[Zawgyi]

ရွိရင္းစြဲအသက္ထက္ ပုိႏုပ်ိဳေနၾကတဲ့ အႏုပညာေလာကရဲ႕ ဆယ္လီအပ်ိဳၾကီးမမမ်ား

အႏုပညာေလာကမွာ ေရရွည္ရပ္တည္ႏုိင္ဖုိ႕ဆုိတာ အႏုပညာအရည္ေသြး၊ပါရမီ အျပင္ ရုပ္ရည္နဲ႕ အမူအက်င့္ေလးေတြကလည္း တစ္စိတ္တစ္ေဒသ သက္ဆုိင္ေနတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ အိမ္ေထာင္မျပဳေသးဘဲ လွလွပပဖက္ရွင္က်က် ၀တ္ဆင္ရင္း ဒီေန႕ေခတ္ေမာ္ဒယ္မင္းသမီးေတြနဲ႕အျပဳိင္ႏုပ်ဳိလန္းဆန္းေနတဲ့သူေတြက ဘယ္သူမ်ားလဲ ပရိသတ္ၾကီး သတိထားမိရဲ႕လား ။ ႏုိင္ငံေက်ာ္မင္းသမီးေတြျဖစ္တဲ့ ပရိသတ္အခ်စ္ေတာ္ ၀တ္မႈန္ေရႊရည္၊ ေဖြးေဖြး ၊သင္ဇာ၀င့္ေက်ာ္၊ ေအးျမတ္သူ၊ ခင္ေလးႏြယ္၊ နန္းဆုရတီစုိး စတဲ့ ဆယ္လီမမေတြလုိ႕ပဲ ေျပာရမွာပါ။ လက္ရွိအခ်ိန္ထိ သူတုိ႕ရဲ႕ဖက္ရွင္နဲ႕ စန္း ေၾကာင့္ ပရိသတ္ခ်စ္ခင္အားေပးမႈေတြရရွိေနျပီး ရွိရင္းစြဲအသက္ထက္ကုိ ပုိႏုပ်ိဳေနတာကေတာ့ ျငင္းမရတဲ့အခ်က္ပါပဲ။

ကစ္လုိ႕ ပရိသတ္ေတြခ်စ္စႏုိးေခၚၾကတဲ့ အကယ္ဒမီ ၀တ္မႈန္ေရႊရည္ ဟာ မၾကာေသးမီကမွ အသက္(၃၀)ျပည့္ထားေပမယ့္ ကေလးဆန္ဆန္မ်က္ႏွာေလးနဲ႕အတူ သူမရဲ႕၀တ္စားဆင္ယင္မႈ၊အမူအက်င့္ေလးေတြေၾကာင့္ ဆယ္ေက်ာ္သက္ေကာင္မေလးတစ္ေယာက္လုိပါပဲ။

ကစ္နဲ႕ ညီအစ္မတစ္၀မ္းကြဲေတာ္တဲ့ ပရိသတ္အခ်စ္ေတာ္အကယ္ဒမီ ေဖြးေဖြးကလည္းသူမရဲ႕ ပြင့္လင္းျပီး ဟန္ေဆာင္မႈကင္းတဲ့ အမူအရာေလးေတြနဲ႕ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးေၾကာင့္ အသက္(၃၀)လုိ႕ကုိ မထင္ရေလာက္ေအာင္ပါပဲေနာ္။

သင္ဇာ၀င့္ေက်ာ္ ကေတာ့ ဖက္ရွင္နဲ႕ ပတ္သက္ရင္ အျမဲတမ္း ခပ္ေဟာ့ေဟာ့ေလး ၀တ္ဆင္တတ္တဲ့မင္းသမီးတစ္လက္ပါ။ သူမ၀တ္ဆင္သမွ်၀တ္စုံတုိင္းက ပရိသတ္မ်က္စိက်စရာျဖစ္ေနတတ္ျပီး အျမဲတမ္းသြက္လက္လန္းဆန္းေနတဲ့ ဆယ္လီတစ္ေယာက္ဆုိလည္းမမွားပါဘူး။

ျမတ္ေလး လုိ႕ ခ်စ္စႏုိးေခၚခံရတဲ့ ပါးခ်ဳိင့္မင္းသမီးေလး ေအးျမတ္သူကေတာ့ ေမာ္ဒယ္ေလာကနဲ႕ စေပၚခါစမွာ ဆက္စီက်က် အ၀တ္အစားေလးေတြ၀တ္ခဲ့ေပမယ့္ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚအခုိင္အမာရရွိလာျပီးေနာက္မွာေတာ့ ျမန္မာ၀တ္စုံေလးေတြ၀တ္ရင္း ပရိသတ္ေတြရဲ႕အခ်စ္ေတြပုိရလာခဲ့ပါတယ္။

လီဆူးတုိင္းရင္းသူေလးလုိ႕ ပရိသတ္ေတြသိၾကတဲ့ ဆယ္လီမမ ခင္ေလးႏြယ္ကေတာ့ ေမာ္ဒယ္ဘ၀နဲ႕ အနုပညာေလာကထဲ စ၀င္ကထဲက အေနေအးျပီး စကားေျပာရင္ အသံ၀ဲ၀ဲေလးေၾကာင့္လည္း လက္ရွိအခ်ိန္ထိ လူၾကိဳက္မ်ားေနဆဲမင္းသမီးတစ္လက္ျဖစ္ပါတယ္။ သူမရဲ ႕ရုိးရွင္းတဲ့မ်က္ႏွာေလးကေတာ့ အသက္(၃၀)ေက်ာ္လုိ႕မထင္ရေလာက္ေအာင္ ႏုပ်ိဳေနဆဲပါ။

ပရိသတ္အခ်စ္ေတာ္ နန္းဆုရတီစုိးကေတာ့ ဖက္ရွင္ဆန္းဆန္းျပားျပားေလးေတြကုိ ခ်စ္စရာေကာင္းေအာင္၀တ္ဆင္တတ္ျပီး အရြယ္နဲ႕မလုိက္ေအာင္ ႏုပ်ိဳသြက္လက္သူျဖစ္ပါတယ္။ သူမရဲ႕ ႏုပ်ိဳမႈေတြကုိ ခ်စ္သူျဖစ္တဲ့ အဆုိေတာ္ ဂ်ီဖတ္ကေတာင္ “မမ”ဆုိတဲ့ သီခ်င္းေလးထဲ ထည့္ဆိုရတဲ့အထိပါပဲ။

Photos Credit – Wutt Hmone Shweyi, Phway,Thinzar WintKyaw,Aye MyatThu, Khinlay Nwe, Nansu Yati Soe, AmazingGrace

Stella(Akhayar)

www.akhayar.com

[Unicode]

ရှိရင်းစွဲအသက်ထက် ပိုနုပျိုနေကြတဲ့ အနုပညာလောကရဲ့ ဆယ်လီအပျိုကြီးမမများ

အနုပညာလောကမှာ ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ အနုပညာအရည်သွေး၊ပါရမီ အပြင် ရုပ်ရည်နဲ့ အမူအကျင့်လေးတွေကလည်း တစ်စိတ်တစ်ဒေသ သက်ဆိုင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အိမ်ထောင်မပြုသေးဘဲ လှလှပပဖက်ရှင်ကျကျ ဝတ်ဆင်ရင်း ဒီနေ့ခေတ်မော်ဒယ်မင်းသမီးတွေနဲ့အပြိုင်နုပျိုလန်းဆန်းနေတဲ့သူတွေက ဘယ်သူများလဲ ပရိသတ်ကြီး သတိထားမိရဲ့လား ။ နိုင်ငံကျော်မင်းသမီးတွေဖြစ်တဲ့ ပရိသတ်အချစ်တော် ဝတ်မှုန်ရွှေရည်၊ ဖွေးဖွေး ၊သင်ဇာဝင့်ကျော်၊ အေးမြတ်သူ၊ ခင်လေးနွယ်၊ နန်းဆုရတီစိုး စတဲ့ ဆယ်လီမမတွေလို့ပဲ ပြောရမှာပါ။ လက်ရှိအချိန်ထိ သူတို့ရဲ့ဖက်ရှင်နဲ့ စန်း ကြောင့် ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိနေပြီး ရှိရင်းစွဲအသက်ထက်ကို ပိုနုပျိုနေတာကတော့ ငြင်းမရတဲ့အချက်ပါပဲ။

ကစ်လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည် ဟာ မကြာသေးမီကမှ အသက်(၃၀)ပြည့်ထားပေမယ့် ကလေးဆန်ဆန်မျက်နှာလေးနဲ့အတူ သူမရဲ့ဝတ်စားဆင်ယင်မှု၊အမူအကျင့်လေးတွေကြောင့် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လိုပါပဲ။

ကစ်နဲ့ ညီအစ်မတစ်ဝမ်းကွဲတော်တဲ့ ပရိသတ်အချစ်တော်အကယ်ဒမီ ဖွေးဖွေးကလည်းသူမရဲ့ ပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတဲ့ အမူအရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် အသက်(၃၀)လို့ကို မထင်ရလောက်အောင်ပါပဲနော်။

သင်ဇာဝင့်ကျော် ကတော့ ဖက်ရှင်နဲ့ ပတ်သက်ရင် အမြဲတမ်း ခပ်ဟော့ဟော့လေး ဝတ်ဆင်တတ်တဲ့မင်းသမီးတစ်လက်ပါ။ သူမဝတ်ဆင်သမျှဝတ်စုံတိုင်းက ပရိသတ်မျက်စိကျစရာဖြစ်နေတတ်ပြီး အမြဲတမ်းသွက်လက်လန်းဆန်းနေတဲ့ ဆယ်လီတစ်ယောက်ဆိုလည်းမမှားပါဘူး။

မြတ်လေး လို့ ချစ်စနိုးခေါ်ခံရတဲ့ ပါးချိုင့်မင်းသမီးလေး အေးမြတ်သူကတော့ မော်ဒယ်လောကနဲ့ စပေါ်ခါစမှာ ဆက်စီကျကျ အဝတ်အစားလေးတွေဝတ်ခဲ့ပေမယ့် အောင်မြင်မှုလမ်းကြောင်းပေါ်အခိုင်အမာရရှိလာပြီးနောက်မှာတော့ မြန်မာဝတ်စုံလေးတွေဝတ်ရင်း ပရိသတ်တွေရဲ့အချစ်တွေပိုရလာခဲ့ပါတယ်။

လီဆူးတိုင်းရင်းသူလေးလို့ ပရိသတ်တွေသိကြတဲ့ ဆယ်လီမမ ခင်လေးနွယ်ကတော့ မော်ဒယ်ဘဝနဲ့ အနုပညာလောကထဲ စဝင်ကထဲက အနေအေးပြီး စကားပြောရင် အသံဝဲ၀ဲလေးကြောင့်လည်း လက်ရှိအချိန်ထိ လူကြိုက်များနေဆဲမင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမရဲ့ရိုးရှင်းတဲ့မျက်နှာလေးကတော့ အသက်(၃၀)ကျော်လို့မထင်ရလောက်အောင် နုပျိုနေဆဲပါ။

ပရိသတ်အချစ်တော် နန်းဆုရတီစိုးကတော့ ဖက်ရှင်ဆန်းဆန်းပြားပြားလေးတွေကို ချစ်စရာကောင်းအောင်ဝတ်ဆင်တတ်ပြီး အရွယ်နဲ့မလိုက်အောင် နုပျိုသွက်လက်သူဖြစ်ပါတယ်။ သူမရဲ့ နုပျိုမှုတွေကို ချစ်သူဖြစ်တဲ့ အဆိုတော် ဂျီဖတ်ကတောင် မမ ဆိုတဲ့ သီချင်းလေးထဲ ထည့်ဆိုရတဲ့အထိပါပဲ။

Photos Credit – Wutt Hmone Shweyi, Phway,Thinzar WintKyaw,Aye MyatThu, Khinlay Nwe, Nansu Yati Soe, AmazingGrace

Stella(Akhayar)

www.akhayar.com