[Zawgyi]

ၿပိဳင္ပဲြစုံ ႐ႈံးပဲြမရွိ ပဲြအမ်ားဆုံး စံခ်ိန္ေရးထုိးထားတဲ့ အဂၤလန္အသင္းမ်ား (၂)

ဒီရာသီ ဥေရာပထိပ္သီးလိဂ္ (၅)ခုမွာ ၿပိဳင္ပဲြစုံ ႐ႈံးပြဲမရွိတဲ့အသင္းဆုိလို႔ ခ်ယ္လ္ဆီးတစ္သင္းသာ ရွိပါေတာ့တယ္။ လီဗာပူးလ္၊ မန္စီးတီး၊ PSG ၊ ဂ်ဴဗင္တပ္စ္အသင္းတို႔ဟာ ျပည္တြင္းလိဂ္မွာ ႐ႈံးပဲြမရွိေသးေပမယ့္ ဥေရာပပဲြေတြမွာေတာ့ ႐ႈံးပဲြကုိယ္စီႀကံဳေတြ႕ခဲ့ရတယ္။ ခ်ယ္လ္ဆီးအသင္းကေတာ့ ရာသီအစတုန္းက ကြန္ျမဴနတီဒုိင္းမွာ မန္စီးတီးကုိ ႐ံႈးနိမ့္ခဲ့ေပမယ့္ ကြန္ျမဴနတီဒုိင္းဟာ အဓိကၿပိဳင္ပဲြ စာရင္းထဲမွာ မပါ၀င္ပါဘူး။ အဲဒီေနာက္ပုိင္းမွာ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္၊ လိဂ္ဖလား၊ ယူ႐ုိပါလိဂ္ဖလားၿပိဳင္ပဲြေတြမွာ (၁၇)ပဲြဆက္ ႐ႈံးပဲြမရွိေတာ့ပါဘူး။ အရင္က အဂၤလန္ကလပ္ေတြထဲမွာ တစ္ရာသီအတြင္း ၿပိဳင္ပဲြစုံ ႐ႈံးပဲြမရွိ ပဲြဆက္အမ်ားဆုံး အသင္းေတြ ရွိခဲ့ဖူးၿပီး ပရိသတ္ေတြ ဗဟုသုတအျဖစ္ သိရွိႏုိင္ေစဖုိ႔အတြက္ အပုိင္း(၁)အၿပီးမွာ အပုိင္း(၂)ကုိ ဆက္လက္ ေဖာ္ျပေပးလုိက္ပါတယ္ . . . .

၅.အာဆင္နယ္ (၂၀၀၇-၀၈ ၂၁ ပဲြ)

Arsenal-Players

Arsenal-Players

၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ္ဖလားကုိ ရႈံးပဲြမရွိ ဆြတ္ခူးခဲ့ၿပီး ‘Invincibles Team’ ျဖစ္ခဲ့တဲ့ အာဆင္နယ္အသငး္ဟာ ၂၀၀၇-၀၈ ရာသီတုန္းက ရာသီအစကုိ အေကာင္းဆုံးျဖတ္သန္းႏုိင္ခဲ့တယ္။ ပရီးမီးယားလိဂ္ (၁၃)ပဲြ၊ ခ်န္ပီယံလိဂ္(၆)ပြဲ၊ လိဂ္ဖလား(၂)ပဲြ ဆက္တိုက္ ႐ႈံးပဲြမရွိခဲ့ပါဘူး။ ဒါေပမ့ဲ အာဆင္နယ္အသင္းရဲ႕ ႐ႈံးပဲြမရွိ မွတ္တမ္းေကာင္းကုိ ဆီဗီလာအသငး္က ရပ္တန္႔ႏုိင္ခဲ့တယ္။

၆.ခ်ယ္လ္ဆီး (၂၀၁၄-၁၅ ၂၁ ပဲြ)

Chelsea-2014-15

Chelsea-2014-15

ဒီရာသီ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ စံခ်ိန္ေဟာင္းကုိ အမီလုိက္ႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။ ခ်ယ္လ္ဆီးအသင္းကုိ ေမာ္ရင္ဟုိ Mourinho ျပန္လည္ကုိင္တြယ္ၿပီး ဒုတိယေျမာက္ရာသီျဖစ္တဲ့ ၂၀၁၄-၁၅ ရာသီတုန္းက ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ (၁၄)ပဲြ၊ ခ်န္ပီယံလိဂ္ (၅)ပဲြ၊ လိဂ္ဖလား(၂)ပဲြဆက္တိုက္ ႐ႈံးပဲြမရွိခဲ့ဘဲ နယူးကာဆယ္နဲ႔ ပရီးမီးယားလိဂ္ပဲြက်မွ ပထမဆုံး ႐ႈံးပဲြေတြ႕ခဲ့တာပါ။ ႐ႈံးပဲြမရွိ မွတ္တမ္းရပ္တန္႔ခဲ့ေပမယ့္ ရာသီကုန္မွာ ပရီးမီးယားလိဂ္၊ လိဂ္ဖလားပါ ဆြတ္ခူးခဲ့လုိ႔ ေအာင္ျမင္မႈရခဲ့တယ္လုိ႔ သတ္မွတ္ရမွာျဖစ္ပါတယ္။

၇. လီဗာပူးလ္ (၁၉၄၉-၅၀ ၁၉ ပဲြ)

Liverpool-1949-50

Liverpool-1949-50

အဂၤလန္ေဘာလုံးေလာကရဲ႕ ေအာင္ျမင္မႈအမ်ားဆုံးလုိ႔ သတ္မွတ္ရမယ့္ လီဗာပူးလ္အသင္းကလည္း တစ္ရာသီအတြင္း ႐ႈံးပဲြမရွိပဲြဆက္အမ်ားဆုံး အသင္းစာရင္းထဲမွာ ပါ၀င္ခဲ့တယ္။ ဒါေပမဲ့ လီဗာပူးလ္အသင္းဟာ ျပည္တြင္းၿပိဳင္ပဲြေတြျဖစ္တဲ့ ပရီးမီးယားလိဂ္နဲ႔ FA ဖလား ၿပိဳင္ပဲြတို႔မွာ (၁၉)ပဲြဆက္ ႐ႈံးပဲြမရွိခဲ့တာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အဲဒီအခ်ိန္တုန္းက ဒုတိယကမၻာစစ္ၿပီးလုိ႔ (၄)ႏွစ္ေလာက္သာရွိေသးတာေၾကာင့္ အဂၤလန္မွာ ၿပိဳင္ပဲြ(၂)ခုသာရွိၿပီး အမွတ္ေပးၿပိဳင္ပဲြနဲ႔ FA ဖလားၿပိဳင္ပဲြတို႔ျဖစ္ပါတယ္။

ၿပိဳင္ပဲြစုံ ႐ႈံးပဲြမရွိ ပဲြအမ်ားဆုံး စံခ်ိန္ေရးထုိးထားတဲ့ အဂၤလန္အသင္းမ်ား အပုိင္း(၁)ၿပီးေတာ့ အခု အပုိင္း(၂)ကုိ ဆက္လက္ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပဲြစုံမွာ ဆက္တိုက္ ႐ႈံးပဲြမရွိဘဲ ကစားဖုိ႔ဆုိတာ မလြယ္ကူေပမယ့္ ဒီအသင္းေတြကေတာ့ ထူးထူးျခားျခား စြမ္းေဆာင္ျပႏုိင္ခဲ့တဲ့ အဂၤလန္ကလပ္အသင္းေတြပဲ ျဖစ္ပါေတာ့တယ္ . . .

REF:Talksports
Photo:IBTimes UK,101 Great Goals,Total-Goal.Com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပြိုင်ပွဲစုံ ရှုံးပွဲမရှိ ပွဲအများဆုံး စံချိန်ရေးထိုးထားတဲ့ အင်္ဂလန်အသင်းများ (၂)

ဒီရာသီ ဥရောပထိပ်သီးလိဂ် (၅)ခုမှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိတဲ့အသင်းဆိုလို့ ချယ်လ်ဆီးတစ်သင်းသာ ရှိပါတော့တယ်။ လီဗာပူးလ်၊ မန်စီးတီး၊ PSG ၊ ဂျူဗင်တပ်စ်အသင်းတို့ဟာ ပြည်တွင်းလိဂ်မှာ ရှုံးပွဲမရှိသေးပေမယ့် ဥရောပပွဲတွေမှာတော့ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ရတယ်။ ချယ်လ်ဆီးအသင်းကတော့ ရာသီအစတုန်းက ကွန်မြူနတီဒိုင်းမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့် ကွန်မြူနတီဒိုင်းဟာ အဓိကပြိုင်ပွဲ စာရင်းထဲမှာ မပါဝင်ပါဘူး။ အဲဒီနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားပြိုင်ပွဲတွေမှာ (၁၇)ပွဲဆက် ရှုံးပွဲမရှိတော့ပါဘူး။ အရင်က အင်္ဂလန်ကလပ်တွေထဲမှာ တစ်ရာသီအတွင်း ပြိုင်ပွဲစုံ ရှုံးပွဲမရှိ ပွဲဆက်အများဆုံး အသင်းတွေ ရှိခဲ့ဖူးပြီး ပရိသတ်တွေ ဗဟုသုတအဖြစ် သိရှိနိုင်စေဖို့အတွက် အပိုင်း(၁)အပြီးမှာ အပိုင်း(၂)ကို ဆက်လက် ဖော်ပြပေးလိုက်ပါတယ် . . . .

၅.အာဆင်နယ် (၂၀၀၇-၀၈ ၂၁ ပွဲ)

Arsenal-Players

Arsenal-Players

၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ်ဖလားကို ရှုံးပွဲမရှိ ဆွတ်ခူးခဲ့ပြီး ‘Invincibles Team’ ဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ၂၀၀၇-၀၈ ရာသီတုန်းက ရာသီအစကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့တယ်။ ပရီးမီးယားလိဂ် (၁၃)ပွဲ၊ ချန်ပီယံလိဂ်(၆)ပွဲ၊ လိဂ်ဖလား(၂)ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့ပါဘူး။ ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကောင်းကို ဆီဗီလာအသင်းက ရပ်တန့်နိုင်ခဲ့တယ်။

၆.ချယ်လ်ဆီး (၂၀၁၄-၁၅ ၂၁ ပွဲ)

Chelsea-2014-15

Chelsea-2014-15

ဒီရာသီ ချယ်လ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ စံချိန်ဟောင်းကို အမီလိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ချယ်လ်ဆီးအသင်းကို မော်ရင်ဟို Mourinho ပြန်လည်ကိုင်တွယ်ပြီး ဒုတိယမြောက်ရာသီဖြစ်တဲ့ ၂၀၁၄-၁၅ ရာသီတုန်းက ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် (၁၄)ပွဲ၊ ချန်ပီယံလိဂ် (၅)ပွဲ၊ လိဂ်ဖလား(၂)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲကျမှ ပထမဆုံး ရှုံးပွဲတွေ့ခဲ့တာပါ။ ရှုံးပွဲမရှိ မှတ်တမ်းရပ်တန့်ခဲ့ပေမယ့် ရာသီကုန်မှာ ပရီးမီးယားလိဂ်၊ လိဂ်ဖလားပါ ဆွတ်ခူးခဲ့လို့ အောင်မြင်မှုရခဲ့တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

၇. လီဗာပူးလ် (၁၉၄၉-၅၀ ၁၉ ပွဲ)

Liverpool-1949-50

Liverpool-1949-50

အင်္ဂလန်ဘောလုံးလောကရဲ့ အောင်မြင်မှုအများဆုံးလို့ သတ်မှတ်ရမယ့် လီဗာပူးလ်အသင်းကလည်း တစ်ရာသီအတွင်း ရှုံးပွဲမရှိပွဲဆက်အများဆုံး အသင်းစာရင်းထဲမှာ ပါဝင်ခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ ပြည်တွင်းပြိုင်ပွဲတွေဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ FA ဖလား ပြိုင်ပွဲတို့မှာ (၁၉)ပွဲဆက် ရှုံးပွဲမရှိခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက ဒုတိယကမ္ဘာစစ်ပြီးလို့ (၄)နှစ်လောက်သာရှိသေးတာကြောင့် အင်္ဂလန်မှာ ပြိုင်ပွဲ(၂)ခုသာရှိပြီး အမှတ်ပေးပြိုင်ပွဲနဲ့ FA ဖလားပြိုင်ပွဲတို့ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ ရှုံးပွဲမရှိ ပွဲအများဆုံး စံချိန်ရေးထိုးထားတဲ့ အင်္ဂလန်အသင်းများ အပိုင်း(၁)ပြီးတော့ အခု အပိုင်း(၂)ကို ဆက်လက်ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲစုံမှာ ဆက်တိုက် ရှုံးပွဲမရှိဘဲ ကစားဖို့ဆိုတာ မလွယ်ကူပေမယ့် ဒီအသင်းတွေကတော့ ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်ခဲ့တဲ့ အင်္ဂလန်ကလပ်အသင်းတွေပဲ ဖြစ်ပါတော့တယ် . . .

REF:Talksports
Photo:IBTimes UK,101 Great Goals,Total-Goal.Com
Naing Linn(Akhayar)
www.akhayar.com