[Zawgyi]






ကျော်စိုးအောင် (အခရာ)

www.akhayar.com 

[Unicode]

ရုံးသုံးကျောင်းသုံးပစ္စည်းတွေကို ဈေးနှုန်းတစ်ဝက်သက်သာအောင် ဘယ်မှာဝယ်မလဲ

ရုံးသုံးကျောင်းသုံးပစ္စည်းတွေဆိုတာ မိသားစုတိုင်းမှာ လိုအပ်သလို အိမ်သုံးပစ္စည်းဆိုတာကလည်း မရှိမဖြစ်ပစ္စည်းတွေပါပဲ။ ညားခါစ ဇနီးမောင်နှံတွေဆိုရင် အိမ်သုံးပစ္စည်းဝယ်ရတာနဲ့ကို မထောင်းသာပါဘူး။ ပိုက်ဆံချွေတာချင်လို့ အရည်အသွေးမပြည့်မီတဲ့ပစ္စည်းတွေကို ဝယ်မိရင်လည်း ကြာရှည်မခံတော့ ‘မိအေး နှစ်ခါနာ’ ဖြစ်ရတတ်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ အိမ်သုံးပစ္စည်းတွေမှာ ဈေးနှုန်းကြီးတတ်လို့ ချွေတာချင်တဲ့သူတွေက လက်တွန့်တတ်ပါတယ်။

ဝန်ထမ်းတွေအနေနဲ့ ရုံးတက်တဲ့အခါ အပူဓာတ်ကို ထိန်းသိမ်းနိုင်တဲ့ ထမင်းဘူးတွေနဲ့ဆို ချက်ထားခါစ ထမင်းဟင်းလိုပဲ စားရမြိန်စေပါတယ်။ ပြီးတော့ အပူဓာတ်ကို ထိန်းသိမ်းနိုင်တဲ့ ကော်ဖီဘူးလေးကို ရုံးကို သယ်ဆောင်သွားမယ်ဆိုရင် ကော်ဖီရနံ့သင်းပျံ့ ပြီး အိမ်ဖျော်အရသာလေး ခံစားရမှာပါ။ ကျောင်းသားတွေအနေနဲ့ ပေါ့ပါးခိုင်ခံ့ပြီး အပူဓာတ်ထိန်းသိမ်းနိုင်တဲ့ ထမင်းဘူးလေးနဲ့ဆို သူငယ်ချင်းတွေကြားမှာ ဝံ့ကြွားနိုင်ပြီပေါ့။

အရည်အသွေးလည်း ပြည့်မီသလို ဈေးနှုန်းလည်း ချိုသာတဲ့ ရုံးသုံးကျောင်းသုံးနဲ့ အိမ်သုံးပစ္စည်းတွေကို ရောင်းချပေးနေတဲ့ Lock & Lock Myanmar တော့ ရှိပါသေးတယ်။ Lock & Lock Myanmar ဟာ (၆) နှစ်ပြည့်အထိမ်းအမှတ်နဲ့ ထုတ်ကုန်တွေကို (၅ဝ) ရာခိုင်နှုန်းအထိ လျော့ဈေးနဲ့ ရောင်းချပေးမှာဆိုတော့ အချိုပေါ် သကာဆင့်ဆိုသလိုပါပဲ။

Lock & Lock Myanmar ရဲ့ မီးဖိုချောင်သုံးနဲ့ အိမ်သုံးပစ္စည်းတွေကို ဒီဇင်ဘာလ (၁) ရက်နဲ့ (၂) ရက်နေ့မှာ လျော့ဈေးတွေနဲ့ ရောင်းချပေးသွားမှာပါ။ Lock & Lock Myanmar ဆိုင်ခွဲတွေအထဲကမှ City Mall (St. John) မှာရှိတဲ့ Promotion Area မှာ သွားရောက်ဝယ်ယူရမှာပဲဖြစ်ပါတယ်။ Lock & Lock Myanmar ဟာ မီးဖိုချောင်သုံးနဲ့ အိမ်သုံးပစ္စည်း (၆ဝဝ) ကျော် ထုတ်လုပ်ဖြန့်ချိနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ရုံးသုံး၊ ကျောင်းသုံးနဲ့ အိမ်သုံးပစ္စည်းတွေကို လျော့ဈေးနဲ့ ရောင်းချမှာက (၂) ရက်ပဲ ကြာမြင့်မှာဆိုတော့ အမြန်ပြေးဝယ်ဖို့ လိုပါတယ်။ City Mall (St. John) ရဲ့ Promotion Area ကိုနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com