[Zawgyi]

Whitney Houston ကို ေလွာင္ေျပာင္တယ္ဆိုတဲ့ စြပ္စြဲခ်က္အေပၚ ေျဖရွင္းလိုက္တဲ့ Lorde

Royals နဲ႔ Team တို႔လို သီခ်င္းေကာင္းေတြ သီဆိုခဲ့သူ Lorde ဟာေတာ့ Instagram က ဓာတ္ပံုတစ္ပံုေၾကာင့္ အေတာ္ၾကီးကို ျပင္းျပင္းထန္ထန္ေဝဖန္ခံေနရပါတယ္။ သူဟာ ေရခ်ိဳးကန္ (Bathtub) တစ္ခုရဲ့ ပံုကို ရုိက္တင္ျပီး Whitney Houston ရဲ့ ၁၉၉၂ က သီခ်င္းျဖစ္တဲ့ “I will always love you” စာသား iiii will always love you ဆိုျပီး တင္ခဲ့တဲ့ အတြက္ ျဖစ္ပါတယ္။

ဒီပံုကုိ Lorde က ၾကာသပေတးေန႔က တင္ခဲ့တာ ျဖစ္ျပီး ပရိသတ္ေတြကေတာ့ Houston ရဲ့ ေသဆံုးမႈကုိ ေလွာင္ေျပာင္တယ္၊ ေလးစားမႈမရွိဘူးဆိုျပီး ေဝဖန္ခဲ့ၾကတာ ျဖစ္ပါတယ္။ Whiteny Houston ဟာ Beverly Hilton Hotel ရဲ့ ေရခ်ိဳးကန္ထဲမွာ ၂၀၁၂ ခုႏွစ္ ေဖေဖာ္ဝါရီလက ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

ဒီလို ေဝဖန္သံေတြ ၾကားခဲ့ရတဲ့အတြက္ Lorde ဟာ ပံုကို ျပန္ဖ်က္လိုက္ျပီး Instagram ရဲ့ Story မွာ ေတာင္းပန္စာကို ဒီလို “လံုးဝ လံုးဝကို မွားယြင္းေရြးခ်ယ္မိတဲ့ Quote ပါပဲ၊ တုိက္ခုိက္သလို ျဖစ္သြားရင္ ေတာင္းပန္ပါတယ္၊ Whiteny ကို အျမဲထာဝရခ်စ္တာပါ၊ ေတာင္းပန္ပါတယ္” လို႔ တင္ခဲ့ပါတယ္။

သူ႔ရဲ့ ဒီပံုကို ျပန္ Share ျပီး ပရိသတ္ေတြကလည္း ထင္ျမင္ခ်က္အမ်ိဳးမ်ိဳးေပးခဲ့ပါတယ္။ “သူဒီလို ရည္ရြယ္ျပီး တင္တာ မလုပ္ေလာက္ဘူး” လို႔လည္း ေျပာၾကသလို တခ်ိဳ႕ေတြကလည္း ဒီလို ေလးစားမႈမရွိတဲ့ လုပ္ရပ္ေၾကာင့္ ဆက္အားမေပးေတာ့ဘူးလုိ႔ ဆိုၾကပါတယ္။

Whitney Houston ကို သူ႔ရဲ့ လက္ေထာက္က ေရခ်ိဳးကန္ထဲမွာ ေတြ႔ရွိခဲ့တာ ျဖစ္ျပီး ရဲေတြ လာတဲ့အခါမွာေတာ့ ဆရာဝန္ေဆးညႊန္းအတုိင္းေသာက္ရတဲ့ ေဆးပုလင္းအမ်ားအျပားနဲ႔ ေဆးေတြကို အခန္းတဝုိက္မွာ ေတြ႔ခဲ့ရပါတယ္။ သူ႔ရဲ့ ေသဆံုးမႈကို မေတာ္တဆေရနစ္ေသဆံုးမႈလို႔ အမည္တပ္ခဲ့ျပီး ႏွလံုးေရာဂါနဲ႔ ကိုကိန္းသံုးစြဲမႈေၾကာင့္လို႔ ေျပာခဲ့ၾကပါတယ္။ ၂၀၁၂ ခုႏွစ္ ၾသဂုတ္လမွာေတာ့ စစ္ေဆးခ်က္ထြက္လာခဲ့ျပီး သူ႔ရဲ့ ခႏၶာကိုယ္ထဲမွာ Marijuana ၊ Xanax ၊ Benadryl နဲ႔ အျခားေဆးေတြကို ေတြ႔ခဲ့ရတယ္လို႔ ဆုိပါတယ္။

အသြားမေတာ္တစ္လွမ္းဆိုသလို Lorde က ရည္ရြယ္တာ မဟုတ္ဘဲ ေခါင္းဆင္နင္းခံရတယ္လို႔ ဆိုခ်င္ပါတယ္။

ရိုးလူ (Akhayar)

www.akhayar.com

[Unicode]

Whitney Houston ကို လှောင်ပြောင်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ဖြေရှင်းလိုက်တဲ့ Lorde

Royals နဲ့ Team တို့လို သီချင်းကောင်းတွေ သီဆိုခဲ့သူ Lorde ဟာတော့ Instagram က ဓာတ်ပုံတစ်ပုံကြောင့် အတော်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။ သူဟာ ရေချိုးကန် (Bathtub) တစ်ခုရဲ့ ပုံကို ရိုက်တင်ပြီး Whitney Houston ရဲ့ ၁၉၉၂ က သီချင်းဖြစ်တဲ့ “I will always love you” စာသား iiii will always love you ဆိုပြီး တင်ခဲ့တဲ့ အတွက် ဖြစ်ပါတယ်။

ဒီပုံကို Lorde က ကြာသပတေးနေ့က တင်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေကတော့ Houston ရဲ့ သေဆုံးမှုကို လှောင်ပြောင်တယ်၊ လေးစားမှုမရှိဘူးဆိုပြီး ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ Whiteny Houston ဟာ Beverly Hilton Hotel ရဲ့ ရေချိုးကန်ထဲမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဝေဖန်သံတွေ ကြားခဲ့ရတဲ့အတွက် Lorde ဟာ ပုံကို ပြန်ဖျက်လိုက်ပြီး Instagram ရဲ့ Story မှာ တောင်းပန်စာကို ဒီလို “လုံးဝ လုံးဝကို မှားယွင်းရွေးချယ်မိတဲ့ Quote ပါပဲ၊ တိုက်ခိုက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ်၊ Whiteny ကို အမြဲထာဝရချစ်တာပါ၊ တောင်းပန်ပါတယ်” လို့ တင်ခဲ့ပါတယ်။

သူ့ရဲ့ ဒီပုံကို ပြန် Share ပြီး ပရိသတ်တွေကလည်း ထင်မြင်ချက်အမျိုးမျိုးပေးခဲ့ပါတယ်။ “သူဒီလို ရည်ရွယ်ပြီး တင်တာ မလုပ်လောက်ဘူး” လို့လည်း ပြောကြသလို တချို့တွေကလည်း ဒီလို လေးစားမှုမရှိတဲ့ လုပ်ရပ်ကြောင့် ဆက်အားမပေးတော့ဘူးလို့ ဆိုကြပါတယ်။

Whitney Houston ကို သူ့ရဲ့ လက်ထောက်က ရေချိုးကန်ထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး ရဲတွေ လာတဲ့အခါမှာတော့ ဆရာဝန်ဆေးညွှန်းအတိုင်းသောက်ရတဲ့ ဆေးပုလင်းအများအပြားနဲ့ ဆေးတွေကို အခန်းတဝိုက်မှာ တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ သေဆုံးမှုကို မတော်တဆရေနစ်သေဆုံးမှုလို့ အမည်တပ်ခဲ့ပြီး နှလုံးရောဂါနဲ့ ကိုကိန်းသုံးစွဲမှုကြောင့်လို့ ပြောခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လမှာတော့ စစ်ဆေးချက်ထွက်လာခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ Marijuana ၊ Xanax ၊ Benadryl နဲ့ အခြားဆေးတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အသွားမတော်တစ်လှမ်းဆိုသလို Lorde က ရည်ရွယ်တာ မဟုတ်ဘဲ ခေါင်းဆင်နင်းခံရတယ်လို့ ဆိုချင်ပါတယ်။

ရိုးလူ (Akhayar)

www.akhayar.com