[Zawgyi]
Karius
Karius
Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
ဘက်ဆစ်တက်အသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ ကာရီယက်စ် Karius
လီဗာပူးလ်အသင်းရဲ့ ဂိုးသမား ကာရီယက်စ် Karius ဟာ တူရကီကလပ် ဘက်ဆစ်တက်အသင်းကို(၂)နှစ် အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ ကာရီယက်စ် Karius ဟာ ပြီးခဲ႔တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပွဲစဉ်မှာ အမှားအယွင်းတွေပြုလုပ်ခဲ့ပြီးနောက်မှာတော့ လီဗာပူးလ်အသင်းမှာ သူ့ရဲ့အနာဂတ်ဟာ ပျောက်ဆုံးခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပွဲစဉ်မှာ ပြုလုပ်ခဲ့တဲ့အမှားတွေအတွက် ကာရီယက်စ် Karius ဟာ ပွဲအပြီးမှာ ပရိသတ်တွေကို တောင်းပန်ခဲ့သူပါ။
Karius
Karius
အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ကာရီယက်စ် Karius ဟာ လီဗာပူးလ်အသင်းကို မိန်ဇ့်အသင်းကနေ ၂၀၁၆ ခုနှစ်ကပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက်ပွဲပေါင်း(၄၉)ပွဲကစားခဲ့ပါတယ်။ လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ် Jürgen Klopp က ကာရီယက်စ် Karius ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ” ဒါသူ့အတွက်ကောင်းပါတယ် သူကဒါကိုစောင့်နေတာပါ ” လို့ပြောကြားခဲ့ပါတယ်။
Ref: BBC Sport
Photo: Gazeta Esportiva , Sporting News
Ko Kyue(Akhayar)
www.akhayar.com