[Zawgyi]




HP Spectre 13

HP Spectre 13









Acer Nitro 5

Acer Nitro 5




Redrose (Akhayar)

www.akhayar.com


[Unicode]

L’Oréal Paris x Balmain Paris Color Riche Lipstick Collection မိတ်ဆက်ပွဲအခမ်းအနား

L’Oréal Paris ဟာ ပျိုမေတွေအားထဲမှာ အရမ်းကို ကျော်ကြားပြီး နာမည်ရနေတဲ့ Makeup Brand ဆိုတာကို အားလုံးသိကြမှာဖြစ်ပါတယ်။ ပျိုမေတွေအားလုံးအတွက် သင့်လျော်တဲ့ ဈေးနှုန်းတွေနဲ့ ပေးရတဲ့တန်ဖိုးထက်ပိုကောင်းတဲ့ အရည်အသွေးတွေနဲ့ ထုတ်လုပ်ထားတဲ့ Makeup ပစ္စည်းတွေကို အမြဲထုတ်လုပ်နေတဲ့အတွက် ပိုပြီးသတင်းမွှေးခဲ့တာလည်းဖြစ်ပါတယ်။ L’Oréal Paris က အရင်နဲ့ပိုပြီး ထူးခြားသွားအောင် ပိုပြီး Hit ဖြစ်သွားစေဖို့နဲ့ L’Oréal Paris ကို အစဉ်အဆက်အားပေးလာတဲ့ ပျိုမေတွေကို အကောင်းဆုံးတွေ ထုတ်လုပ်ရောင်းချချင်တဲ့အတွက် ဒီတစ်ခေါက်မှာတော့ ကမ္ဘာအကျော်ကြားဆုံး French Designer လည်းအဖြစ်၊ Balmain Founder တစ်ယောက်လည်းဖြစ်တဲ့ Pierre Balmain နဲ့ ပူးပေါင်းပြီး Color Riche Lipstick Collection ကို ထုတ်လုပ်ခဲ့ပါတယ်။

ဒီ Collection ထဲမှာ အရောင် ၂၃ရောင်ပါရှိပါတယ်။ ဒါ့အပြင် Collection ထဲမှာ Safari ၊ Couture နဲ့ Rock ဆိုပြီး  Category သုံးခုခွဲထားပါသေးတယ်။ Color ၂၃ရောင်လုံးကိုလေ့လာကြည့်မယ်ဆိုရင်တော့ Fashion Vibe လုံးဝရှိနေတဲ့ မိန်းကလေးတစ်ယောက်လို့ တစ်ဖက်လူရဲ့ အမြင်ကို လုံးဝပြောင်းလဲသွားစေမယ့် အရောင်တွေကို ဖန်တီးထုတ်လုပ်ထားပါတယ်လို့ပြောလို့ရပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ဒီ Collection ကိုတော့ April 27th 2018 ၊ Sedona Hotel မှာ တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။ ဒီ မိတ်ဆက်ပွဲအခမ်းအနားကို ရွှေအိမ်စည်၊ သန္တာဗို၊ ခင်လေးနွယ် နဲ့ အခြား အနုပညာမောင်နုမတွေအပြင် Blogger အသီးသီးနဲ့ Makeup Artist များကပါ လာရောက်ပွဲတက်ဖြစ်ခဲ့ပါတယ်။

Makeup Artist - May Oo (Source : May Oo)

Makeup Artist – May Oo (Source : May Oo)

ဒီ မိတ်ဆက်ပွဲအခမ်းအနားမှာ Lipstick Collection ကို Color Swatches လုပ်ဖို့အတွက် Tester Counter လေးထားရှိပေးထားပါတယ်။ Color Riche Lipstick Collection ရဲ့ Lipstick Texture လေးက နှုတ်ခမ်းလေးပေါ်မှာ Matte Look ကို ဖန်တီးပေးမယ့်အပြင် နှုတ်ခမ်းသားအစိုဓာတ်ကိုလည်း ထိန်းပေးတဲ့ Moisture လေးနဲ့ ပေါင်းစပ်ပြီးထုတ်လုပ်ထားတာကို လည်း တွေ့ရှိနိုင်ပါတယ်။

L'Oréal Paris X Balmain Color Riche

L’Oréal Paris X Balmain Color Riche

ထုတ်လုပ်ထားတဲ့ Color ၂၃ရောင်စလုံးက ပျိုမေတို့အားလုံးကိုယ်ရှင်သန်နေတဲ့ ဘယ် ပုံစံမျိုးနဲ့ မဆို၊ သွားလာလှုပ်ရှားနေတဲ့ ဘယ် အလုပ် (သို့) နေရာဒေသမျိုးနဲ့ မဆိုလိုက်ဖက်အောင်ထုတ်လုပ်ပေးထားတဲ့အတွက် ကျွန်မကိုယ်တိုင် ပျိုမေတို့အားလုံး မဖြစ်မနေ ဝယ်ယူသင့်ကြောင်းကို Recommend လုပ်ပရစေလားရှင်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

L’Oréal Paris x Balmain Paris Color Riche Lipstick လေးများကို L’Oréal Paris Counter တိုင်းမှာ ၁၂၉၀၀ကျပ်နဲ့ အလွယ်တကူ ဝယ်ယူနိုင်ပါပြီဆိုတာလည်း သတင်းကောင်းပါးလိုက်ပါရစေနော်။

ဒီကနေတစ်ဆင့် L’Oréal Paris x Balmain Paris Color Riche Lipstick Collection မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ခွင့်ပေးခဲ့တဲ့ L’Oréal Paris မှ သက်ဆိုင်သူများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ပဲ ပြောကြားလိုက်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။