာဥနီသုပ်ရယ်၊ ဂေါ်ဖီထုပ်လို အာတီချုပ်သီးသုပ်ရယ် ရှိတယ်။ La Seine Restaurant ကို တစ်ခုအကြံပေးချင်တာက ဒီ Buffet က Local Market အတွက်လား Foreigner Market အတွက်လား သေချာလေးကွဲဖို့ပါ။ Salad ထိ စားတတ်ပေမယ့် အဲ့မုန်လာဥနီသုပ်နဲ့ အာတီချုပ်သုပ်ကတော့ မြန်မာတွေအကြိုက်မတွေ့မယ့် အသုပ်မျိုးပါ။ အဲ့အစား အသားလေးနဲ့ အသီးရွက် မျှမျှတတအရသာရှိရှိအသုပ်လေးတွေ ထည့်ပေးရင် ပိုပြေမလားလို့ပေါ့နော်။ ကိုယ်တော့ မကြိုက်၊ မစားတတ်။ ရောက်လို့ မြည်းကြည့်ချင်လည်း တစ်ဖတ်ဆီလောက်ပဲ အရင်ထည့်မြည်းကြည့်ကြနော်။ ကြိုက်မှ ထပ်ယူနော်။

သူ့ဘေးက လတ်လတ်ဆတ်ဆတ်လိပ်တဲ့ ဆူရှီလေးတွေ။ ၂မျိုး ပဲရှိပါတယ်။ စိတ်ချ ဒါလည်း အသားလုံးဝ မပါဘူး။ ဒါပေမယ့် စားလို့ကောင်းတယ်။ ချို၊ အေး၊ လတ်လတ်ဆတ်ဆတ် နှမ်းဆီနံံ့ မွှေးမွှေးလေး။ သူလည်း ချက်ချင်းလိပ်၊ ချက်ချင်းစားမို့ ကုန်သွားရင်တော့ စောင့်ရပါတယ်။

ကဲ နောက်တစ်ဖက်သွားရရင် ပထမဆုံးမြင်ရမှာ Sausage နဲ့ Broccoli အစိမ်းရောင်၊ အဖြူရောင်ရယ် မုန်လာဥနီရယ် ရောကြော်ထားတာလေး ခြောက်ခြောက်လေး။ ကိုယ်ဖြင့် ပျော်လိုက်တာ သူ့ချည်းစားလို့ရတဲ့ အသားတွေ့ပြီဆိုပြီးလေ။ သူ့ဘေးက အာလူးကို မွှေးမွှေးလေး Bake လုပ်ထားတာ။ အရသာလေး မဆိုးဘူး။

သူတို့ဘေးမှာက Pizza Pizza။ Pizza ဘေးက ခေါက်ဆွဲကြော်။ ဒီ Salad Buffet အတွက်တော့ ဒီ ၂ ခုနဲ့တင် အမုန်းဆွဲပြီး ပိုက်ဆံရှင်းရင်တောင် ပေးပျော်နေပြီ။ Pizza က Thin Crispy Type ဘက်သွားတယ်။ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးဖုတ်ပေးတာမို့ ကောင်းတာပြောရရင် အရသာတကယ် ရှိတယ်။ မကောင်းတာ ပြောရရင် ကုန်သွားမှ ပြန်ဖုတ်ပေးလို့ စောင့်ရတယ်။ သူ့ကိုလည်း အသားတွေမမျှော်လင့်ပါနဲ့ ဒါပေမယ့် ဘာမှမပါတာတောင် Pizza Taste အပြည့်ရတယ်။

ခေါက်ဆွဲကြော်က လတ်တလောခေတ်စားနေတာမျိုးဆို တော်တော်များများထင်ကြတာက တောကြိုက်အစားအစာပေါ့။ အီတယ် ခေါက်ဆွဲလုံးတုတ်ကြီးတွေ အနှစ်တွေနဲ့ အီဆိမ့်နေတာမျိုးပေါ့။ ဒီခေါက်ဆွဲကြော်ကတော့ မြို့ကြိုက်ဗျ။ ဝက်သားဘေကွန်လေးတွေနဲ့ ခေါက်ဆွဲသားလေး အိအိချောချောလေး နူးညံ့တယ်။ တော်တော်အရသာရှိတယ်။ ပါးစပ်ထဲ လျှောလျှောရှုရှုရှင်းရှင်းလေး။ ဒီရောက်ရင် နိုင်ငံခြားသားအများဆုံးထိတာ Salad၊ မြန်မာအများစုထိတာ ခေါက်ဆွဲကြော်ပဲ။ ကဲ…လူကြီးမင်းတို့ရော တောသားလား မြို့သားလား? 😅

သူ့ဘေးမှာ ထမင်းပေါင်းအိုးနဲ့ ထမင်းရယ်၊ ကိုရီးယား ကင်ချီ ၃ မျိုးရယ် ရှိတယ်။ ကဲ မြန်မာကြိုက်အတွက်တော့ ဒါအကုန်ပဲ။ နောက်ထပ် ဘိုစာစားချင်တဲ့ လူကြီးမင်းများအတွက်တော့ ပေါင်မုန့်မျိုးစုံရယ်၊ ချောကလက်ယို၊ ဘယ်ရီသီးအနှစ်ယိုတွေ ခင်းကျင်းထားတယ်။

အချိုပွဲ အတွက်တော့ နာနတ်သီးနဲ့ နဂါးမောက်သီး ၂ မျိုးရှိပါတယ်။ နာနတ်သီးလေးကို လှလှလေး တုံးထားတယ်။ အားလုံးပြောရရင် အစားအသောက်အတွက်တော့ ဒီလောက်ပါပဲ။

မပြေတာပြောရရင် 7 ကျပ်တည်းနဲ့ ခင်းကျင်းထားလို့ Drinks လုံးဝမရပါတဲ့။ ရေပဲ အဝတိုက်ပါတယ်။ အမှန်တော့ Orange Juice လေးတစ်ခွက်လောက်ဖြစ်ဖြစ် ထပ်ထည့်ရင်တောင် ဘယ်လောက်မှ ထပ်ကုန်ကျစရာမရှိတာကို Salad တွေစား၊ အအီအဆိမ့်တွေစားပြီး ရေပဲသောက်ပြန်ရမယ့်အဖြစ်ပါ။ ဒါတော့ စားသုံးသူဘက်ကနေ သေချာအကြံပြုပေးခဲ့တယ်ဗျို့။ အအေးတခုခုလောက် တည်ခင်းပေးဖို့ပါ။

နောက်တချက်ဆို ဝန်ထမ်းလေးတွေကို ပိုနွေးထွေးစေချင်ပါတယ်။ တာဝန်ကျေတာမျိုးလောက်ပဲ ခံစားရတယ်။ နွေးနွေးထွေးထွေး ဆက်ဆံတာပါလို့ ရင်ဘတ်ထဲ မရောက်လာဘူး။ Reception က ညီမလေးတွေကတော့ နွေးထွေးပါတယ်။ လူများရင် ဖုန်းလက်ခံတာများလာရင်လည်း ဒီတိုင်းလေး နွေးထွေးပေး၊ စိတ်ရှည်ပေးကြဖို့ မျှော်လင့်ပါတယ်နော်။

ဈေးနှုန်းအတွက်တော့ ကျေနပ်စရာပါ။ 7+++ ဆိုတဲ့နေရာမှာ 7 ကျပ်ရယ် Service Tax 0.7 ကျပ်နဲ့ Government Tax 0.39 ကျပ်အပါအဝင် US$ 8 ကျပ်တည်းပါ။ +++ တွေမကြောက်သွားပါနဲ့။ မြန်မာငွေဆို ၁၁၃၂၆ ကျပ်ပါပဲ။

အားလုံးခြုံငုံပြောရရင် Salad Buffet ဆိုပေမယ့် မြန်မာတွေပါ စားလို့ရအောင် ၂ဖက်အဆင်ပြေမယ့် အစားအသောက်တည်ခင်းမှုပုံစံမျိုးဆိုတော့ စားပျော်တယ်။ ဒါပေမယ့် ရွေးချယ်စရာ အများကြီးမရှိပါဘူး။ Diet လုပ်ချင်သူတွေ၊ နေ့လည်စာ ကျန်းကျန်းမာမာစားချင်သူတွေအတွက်တော့ သွားကို သွားသင့်ပါတယ်။

အသားများများ မျှော်လင့်နေတဲ့သူတွေအတွက်တော့ ရိုးရိုး Buffet,Hot Pot ဆိုင်တွေလိုမဟုတ်ပါဘူး။ Item တွေအများကြီး၊ Set တွေအများကြီး မရှိပါဘူး။ တစ်ကယ့်ကို အဲ့ပမာဏပါပဲ။

Starter ကို Salad လေးစား၊ Main Course ကို ခေါက်ဆွဲကြော်၊ Pizza ၊ Sushi Roll တွေစား၊ Dessert ကို အချိုပွဲလေး ပေါင်မုန့်ချောကလက်သုတ်လေးနဲ့ ပိတ် စလည်ဆုံး ညီညွတ်နေရော။ အသားတွေတော့ မမျှော်လင့်ပါနဲ့။ တကယ်မပါသလောက်ပါ။

ဒါပေမယ့် အဆင့်တန်းမြင့်မြင့် ကျန်းမာရေးနဲ့ ညီညီစားရတဲ့ ခံစားချက်နဲ့ LOTTE လို နေရာကြီးမှာမလား။ ဒီလောက်ကတော့ ပေးထိုက်ပါတယ်။ ပုံမှန် တခြား Hotel Buffet တွေမှာလည်း ဒီထဲက အားလုံးနီးပါးပါပေမယ့် ဒါလေးကျ ဈေးလေးချိုပြီး လူတိုင်းစားနိုင်တဲ့ဈေးနဲ့ အဆာပြေ ဝဝလင်လင်စားနိုင်မှာဆိုတော့ တန်တယ်ဆိုတာထက် အဆင်ပြေတဲ့ Buffet လို့ သုံးနှုန်းချင်ပါတယ်။

တန်လားဆို တန်ပါတယ်။ အမျိုးအစား အများကြီး စားရမှာလားဆို စားပွဲပေါ်မှာရှိတာ အကုန်ပါပဲ။ လုံးဝ အများကြီး မဟုတ်ပါဘူး။ Item တွေက မကြာခဏ ပုံမှန်အပြောင်းလဲရှိတဲ့ပုံပါပဲ။ ဂျင်းတော့မဟုတ်ပါဘူး။ ကြေငြာထားသလောက်အကုန်ပါပါတယ်။

အမျိုးတို့ရေ သွားရင် ဓါတ်ဖမ်းလို့လှတဲ့ ဝတ်စုံလှလှလေးဝတ်သွား၊ ကန်ဖျားဘက်က နေရာလှလှလင်းလင်းလေးမှာထိုင်၊ ကုန်သလောက်ယူစား ခနခနယူစား ပြီးရင် Hotel ထဲဝင် ဓါတ်လှလှလေးဖမ်းခဲ့နော့။ ကဲ…အခရာတော့ ကိုယ့်အစားချစ်သူတွေအတွက် အရင်သွားစား၊ အရင်တင်ပေးလိုက်ပြီနော်။

သူက နေ့တိုင်း တနင်္ဂနွေကလွဲပြီး နေ့ခင်း ၁၁ ခွဲကနေ ၂ ခွဲထိရှိပါတယ်တဲ့။ Hotel Buffet တို့ရဲ့ ထုံးစံအတိုင်း ဖုန်း +9519351000 ကို ကြိုလေးတော့ ချိတ်ဦးနော်။ ဒီလ ၂၈ တစ်ရက်တော့ ပွဲလုပ်ဖို့ ကြိုယူထားပြီးပြီမို့ မရလောက်တော့ပါဘူးတဲ့။ ကျန်ရက်တွေ နေ့တိုင်းရှိသေးတယ်တဲ့နော်။ ကဲ…သွားလိုက်ကြစို့ဗျား။

EiEiKhineMinn ( Akhayar )