[Zawgyi]

ရက္ပုိင္းအတြင္းမွာ မထင္မွတ္တဲ့ျဖစ္ရပ္ေတြနဲ႔ ႀကံဳေတြ႕ခဲ့ရတဲ့ လုိပယ္တက္ဂီ Lopetegui ရဲ႕ ရင္တြင္းစကားသံမ်ား

ဒီရက္ပုိင္းဟာ ရီးယဲလ္နည္းျပသစ္ လုိပယ္တက္ဂီ Lopetegui အတြက္ Emotional အျဖစ္ရဆုံး ရက္ပုိင္းပါပဲ။ အဂၤါေန႔မွာ ရီးယဲလ္အသင္းနည္းျပသစ္အျဖစ္ ခန္႔အပ္ခံရတယ္၊ ဗုဒၶဟူးေန႔မွာ စပိန္အသငး္နညး္ျပရာထူးက ထုတ္ပယ္ခံခ့ဲရတယ္။ စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ကုိ ရီးယဲလ္ဥကၠဌ ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez က အခုလုိပဲျပင္းျပင္းထန္ထန္ ေ၀ဖန္ခဲ့တယ္။ “ရီးယဲလ္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြအၿပီးမွာ လုိပယ္တက္ဂီကုိ နည္းျပသစ္ခန္႔အပ္ဖုိ႔ သေဘာတူညီမႈရခဲ့ပါတယ္။ သူနဲ႔ စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္တို႔ ခ်ဳပ္ဆုိထားတဲ့စာခ်ဳပ္ကုိ ကၽြန္ေတာ္တို႔ ေလးစားမႈရွိပါတယ္။ ဒါေပမဲ့ ပြင့္လင္းျမင္သာမႈရွိဖုိ႔၊ ေကာလာဟလေတြမျဖစ္ဖုိ႔၊ အသင္းကုိ ထိခုိက္ႏုိင္မယ့္ သတင္းေပါက္ၾကားမႈေတြ မရွိဖုိ႔အတြက္ ဒီသတင္းကုိ ကၽြန္ေတာ္တို႔ လူသိရွင္ၾကားထုတ္ျပန္ရမွာပါ။ သူ႔ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးကုိလည္း ကၽြန္ေတာ္တို႔ ေပးေခ်ဖုိ႔ အသင့္ရွိခဲ့ပါတယ္။ ဒါဟာ ပုံမွန္အေျခအေနတစ္ခုပါပဲ။ ဒါေပမဲ့ စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္ဥကၠဌရဲ႕လုပ္ရပ္က တကယ့္ကုိ ေစာ္ကားတဲ့အျပဳအမူပါ”

Lopetegui-and-Real-Madrid-President-Florentino-Perez-

Lopetegui-and-Real-Madrid-President-Florentino-Perez-

ရီးယဲလ္အသင္းဟာ ၾကာသပေတးေန႔က ဘာေနဗ်ဴးကြင္းမွာ လုိပယ္တက္ဂီကုိ မိတ္ဆက္ပဲြအခမ္းအနားျပဳလုပ္ခဲ့ၿပီး လုိပယ္တက္ဂီဟာ မ်က္ရည္ေတြနဲ႔အတူ ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။

Lopetegui-was-in-tears-as-he-took-the-stage-at-the-Santiago-Bernabeu

Lopetegui-was-in-tears-as-he-took-the-stage-at-the-Santiago-Bernabeu

လုိပယ္တက္ဂီက”ကၽြန္ေတာ့္အေမ ကြယ္လြန္ၿပီးေနာက္ပုိင္း မေန႔တုန္းက ကၽြန္ေတာ့္အတြက္ ၀မ္းအနည္းရဆုံးေန႔(စပိန္အသင္းနည္းျပရာထူးက ထုတ္ပယ္ခံခဲ့ရျခင္းကုိ ဆုိလုိ)ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီေန႔ကေတာ့ ကၽြန္ေတာ့္ဘ၀မွာ အေပ်ာ္ရႊင္ရဆုံးပါပဲ။ ကၽြန္ေတာ့္ကုိ စပိန္အသင္းနည္းျပရာထူးက ထုတ္ပယ္မယ့္သတင္းကုိ လက္ေရြးစင္အသင္းက ကစားသမားေတြ သိခဲ့ရေပမယ့္ ကၽြန္ေတာ္တို႔အသင္းဟာ ေလ့က်င့္ခန္းကုိ အစီအစဥ္တက် လုပ္ေဆာင္ႏုိင္ခဲ့တဲ့အတြက္ ႀကီးႀကီးမားမား ထိခုိက္မႈေတာ့ မရွိခဲ့ပါဘူး။ ကၽြန္ေတာ့္အေနနဲ႔ကေတာ့ ႐ူဘီယာလက္စ္ Rubiales (စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္ဥကၠဌ)ဟာ ဒီထက္ပုိေကာင္းမယ့္ ဆုံးျဖတ္ခ်က္ကုိ ခ်မွတ္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ခဲ့တာပါ”လုိ႔ ေျပာၾကားခဲ့တယ္။

Lopetegui-and-Real-Madrid-President-Florentino-Perez-

Lopetegui-and-Real-Madrid-President-Florentino-Perez-

ရီးယဲလ္အသင္းမွာ အနာဂတ္မေသခ်ာျဖစ္ေနတယ္လုိ႔ သတင္းေတြထြက္ေပၚေနတဲ့ အဓိက တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo နဲ႔ပတ္သက္လုိ႔လည္း လုိပယ္တက္ဂီက အာမခံစကားဆုိခဲ့ၿပီး “စီေရာ္နယ္လ္ဒုိလုိ ကစားသမားမ်ိဳးကုိ ကၽြန္ေတာ့္အသင္းမွာ ပုိင္ဆုိင္ခြင့္ရဖုိ႔ အၿမဲဆႏၵရွိခဲ့တာပါ။ ကမၻာ႔ အေကာင္းဆုံးကစားသမားတစ္ဦး ရီးယဲလ္အသင္းမွာ ဆက္ရွိေနမယ္ဆုိတာ သံသယျဖစ္ဖုိ႔ မလုိပါဘူး”လုိ႔ ဆုိခဲ့တယ္။ လုိပယ္တက္ဂီဟာ စပိန္အသင္းနဲ႔လမ္းခဲြလုိက္ၿပီျဖစ္ေပမယ့္လည္း သူ႔ရဲ႕အသင္းေဟာင္းကုိ သံေယာဇဥ္မျပတ္ေသးဘဲ ဒီေန႔(ေသာၾကာ)ကစားမယ့္ စပိန္-ေပၚတူဂီပဲြကုိ ေစာင့္ၾကည့္အားေပးသြားမယ္လုိ႔လည္း ေျပာၾကားခဲ့ပါတယ္။

REF:Daily Mail
Photo:Ouest France,10zSoccer,Abriendo Brecha,Futbol Sapiens
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရက်ပိုင်းအတွင်းမှာ မထင်မှတ်တဲ့ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုပယ်တက်ဂီ Lopetegui ရဲ့ ရင်တွင်းစကားသံများ

ဒီရက်ပိုင်းဟာ ရီးယဲလ်နည်းပြသစ် လိုပယ်တက်ဂီ Lopetegui အတွက် Emotional အဖြစ်ရဆုံး ရက်ပိုင်းပါပဲ။ အင်္ဂါနေ့မှာ ရီးယဲလ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရတယ်၊ ဗုဒ္ဓဟူးနေ့မှာ စပိန်အသင်းနည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ရီးယဲလ်ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez က အခုလိုပဲပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။ “ရီးယဲလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လိုပယ်တက်ဂီကို နည်းပြသစ်ခန့်အပ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ သူနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့စာချုပ်ကို ကျွန်တော်တို့ လေးစားမှုရှိပါတယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ကောလာဟလတွေမဖြစ်ဖို့၊ အသင်းကို ထိခိုက်နိုင်မယ့် သတင်းပေါက်ကြားမှုတွေ မရှိဖို့အတွက် ဒီသတင်းကို ကျွန်တော်တို့ လူသိရှင်ကြားထုတ်ပြန်ရမှာပါ။ သူ့ရဲ့ စာချုပ်လျော်ကြေးကိုလည်း ကျွန်တော်တို့ ပေးချေဖို့ အသင့်ရှိခဲ့ပါတယ်။ ဒါဟာ ပုံမှန်အခြေအနေတစ်ခုပါပဲ။ ဒါပေမဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရဲ့လုပ်ရပ်က တကယ့်ကို စော်ကားတဲ့အပြုအမူပါ”

Lopetegui-and-Real-Madrid-President-Florentino-Perez-

Lopetegui-and-Real-Madrid-President-Florentino-Perez-

ရီးယဲလ်အသင်းဟာ ကြာသပတေးနေ့က ဘာနေဗျူးကွင်းမှာ လိုပယ်တက်ဂီကို မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး လိုပယ်တက်ဂီဟာ မျက်ရည်တွေနဲ့အတူ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Lopetegui-was-in-tears-as-he-took-the-stage-at-the-Santiago-Bernabeu

Lopetegui-was-in-tears-as-he-took-the-stage-at-the-Santiago-Bernabeu

လိုပယ်တက်ဂီက”ကျွန်တော့်အမေ ကွယ်လွန်ပြီးနောက်ပိုင်း မနေ့တုန်းက ကျွန်တော့်အတွက် ဝမ်းအနည်းရဆုံးနေ့(စပိန်အသင်းနည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရခြင်းကို ဆိုလို)ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ကတော့ ကျွန်တော့်ဘဝမှာ အပျော်ရွှင်ရဆုံးပါပဲ။ ကျွန်တော့်ကို စပိန်အသင်းနည်းပြရာထူးက ထုတ်ပယ်မယ့်သတင်းကို လက်ရွေးစင်အသင်းက ကစားသမားတွေ သိခဲ့ရပေမယ့် ကျွန်တော်တို့အသင်းဟာ လေ့ကျင့်ခန်းကို အစီအစဉ်တကျ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ရူဘီယာလက်စ် Rubiales (စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ)ဟာ ဒီထက်ပိုကောင်းမယ့် ဆုံးဖြတ်ချက်ကို ချမှတ်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ”လို့ ပြောကြားခဲ့တယ်။

Lopetegui-and-Real-Madrid-President-Florentino-Perez-

Lopetegui-and-Real-Madrid-President-Florentino-Perez-

ရီးယဲလ်အသင်းမှာ အနာဂတ်မသေချာဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အဓိက တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို C.Ronaldo နဲ့ပတ်သက်လို့လည်း လိုပယ်တက်ဂီက အာမခံစကားဆိုခဲ့ပြီး “စီရော်နယ်လ်ဒိုလို ကစားသမားမျိုးကို ကျွန်တော့်အသင်းမှာ ပိုင်ဆိုင်ခွင့်ရဖို့ အမြဲဆန္ဒရှိခဲ့တာပါ။ ကမ္ဘာ့ အကောင်းဆုံးကစားသမားတစ်ဦး ရီးယဲလ်အသင်းမှာ ဆက်ရှိနေမယ်ဆိုတာ သံသယဖြစ်ဖို့ မလိုပါဘူး”လို့ ဆိုခဲ့တယ်။ လိုပယ်တက်ဂီဟာ စပိန်အသင်းနဲ့လမ်းခွဲလိုက်ပြီဖြစ်ပေမယ့်လည်း သူ့ရဲ့အသင်းဟောင်းကို သံယောဇဉ်မပြတ်သေးဘဲ ဒီနေ့(သောကြာ)ကစားမယ့် စပိန်-ပေါ်တူဂီပွဲကို စောင့်ကြည့်အားပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

REF:Daily Mail
Photo:Ouest France,10zSoccer,Abriendo Brecha,Futbol Sapiens
Naing Linn(Akhayar)
www.akhayar.com