[Zawgyi]

ႏွစ္ေပါင္း (၅၀)အတြင္း အဆုိးရြားဆုံး မွတ္တမ္းကုိ ပုိင္ဆုိင္ခဲ့တဲ့ ရီးယဲလ္နည္းျပ လုိပယ္တက္ဂီ Julen Lopetegui

ရီးယဲလ္နည္းျပ လုိပယ္တက္ဂီ Julen Lopetegui ကေတာ့ စိတ္ပ်က္စရာ မွတ္တမ္းတစ္ခုကုိ ပုိင္ဆုိင္ခဲ့ပါၿပီ။ အဲဒါကေတာ့ ရီးယဲလ္အသင္းကုိ စတင္ကုိင္တြယ္ခဲ့တဲ့ ပထမဆုံးလာလီဂါရာသီမွာ ရလဒ္ အဆုိးရြားဆုံးနည္းျပ (၅)ဦးစာရင္းထဲမွာ ပါ၀င္ခဲ့တာပါပဲ။ ဒီရာသီအစက ရီးယဲလ္အသင္းနည္းျပသစ္ျဖစ္လာတဲ့ လုိပယ္တက္ဂီဟာ လာလီဂါပဲြစဥ္ (၁၀)ပဲြကစားၿပီးခ်ိန္မွာ (၄)ပဲြႏုိင္၊ (၂)ပဲြသေရ၊ (၄)ပဲြ႐ႈံးနဲ႔ (၁၄)မွတ္သာ ရရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တယ္။ ဒါဟာ ႏွစ္ေပါင္း(၅၀)အတြင္း ရီးယဲလ္နည္းျပသစ္ေတြထဲမွာ အဆုိးရြားဆုံး ရလဒ္လည္းျဖစ္ခဲ့တယ္။

Real-Madrid

Real-Madrid

လုိပယ္တက္ဂီလုိပဲ ရီးယဲလ္နည္းျပဘ၀ ပထမဆုံးရာသီမွာ ရလဒ္ဆုိးေတြ ႀကံဳေတြ႕ခဲ့ရသူေတြက Quirante (၄ပဲြႏုိင္- ၁ပဲြသေရ- ၆ပဲြ ႐ႈံး) ၊ Encinas (၃ပဲြႏုိင္- ၄ပဲြသေရ- ၃ပဲြ႐ႈံး) ၊ Keeping (၃ပဲြႏုိင္ – ၃ပဲြသေရ၊ ၄ပဲြ႐ႈံး) ၊ Hertzka (၃ပဲြႏုိင္ – ၃ပဲြသေရ- ၄ပဲြ႐ႈံး) တို႔ျဖစ္ၿပီး အခု လုိပယ္တက္ဂီလည္း ပါ၀င္လာခဲ့ပါၿပီ။ ရီးယဲလ္အသင္း သမုိင္းတစ္ေလွ်ာက္ ရာသီအစ(၁၄)ပဲြမွာ (၆)ပဲြအထိ ႐ႈံးခဲ့တဲ့ နည္းျပက (၅)ဦးသာ ရွိခဲ့ၿပီး တကယ္လုိ႔ ရီးယဲလ္နညး္ျပအျဖစ္ လုိပယ္တက္ဂီသာ ဆက္ရွိေနမယ္ဆုိရင္ အဲဒီစာရင္းထဲမွာ မပါ၀င္ေအာင္ ႀကိဳးစားရမွာပါ။ ဘာစီလုိနာကုိ (၅-၁)ဂုိးနဲ႔ ႐ႈံးနိမ္ခဲ့တာက လုိပယ္တက္ဂီရဲ႕ နည္းျပသက္တမ္းတစ္ေလွ်ာက္ (၂၁၁)ပဲြမွာ (၄)ပဲြေျမာက္ (၅)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တာျဖစ္ၿပီး သူ႔နည္းျပဘ၀ အဆုိးရြားဆုံး ဂုိးျပတ္႐ႈံးနိမ့္မႈက ေပၚတိုအသင္းကုိ ကုိင္တြယ္ေနတဲ့ကာလတုန္းက ဘုိင္ယန္ျမဴးနစ္ကုိ (၆-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

REF:AS
Photo:Diario Alerta,Fox Sports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နှစ်ပေါင်း (၅၀)အတွင်း အဆိုးရွားဆုံး မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တဲ့ ရီးယဲလ်နည်းပြ လိုပယ်တက်ဂီ Julen Lopetegui

ရီးယဲလ်နည်းပြ လိုပယ်တက်ဂီ Julen Lopetegui ကတော့ စိတ်ပျက်စရာ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါပြီ။ အဲဒါကတော့ ရီးယဲလ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးလာလီဂါရာသီမှာ ရလဒ် အဆိုးရွားဆုံးနည်းပြ (၅)ဦးစာရင်းထဲမှာ ပါဝင်ခဲ့တာပါပဲ။ ဒီရာသီအစက ရီးယဲလ်အသင်းနည်းပြသစ်ဖြစ်လာတဲ့ လိုပယ်တက်ဂီဟာ လာလီဂါပွဲစဉ် (၁၀)ပွဲကစားပြီးချိန်မှာ (၄)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၄)ပွဲရှုံးနဲ့ (၁၄)မှတ်သာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါဟာ နှစ်ပေါင်း(၅၀)အတွင်း ရီးယဲလ်နည်းပြသစ်တွေထဲမှာ အဆိုးရွားဆုံး ရလဒ်လည်းဖြစ်ခဲ့တယ်။

Real-Madrid

Real-Madrid

လိုပယ်တက်ဂီလိုပဲ ရီးယဲလ်နည်းပြဘ၀ ပထမဆုံးရာသီမှာ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရသူတွေက Quirante (၄ပွဲနိုင်- ၁ပွဲသရေ- ၆ပွဲ ရှုံး) ၊ Encinas (၃ပွဲနိုင်- ၄ပွဲသရေ- ၃ပွဲရှုံး) ၊ Keeping (၃ပွဲနိုင် – ၃ပွဲသရေ၊ ၄ပွဲရှုံး) ၊ Hertzka (၃ပွဲနိုင် – ၃ပွဲသရေ- ၄ပွဲရှုံး) တို့ဖြစ်ပြီး အခု လိုပယ်တက်ဂီလည်း ပါဝင်လာခဲ့ပါပြီ။ ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် ရာသီအစ(၁၄)ပွဲမှာ (၆)ပွဲအထိ ရှုံးခဲ့တဲ့ နည်းပြက (၅)ဦးသာ ရှိခဲ့ပြီး တကယ်လို့ ရီးယဲလ်နည်းပြအဖြစ် လိုပယ်တက်ဂီသာ ဆက်ရှိနေမယ်ဆိုရင် အဲဒီစာရင်းထဲမှာ မပါဝင်အောင် ကြိုးစားရမှာပါ။ ဘာစီလိုနာကို (၅-၁)ဂိုးနဲ့ ရှုံးနိမ်ခဲ့တာက လိုပယ်တက်ဂီရဲ့ နည်းပြသက်တမ်းတစ်လျှောက် (၂၁၁)ပွဲမှာ (၄)ပွဲမြောက် (၅)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး သူ့နည်းပြဘ၀ အဆိုးရွားဆုံး ဂိုးပြတ်ရှုံးနိမ့်မှုက ပေါ်တိုအသင်းကို ကိုင်တွယ်နေတဲ့ကာလတုန်းက ဘိုင်ယန်မြူးနစ်ကို (၆-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

REF:AS
Photo:Diario Alerta,Fox Sports
Naing Linn(Akhayar)
www.akhayar.com