[Zawgyi]

ၿပိဳင္ပဲြစုံ ႐ႈံးပဲြမရွိ ပဲြအမ်ားဆုံး စံခ်ိန္ေရးထုိးထားတဲ့ အဂၤလန္ကလပ္မ်ား (၁)

ဒီရာသီ ဥေရာပထိပ္သီးလိဂ္ (၅)ခုမွာ ၿပိဳင္ပဲြစုံ ႐ႈံးပြဲမရွိတဲ့အသင္းဆုိလို႔ ခ်ယ္လ္ဆီးတစ္သင္းသာ ရွိပါေတာ့တယ္။ လီဗာပူးလ္၊ မန္စီးတီး၊ PSG ၊ ဂ်ဴဗင္တပ္စ္အသင္းတို႔ဟာ ျပည္တြင္းလိဂ္မွာ ႐ႈံးပဲြမရွိေသးေပမယ့္ ဥေရာပပဲြေတြမွာေတာ့ ႐ႈံးပဲြကုိယ္စီႀကံဳေတြ႕ခဲ့ရတယ္။ ခ်ယ္လ္ဆီးအသင္းကေတာ့ ရာသီအစတုန္းက ကြန္ျမဴနတီဒုိင္းမွာ မန္စီးတီးကုိ ႐ံႈးနိမ့္ခဲ့ေပမယ့္ ကြန္ျမဴနတီဒုိင္းဟာ အဓိကၿပိဳင္ပဲြ စာရင္းထဲမွာ မပါ၀င္ပါဘူး။ အဲဒီေနာက္ပုိင္းမွာ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္၊ လိဂ္ဖလား၊ ယူ႐ုိပါလိဂ္ဖလားၿပိဳင္ပဲြေတြမွာ (၁၇)ပဲြဆက္ ႐ႈံးပဲြမရွိေတာ့ပါဘူး။ အရင္က အဂၤလန္ကလပ္ေတြထဲမွာ တစ္ရာသီအတြင္း ၿပိဳင္ပဲြစုံ ႐ႈံးပဲြမရွိ ပဲြဆက္အမ်ားဆုံး အသင္းေတြ ရွိခဲ့ဖူးၿပီး ပရိသတ္ေတြ ဗဟုသုတအျဖစ္ သိရွိႏုိင္ေစဖုိ႔အတြက္ ေဖာ္ျပေပးလုိက္ပါတယ္ . . . .

၁.ပရက္စတန္ (၁၈၈၈-၈၉ ၂၇ ပဲြ)

Preston-North-End

Preston-North-End

အခုအခ်ိန္မွာ အဂၤလန္လိဂ္ခ်န္ပီယံရွစ္ၿပိဳင္ပဲြမွာ က်င္လည္ေနတဲ့ ပရက္စတန္အသင္းဟာ ေရႊေခတ္တုန္းက အဂၤလန္အသင္းရဲ႕ ဂုဏ္ေဆာင္ျဖစ္ခဲ့တယ္။ အမွတ္ေပးပဲြ (၂၂)ပဲြ၊ FAဖလား (၅)ပဲြဆက္ ႐ႈံးပဲြမရွိခဲ့ဘဲ အမွတ္ေပးဖလားနဲ႔ FA ဖလားကုိ တစ္ရာသီအတြင္း ဆြတ္ခူးခဲ့တဲ့ ပထမဆုံးအသင္း၊ အမွတ္ေပးဖလားကုိ ႐ႈံးပဲြမရွိ ရရွိခဲ့တဲ့ ပထမဆုံး ‘Invincibles’ အသင္းလည္းျဖစ္ခ့ဲပါတယ္။ အဲဒီအခ်ိန္တုန္း အဂၤလန္အမွတ္ေပးဖလားၿပိဳင္ပဲြမွာ အသင္း(၁၂)သင္းသာ ပါ၀င္ၿပီး ဥေရာပမွာလည္း တျခားဘာၿပိဳင္ပဲြမွ မရွိေသးပါဘူး။

၂.ေနာ္တင္ဟမ္ေဖာရက္စ္ (၁၉၇၈-၇၉ ၂၅ ပဲြ)

Nottingham-Forest

Nottingham-Forest

အဂၤလန္ကလပ္ေတြထဲမွာ လီဗာပူးလ္ၿပီးရင္ ဥေရာပဖလား (ခ်န္ပီယံလိဂ္)ကုိ (၂)ႏွစ္ဆက္ ရခဲ့ဖူးတာဆုိလုိ႔ ေနာ္တင္ဟမ္ေဖာရက္စ္ပဲ ရွိပါတယ္။ ဂႏၳ၀င္နည္းျပႀကီး ဘ႐ုိင္ယန္ကေလာက္ Brian Clough ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ေရႊေရာင္ကာလေတြ ပုိင္ဆုိင္ခဲ့ဖူးတဲ့ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းဟာ ၁၉၇၈-၇၉ ရာသီတုနး္က ၿပိဳင္ပဲြစုံ (၂၅)ပဲြဆက္ ႐ႈံးပဲြမရွိခဲ့ဘဲ ၁၉၇၈၊ ဒီဇင္ဘာလ(၉)ရက္မွာ လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ အမွတ္ေပးဖလားပဲြမွ ပထမဆုံး႐ႈံးပဲြစေတြ႕ခဲ့တာပါ။

၃.မန္ယူ (၂၀၁၀-၁၁ ၂၃ ပဲြ)

Manchester-united

Manchester-united

ပရီးမီးယားလိဂ္ ထိပ္သီး မန္ယူအသင္းကလည္း ႐ႈံးပဲြမရွိ ပဲြဆက္အမ်ားဆုံး အသင္းစာရင္းထဲမွာ ေနရာတစ္ခု ရယူထားတယ္။ ၂၀၁၀-၁၁ ရာသီက ရာသီအဖြင့္ပဲြျဖစ္တဲ့ ကြန္ျမဴနတီဒုိင္းပဲြက စၿပီး (၂၃)ပဲြဆက္ ႐ႈံးပဲြ မရွိခဲ့ဘဲ ၂၀၁၀၊ ႏုိ၀င္ဘာ၊ ၃၀ မွာ ၀က္စ္ဟမ္းနဲ႔ကစားခဲ့တဲ့ လိဂ္ဖလားပဲြမွာ (၄)ဂုိးျပတ္နဲ႔ ႐ႈံးပဲြ စေတြ႕ခဲ့တယ္။ အဲဒီရာသီတုန္းက မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ဖလား ဆြတ္ခူးခဲ့ၿပီး ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြ တက္ခဲ့ေပမယ့္ ဘာစီလုိနာကုိ ႐ႈံးနိမ့္ခဲ့လုိ႔ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတယ္။

၄.မန္စီးတီး (၂၂ ပဲြ -၂၀၁၇-၁၈)

Manchester-City

Manchester-City

ၿပီးခဲ့တဲ့ ရာသီတုန္းက မန္စီးတီးအသင္းဟာ ရာသီအစ ၿပိဳင္ပဲြစုံ (၂၂)ပဲြဆက္တိုက္ ရႈံးပဲြမရွိေအာင္ ကစားႏုိင္ခဲ့တယ္။ မန္စီးတီးရဲ႕ ႐ႈံးပဲြမရွိ မွတ္တမ္းကုိ ခ်ိဳးျဖတ္ခဲ့သူက ရွက္တာဒုိးနက္ျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ (၂-၁)ဂုိးနဲ႔ အႏုိင္ယူခဲ့တာပါ။ မန္စီးတီးအသင္းဟာ အဂၤလန္ကလပ္အသင္းေတြထဲမွာ စတုတၳေျမာက္ ႐ႈံးပဲြမရွိ ပဲြဆက္အမ်ားဆုံးအသင္းအျဖစ္လည္း ရပ္တည္ေနပါတယ္။

အခုေလာေလာဆယ္ ၿပိဳင္ပဲြစုံ ႐ႈံးပဲြမရွိ ပဲြအမ်ားဆုံး စံခ်ိန္ေရးထုိးထားတဲ့ အဂၤလန္အသင္းမ်ား အပုိင္း(၁)ကုိ အရင္ဆုံး ေဖာ္ျပလုိက္ပါတယ္။ အပုိင္း(၂)ကုိလည္း ဆက္လက္ ေဖာ္ျပဦးမွာျဖစ္လုိ႔ ေစာင့္ေမွ်ာ္အားေပးၾကပါဦး . . .

REF:Talksports
Photo:The Guardian Nigeria,SFME,Pinterest
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပြိုင်ပွဲစုံ ရှုံးပွဲမရှိ ပွဲအများဆုံး စံချိန်ရေးထိုးထားတဲ့ အင်္ဂလန်ကလပ်များ (၁)

ဒီရာသီ ဥရောပထိပ်သီးလိဂ် (၅)ခုမှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိတဲ့အသင်းဆိုလို့ ချယ်လ်ဆီးတစ်သင်းသာ ရှိပါတော့တယ်။ လီဗာပူးလ်၊ မန်စီးတီး၊ PSG ၊ ဂျူဗင်တပ်စ်အသင်းတို့ဟာ ပြည်တွင်းလိဂ်မှာ ရှုံးပွဲမရှိသေးပေမယ့် ဥရောပပွဲတွေမှာတော့ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ရတယ်။ ချယ်လ်ဆီးအသင်းကတော့ ရာသီအစတုန်းက ကွန်မြူနတီဒိုင်းမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့် ကွန်မြူနတီဒိုင်းဟာ အဓိကပြိုင်ပွဲ စာရင်းထဲမှာ မပါဝင်ပါဘူး။ အဲဒီနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားပြိုင်ပွဲတွေမှာ (၁၇)ပွဲဆက် ရှုံးပွဲမရှိတော့ပါဘူး။ အရင်က အင်္ဂလန်ကလပ်တွေထဲမှာ တစ်ရာသီအတွင်း ပြိုင်ပွဲစုံ ရှုံးပွဲမရှိ ပွဲဆက်အများဆုံး အသင်းတွေ ရှိခဲ့ဖူးပြီး ပရိသတ်တွေ ဗဟုသုတအဖြစ် သိရှိနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ် . . . .

၁.ပရက်စတန် (၁၈၈၈-၈၉ ၂၇ ပွဲ)

Preston-North-End

Preston-North-End

အခုအချိန်မှာ အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကျင်လည်နေတဲ့ ပရက်စတန်အသင်းဟာ ရွှေခေတ်တုန်းက အင်္ဂလန်အသင်းရဲ့ ဂုဏ်ဆောင်ဖြစ်ခဲ့တယ်။ အမှတ်ပေးပွဲ (၂၂)ပွဲ၊ FAဖလား (၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ အမှတ်ပေးဖလားနဲ့ FA ဖလားကို တစ်ရာသီအတွင်း ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအသင်း၊ အမှတ်ပေးဖလားကို ရှုံးပွဲမရှိ ရရှိခဲ့တဲ့ ပထမဆုံး ‘Invincibles’ အသင်းလည်းဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်း အင်္ဂလန်အမှတ်ပေးဖလားပြိုင်ပွဲမှာ အသင်း(၁၂)သင်းသာ ပါဝင်ပြီး ဥရောပမှာလည်း တခြားဘာပြိုင်ပွဲမှ မရှိသေးပါဘူး။

၂.နော်တင်ဟမ်ဖောရက်စ် (၁၉၇၈-၇၉ ၂၅ ပွဲ)

Nottingham-Forest

Nottingham-Forest

အင်္ဂလန်ကလပ်တွေထဲမှာ လီဗာပူးလ်ပြီးရင် ဥရောပဖလား (ချန်ပီယံလိဂ်)ကို (၂)နှစ်ဆက် ရခဲ့ဖူးတာဆိုလို့ နော်တင်ဟမ်ဖောရက်စ်ပဲ ရှိပါတယ်။ ဂန္ထဝင်နည်းပြကြီး ဘရိုင်ယန်ကလောက် Brian Clough ရဲ့ ဦးဆောင်မှုနဲ့အတူ ရွှေရောင်ကာလတွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၁၉၇၈-၇၉ ရာသီတုန်းက ပြိုင်ပွဲစုံ (၂၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ ၁၉၇၈၊ ဒီဇင်ဘာလ(၉)ရက်မှာ လီဗာပူးလ်နဲ့ကစားခဲ့တဲ့ အမှတ်ပေးဖလားပွဲမှ ပထမဆုံးရှုံးပွဲစတွေ့ခဲ့တာပါ။

၃.မန်ယူ (၂၀၁၀-၁၁ ၂၃ ပွဲ)

Manchester-united

Manchester-united

ပရီးမီးယားလိဂ် ထိပ်သီး မန်ယူအသင်းကလည်း ရှုံးပွဲမရှိ ပွဲဆက်အများဆုံး အသင်းစာရင်းထဲမှာ နေရာတစ်ခု ရယူထားတယ်။ ၂၀၁၀-၁၁ ရာသီက ရာသီအဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲက စပြီး (၂၃)ပွဲဆက် ရှုံးပွဲ မရှိခဲ့ဘဲ ၂၀၁၀၊ နိုဝင်ဘာ၊ ၃၀ မှာ ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ (၄)ဂိုးပြတ်နဲ့ ရှုံးပွဲ စတွေ့ခဲ့တယ်။ အဲဒီရာသီတုန်းက မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် ဘာစီလိုနာကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတယ်။

၄.မန်စီးတီး (၂၂ ပွဲ -၂၀၁၇-၁၈)

Manchester-City

Manchester-City

ပြီးခဲ့တဲ့ ရာသီတုန်းက မန်စီးတီးအသင်းဟာ ရာသီအစ ပြိုင်ပွဲစုံ (၂၂)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တယ်။ မန်စီးတီးရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို ချိုးဖြတ်ခဲ့သူက ရှက်တာဒိုးနက်ဖြစ်ပြီး ချန်ပီယံလိဂ်မှာ (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ မန်စီးတီးအသင်းဟာ အင်္ဂလန်ကလပ်အသင်းတွေထဲမှာ စတုတ္ထမြောက် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးအသင်းအဖြစ်လည်း ရပ်တည်နေပါတယ်။

အခုလောလောဆယ် ပြိုင်ပွဲစုံ ရှုံးပွဲမရှိ ပွဲအများဆုံး စံချိန်ရေးထိုးထားတဲ့ အင်္ဂလန်အသင်းများ အပိုင်း(၁)ကို အရင်ဆုံး ဖော်ပြလိုက်ပါတယ်။ အပိုင်း(၂)ကိုလည်း ဆက်လက် ဖော်ပြဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး . . .

REF:Talksports
Photo:The Guardian Nigeria,SFME,Pinterest
Naing Linn(Akhayar)
www.akhayar.com