[Zawgyi]

















Brockenhurst 15-14 Andover, Hampshire Senior Cup, 2013
KK Palace 17-16 Civics, Namibian Cup Final, 2005
Dagenham & Redbridge 14-13 Leyton Orient, Football League Trophy, 2011

REF:telegraph
Photo:Boston Herald,Sporting News,Stroud News and Journal,UEFA.com,RTE
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပယ်နယ်တီ အဆုံးအဖြတ်မှာ အကြာရှည်ဆုံးဖြစ်ခဲ့တဲ့ပွဲများ

ဘောလုံးပွဲတွေမှာ ပယ်နယ်တီ အဆုံးအဖြတ်ခံယူတယ်ဆိုတာက သိပ်တော့ မဆန်းပါဘူး။ ပုံမှန်အတိုင်းဆိုရင် (၅)လုံးစီ ကန်ပြီးတဲ့အချိန်မှာ အနိုင်အရှုံးအဖြေပေါ်လေ့ရှိပေမယ့် မထင်မှတ်ဘဲ အကြာကြီး ကန်ရတဲ့ပွဲတွေလည်း ရှိခဲ့ဖူးပြီး အဲဒီပွဲတွေကို Akhayar Sports ပရိသတ်တွေ ဗဟုသုတရအောင် ဖော်ပြလိုက်ရပါတယ် . .

လီဗာပူးလ် ၁၄-၁၃ မစ်ဒယ်ဘရော့ (လိဂ်ဖလား -၂၀၁၄)

Liverpool-14-13-Middlesbrough-Capital-One-Cup-2014

Liverpool-14-13-Middlesbrough-Capital-One-Cup-2014

ဒီပွဲကိုတော့ လီဗာပူးလ် ပရိသတ်တွေ မှတ်မိနေဦးမှာပါ။ မိနစ်(၁၂၀)အတွင်း (၂)ဂိုးစီ သရေကျနေလို့ ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး စုစုပေါင်း (၂၇)လုံးအထိ ကန်ခဲ့ပြီးမှ လီဗာပူးလ်အသင်းက အနိုင်ရခဲ့တယ်။ ဒီပွဲဟာ လိဂ်ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပယ်နယ်တီအဆုံးအဖြတ် အများဆုံးကန်သွင်းခဲ့ရတဲ့ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဝေါချက်စတာ ၁၃-၁၄ စကန်သော့ပ် (FA ဖလား-၂၀၁၄)

Worcester-City-13-14-Scunthorpe-FA-Cup-2014

Worcester-City-13-14-Scunthorpe-FA-Cup-2014

FA ဖလား တတိယအဆင့်မှာ ဒီနှစ်သင်းဆုံတွေ့ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးလ်ပွဲလိုပဲ (၂၇)ကြိမ်အထိ ကန်ခဲ့ရပြီးမှ စကန်သော့ပ်အသင်းက အနိုင်ရခဲ့ပါတယ်။ ဒီပွဲဟာလည်း FA ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပယ်နယ်တီအဆုံးအဖြတ် အများဆုံး ကန်သွင်းခဲ့ရတဲ့ပွဲဖြစ်ခဲ့တယ်။

မက္ကလက်စ်ဖီးလ် ၁၁-၁၀ ဖော်ရက်စ်ဂရင်း (FA ဖလား – ၂၀၀၁)

ဝေါချက်စတာ- စကန်သော့ပ်ပွဲမတိုင်ခင် FA ဖလားပြိုင်ပွဲရဲ့ ပယ်နယ်တီအဆုံးအဖြတ် အများဆုံးခံယူခဲ့ရတဲ့ပွဲဖြစ်ခဲ့တယ်။ နှစ်ဖက်ပရိသတ်တွေကတော့ ပယ်နယ်တီကန်တာကို တစ်ဝကြီး ကြည့်ခွင့်ရခဲ့တာဖြစ်ပါတယ်။

နယ်သာလန် ယူ-၂၁ ၁၃-၁၂ အင်္ဂလန် ယူ-၂၁ (ဥရောပ ယူ-၂၁ ချန်ပီယံရှစ် – ၂၀၀၇)

Holland-Under-21-13-12-England-Under-21-European-Championships-2007

Holland-Under-21-13-12-England-Under-21-European-Championships-2007

အင်္ဂလန်စီနီယာအသင်းရဲ့ ပယ်နယ်တီကံကြမ္မာဆိုးက လူငယ်အသင်းအထိ ရိုက်ခတ်ခဲ့တယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ နယ်သာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး အင်္ဂလန်အသင်းအတွက် နောက်ဆုံးပယ်နယ်တီကို အန်တန်ဖာဒီနန် Anton Ferdinand က လွဲချော်ခဲ့တာပါ။