[Zawgyi]

Iron Man လို ေလထဲပ်ံဝဲလို႔ရမယ့္ ဝတ္စံု London Store မွာ ဝယ္လို႔ရၿပီ

ငယ္ငယ္တုန္းက Super Hero ဇာတ္ကားေတြၾကည့္ၿပီး ကမ႓ာႀကီးကိုကယ္တင္ခ်င္စိတ္ေတြ၊ ေလေပၚပ်ံဝဲခ်င္စိတ္ေတြျဖစ္ခဲ့ဖူးတဲ့ Comic Fan ေတြအတြက္ေတာ့ သတင္းေကာင္းပါပဲ။

Gravity Industries Company Limited ရဲ႕ ပိုင္ရွင္ ၿဗိတိန္လူမ်ိဳး စြန္႔ဦးတီထြင္သူ Richard Browning ကိုယ္တိုင္ တီထြင္ခဲ့တဲ့ ဒီ Jet Suit ဝတ္စံုဟာ ၂၀၁၇ ခုႏွစ္တည္းက ႐ုပ္လံုးေပၚခဲ့ၿပီး ဒီ ၂၀၁၈ခုႏွစ္ထဲမွာေတာ့ တရားဝင္အၿပီးသတ္ျပင္ဆင္ၿပီးလို႔ ေရာင္းခ်ခြင့္ေတာင္ ရခဲ့ပါၿပီ။

London က Department Store ေတြမွာ ဝယ္ယူလို႔ရတဲ့ ဒီ Jet Suit ရဲ႕ ေစ်းႏႈန္းကေတာ့ စတာလင္ေပါင္ ၃၄၀,၀၀၀ ျဖစ္ၿပီး အေမရိကန္ေဒၚလာ ၄၄၃,၄၂၈ ကုန္က်မွာပါတဲ့။

Jet Engines အေသးစား ၅ လံုးကို ဝတ္စံုရဲ႕ ေက်ာဘက္နဲ႔ လက္ေမာင္းသားမွာတပ္ဆင္ထားၿပီး လွ်ပ္စစ္နဲ႔ 3D Printed အစိတ္အပိုင္းေတြပါ ထည့္သြင္းထားတဲ့ ဒီဝတ္စံုဟာ Marvel ရဲ႕ Super Hero ႀကီး Robert Downey Character ျဖစ္တဲ့ “Iron Man” ကို မွီျငမ္းပံုေဖာ္ထားတာပါ။

Jet Fuel ဒါမွမဟုတ္ Diesel ဆီနဲ႔ ေမာင္းႏွင္တဲ့ ဒီဝတ္စံုဟာ တစ္နာရီကို ၃၂မိုင္ႏႈန္းထိရွိၿပီး အျမင့္ ၁၂၀၀ဝ ေပထိ ေမာင္းႏွင္ႏိုင္တယ္လို႔ မွတ္တမ္းတင္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီဝတ္စံုကိုစမ္းသပ္ဝတ္ဆင္ျပတဲ့ Richard Browning ကေတာ့ စမ္းသပ္ဝတ္ဆင္ျပတဲ့ေန႔မွာ ဝတ္စံုရဲ႕ လံုျခံဳစိတ္ခ်ရမႈအေနအထားအရ ေျမျပင္အထက္ မီတာအနည္းငယ္ထိပဲ ဝတ္ဆင္ျပခဲ့ပါတယ္။

“ဒီဝတ္စံုဟာ တစ္မိနစ္ကို ဆီ ၄ လီတာေလာက္ကုန္တဲ့အတြက္ ၃,၄ မိနစ္ေလာက္ထိ အလြယ္တကူေမာင္းႏွင္ႏိုင္ၿပီး ရာသီဥတုေအးတဲ့ေန႔ေတြဆိုရင္ေတာ့ ၉မိနစ္ေလာက္ထိေအးေဆးေမာင္းလို႔ရပါတယ္” လို႔ သူကဆိုခဲ့ပါတယ္။

“ဒီ့ထက္ပိုအဆင္ေျပမယ့္နည္းလမ္းေတြထည့္သြင္းဖို႔ စဥ္းစားေနေပမယ့္ အေတာင္ပံေတြတပ္ဆင္စရာမလိုဘဲ ပ်ံသန္းႏိုင္တာကေတာ့ အမွန္ပါပဲ” လို႔ Richard ကိုယ္တိုင္ ထပ္မံအတည္ျပဳခဲ့ပါတယ္။

ဒီဝတ္စံုကို တရားဝင္ဝတ္ဆင္ျပၿပီးခ်ိန္မွာေတာ့ London က လူတိုင္းစိတ္ဝင္စားေနၾကၿပီး ဝယ္ယူမယ္ဆိုရင္ ဝတ္ဆင္နည္းေတြပါအေသးစိတ္ထပ္မံသင္ၾကားရမွာျဖစ္ပါတယ္။ အရမ္းသက္ေတာင့္သက္သာရွိၿပီး၊ မဆူညံဘဲ အလိုက္သင့္ေလး ပ်ံသန္းေနရသလိုခံစားရမွာေနာ္လို႔ ဒီ ဝတ္စံုကို တီထြင္ဖန္တီးခဲ့သူ Richard က ဆြဲေဆာင္လိုက္ပါေသးတယ္။

ကားတစ္စီးထက္ေတာင္တန္ဖိုးႀကီးေနတဲ့ ဒီဝတ္စံုဟာ Super Hero ဇာတ္ေကာင္ေတြအတြက္ေတာ့ တကယ့္အိပ္မက္ေတြလက္ေတြ႕ျဖစ္လာတဲ့ တီထြင္မႈလို႔ဆိုရမွာပါပဲ။

EiEiKhineMinn (Akhayar)

Source: REUTERS

[Unicode]

Iron Man လို လေထဲပျံဝဲလို့ရမယ့် ဝတ်စုံ London Store မှာ ဝယ်လို့ရပြီ

ငယ်ငယ်တုန်းက Super Hero ဇာတ်ကားတွေကြည့်ပြီး ကမ္ဘာကြီးကိုကယ်တင်ချင်စိတ်တွေ၊ လေပေါ်ပျံဝဲချင်စိတ်တွေဖြစ်ခဲ့ဖူးတဲ့ Comic Fan တွေအတွက်တော့ သတင်းကောင်းပါပဲ။

Gravity Industries Company Limited ရဲ့ ပိုင်ရှင် ဗြိတိန်လူမျိုး စွန့်ဦးတီထွင်သူ Richard Browning ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဒီ Jet Suit ဝတ်စုံဟာ ၂၀၁၇ ခုနှစ်တည်းက ရုပ်လုံးပေါ်ခဲ့ပြီး ဒီ ၂၀၁၈ခုနှစ်ထဲမှာတော့ တရားဝင်အပြီးသတ်ပြင်ဆင်ပြီးလို့ ရောင်းချခွင့်တောင် ရခဲ့ပါပြီ။

London က Department Store တွေမှာ ဝယ်ယူလို့ရတဲ့ ဒီ Jet Suit ရဲ့ ဈေးနှုန်းကတော့ စတာလင်ပေါင် ၃၄၀,၀၀၀ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၄၃,၄၂၈ ကုန်ကျမှာပါတဲ့။

Jet Engines အသေးစား ၅ လုံးကို ဝတ်စုံရဲ့ ကျောဘက်နဲ့ လက်မောင်းသားမှာတပ်ဆင်ထားပြီး လျှပ်စစ်နဲ့ 3D Printed အစိတ်အပိုင်းတွေပါ ထည့်သွင်းထားတဲ့ ဒီဝတ်စုံဟာ Marvel ရဲ့ Super Hero ကြီး Robert Downey Character ဖြစ်တဲ့ “Iron Man” ကို မှီငြမ်းပုံဖော်ထားတာပါ။

Jet Fuel ဒါမှမဟုတ် Diesel ဆီနဲ့ မောင်းနှင်တဲ့ ဒီဝတ်စုံဟာ တစ်နာရီကို ၃၂မိုင်နှုန်းထိရှိပြီး အမြင့် ၁၂၀၀ဝ ပေထိ မောင်းနှင်နိုင်တယ်လို့ မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝတ်စုံကိုစမ်းသပ်ဝတ်ဆင်ပြတဲ့ Richard Browning ကတော့ စမ်းသပ်ဝတ်ဆင်ပြတဲ့နေ့မှာ ဝတ်စုံရဲ့ လုံခြုံစိတ်ချရမှုအနေအထားအရ မြေပြင်အထက် မီတာအနည်းငယ်ထိပဲ ဝတ်ဆင်ပြခဲ့ပါတယ်။

“ဒီဝတ်စုံဟာ တစ်မိနစ်ကို ဆီ ၄ လီတာလောက်ကုန်တဲ့အတွက် ၃,၄ မိနစ်လောက်ထိ အလွယ်တကူမောင်းနှင်နိုင်ပြီး ရာသီဥတုအေးတဲ့နေ့တွေဆိုရင်တော့ ၉မိနစ်လောက်ထိအေးဆေးမောင်းလို့ရပါတယ်” လို့ သူကဆိုခဲ့ပါတယ်။

“ဒီ့ထက်ပိုအဆင်ပြေမယ့်နည်းလမ်းတွေထည့်သွင်းဖို့ စဉ်းစားနေပေမယ့် အတောင်ပံတွေတပ်ဆင်စရာမလိုဘဲ ပျံသန်းနိုင်တာကတော့ အမှန်ပါပဲ” လို့ Richard ကိုယ်တိုင် ထပ်မံအတည်ပြုခဲ့ပါတယ်။

ဒီဝတ်စုံကို တရားဝင်ဝတ်ဆင်ပြပြီးချိန်မှာတော့ London က လူတိုင်းစိတ်ဝင်စားနေကြပြီး ဝယ်ယူမယ်ဆိုရင် ဝတ်ဆင်နည်းတွေပါအသေးစိတ်ထပ်မံသင်ကြားရမှာဖြစ်ပါတယ်။ အရမ်းသက်တောင့်သက်သာရှိပြီး၊ မဆူညံဘဲ အလိုက်သင့်လေး ပျံသန်းနေရသလိုခံစားရမှာနော်လို့ ဒီ ဝတ်စုံကို တီထွင်ဖန်တီးခဲ့သူ Richard က ဆွဲဆောင်လိုက်ပါသေးတယ်။

ကားတစ်စီးထက်တောင်တန်ဖိုးကြီးနေတဲ့ ဒီဝတ်စုံဟာ Super Hero ဇာတ်ကောင်တွေအတွက်တော့ တကယ့်အိပ်မက်တွေလက်တွေ့ဖြစ်လာတဲ့ တီထွင်မှုလို့ဆိုရမှာပါပဲ။

EiEiKhineMinn (Akhayar)

Source: REUTERS